Skip to main content

ဘာဘူစောင်

မုံရွာက ချည်ပွ စောင်တွေကို ကျွန်တော်တို့က ဘာကူစောင် ခေါ်ခဲ့တာ။ ဘယ်ကလာတဲ့ ဝေါဟာရမှန်းလည်း မသိ၊ အသံထွက်မှန်လည်း ဘယ်လိုမှန်း မသိ ရမ်းထွက်ခဲ့တာပါ ဆရာ။

ဘာဘူ | ba2-bu2

ဘာဘူစောင် | ba2-bu2 soun2 - coarse cotton blanket (ˈblaŋ-kət 🔊).

ဘာဘူစောင် - သုံးရာသီ စောင်

စောင်ကြမ်း (ဘာဘူစောင်) လက်ကားစျေး 

ကျောင်းသား ထောင် တော်လှန်ရေး — ညမှာဆိုရင် အောက်က အခင်းမရှိတဲ့၊ ၄ လက်မလောက်မြင့်တဲ့ ပျဉ်ပြား ကွပ်ပျစ်ပေါ်မှာ အဲဒီ ဘာဘူစောင်လေးနဲ့ ကွေးရတာပဲ။ မနက် အိပ်ယာအစောကြီး ထရတယ်။ 

အခုတော့ ဂွမ်းကပ်စောင် တွေကလည်း မကပ်ကြတော့ဘူး။ ဘာဘူစောင်၊ တရုတ်စောင်တွေကိုပဲ အကောင်းလုပ်နေကြတယ်။ 

ဘာဘူစောင် ဘာမထီ ဘာလိုလို ဘာလိုလိုနှင့် ဘာလီ ဘာလီရည် ဘာဝ ဘာဝနာ ဘာဝနာဉာဏ် ဘာဝနာပွား 

ဘာဘူစောင်နဲ့ထုပ်ပြီး ဆေးရုံကို အမြန်ပို့တယ်။

အမေ့မှာက ဘာဘူစောင်. အဟောင်း အစုတ်ကြီးပဲ ရှိသည်။ 

The Beauty and the Ugliness အညာဒေသရဲ့ ဓလေ့တခု

၂၀၁၆ ခုနှစ် ဆောင်းဝင်စမှာရတဲ့ မက်ဆေ့ချ် -

အဝေးရောက်နေသောဆရာကို ပျော်ရွှင်စေချင်လို့ပြောပြချင်ပါတယ်ရှင်။ ကျမတို့ ကျောက်ပန်းတောင်းမြို့(ပုပ္ပားနှင့် ညောင်ဦးကြားတွင်ရှိသောမြို့) မှာ ယခုလို တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားစေတီများတွင်ရော အိမ်တွေမှာရောမယ်ဇလီဖူးသုပ်များ၊ သင်္ဘောသီးသုပ်များ ကျွေးမွေးကြပါတယ်။ အခြားမြို့များတွင်မရှိသော ချစ်စရာဓလေ့တခုမှာ လူငယ်လေးတွေကို အိမ်တိုင်း (မိမိနှစ်သက်သော) ကို မုန့်ဖိုးတောင်းခွင့်ပေးထားပြန်ပါတယ်။ သိသိမသိသိ ဘယ်အိမ်ကိုမဆို မုန့်ဖိုးတောင်းလို့ရပါတယ် ယခုပြန်မရနိုင်သော ပျော်ရွှင်ခဲ့ရသော ငယ်ဘဝများပါရှင်။ ကျမစာကိုဖတ်ကြည့်ရင်း ဆရာလည်း အတွေးပုံဖော်ရင်း ပျော်ရွှင်ပါစေရှင်။ အမှားပါရင် ခွင့်လွှတ်ပါရှင်။ ဆရာ ကျန်းမာပါစေရှင့်။

ဆရာတို့အရပ်မှာတော့ သီတင်းကျွတ်မှာသာ မုန့်ဖိုးတောင်းကြတယ်။ မန္တလေးက တန်ဆောင်မုန်းလပြည့်မှာ ဆီးဖြူသီးနဲ့ ငပိကြော်ဝေကြတယ်။ ဆရာငယ်ငယ်က မုံရွာမှာ ပံသုကူ စောင်လှူတာ ကိုယ်တိုင်မြင်ခဲ့ဘူးတယ်။ ဘာဘူစောင်လို့ ခေါ်တယ်။ ရာသီဥတုက အေးလာပြီကိုး။ မုံရွာမှာ ချည်ထည်၊ ဂွမ်းစောင်၊ ပုဆိုး၊ ရက်ကန်းလုပ်ငန်းတွေပေါတယ်။

တန်ဆောင်မုန်းလပြည့်တခုမှာ ပုဂံ-ညောင်ဦး-ပုပ္ပါးသွားရင်း ကျောက်ပန်းတောင်းကို ဖြတ်ခဲ့ဘူးတယ်။ စာရေးတဲ့သူတောင် မွေးမှာမဟုတ်သေးပါ။ နောက်လည်း ရန်ကုန်ကနေ ကားနဲ့အပြန်ဖြတ်ရဘူးပါတယ်။ မြေပြင်ပြန့်ပြီး မြေနီတာ၊ ထန်းပင်တွေ ပေါတာ၊ သာယာတာ၊ အေးချမ်းတာကို မမေ့ပါ။ ပြန်ရောက်ချင်မိတယ်။

ဒေါက်တာတင့်ဆွေ

Comments