Skip to main content

One Sided Stories Are Dangerous တဖက်နား

သတင်း = နိုင်ငံရေးပြဿနာကို တွေ့ဆုံညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းမယ်လို့ RCSS ပြော

ဒီသတင်းနဲ့ဆက်ပြီး ထုတ်ဖေါ်ရေးသားလိုတာတခုကို ရေးပါမယ်။

နိုင်ငံရေးစကားပြောရတာ တခါတခါ အားနာလို့ ထုတ်မပြော ထုတ်မရေးတာမျိုးရှိပါတယ်။ တိုင်းပြည် သို့မဟုတ် အသင်းအဖွဲ့တခုမှာ တာဝန်ကြီးကြီး ယူထားရသူတွေက သေတပန်သက်တဆုံး ထုတ်ဖေါ်ခြင်းမပြုတာလည်း တိုင်းပြည်တိုင်း၊ ခေတ်ကာလတိုင်းမှာ ရှိတယ်။

ကျွန်တော်က အဲလောက်ထိမကြီးကျယ်ပေမဲ့ ပြည်ပမှာ မြန်မာ့ဒီမိုကရေစီရေးကို ၁၉၉၀ အကုန်ကနေ စလုပ်ခဲ့သူတွေထဲက တယောက်ဖြစ်ပါတယ်။ တာဝန်အရလည်း အတန်အသင့် ကြီးတယ်။ ကျွန်တော်ဟာ NCGUB ခေါ် အမျိုးသားညွန့်ပေါင်းအစိုးရ စတင်သန္ဓေတည်ချိန် ၁၉၉၀ ခုနှစ် နှစ်လယ်ကနေ ၁၄-၉-၂၀၁၂ နေ့မှာ ကိုယ်တိုင် တရားဝင်ဖျက်သိမ်းတဲ့အထိ တာဝန်ယူခဲ့သူတွေ နည်းနည်းထဲက တယောက် ဖြစ်တယ်။

အခုလပိုင်းတွေမှာ ပြောနေကြတယ်။ 

- ဗမာတွေက ဘလာဘလာဘလာ။ 

- တိုင်းရင်းသားတွေက မကျေနပ် ဘလာဘလာဘလာ။

- NCGUB အစိုးရက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တိုးချဲ့ဖွဲ့စည်းရေးလုပ်ဘို့ ပျက်ကွက်ခဲ့လို့ ပိုပြီးသံသယကြီးသလိုလို ပြောတာတွေကြားရတယ်။

အသေးစိတ် မရေးလိုပါ။ သတင်းနဲ့ဆိုင်တဲ့အချက်တခုတည်းသာ တင်ပြပါမယ်။ ခုနှစ်တွေ၊ လူအမည်တွေနဲ့ နေရာဒေသတွေ အတိအကျ မထည့်တော့ပါ။

NCGUB အစိုးရကို တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒီမိုကရေစီအင်အားစုခေါင်းဆောင်တွေနဲ့ တိုးချဲ့ဖွဲ့စည်းရေးအတွက် တာဝန်တွေခွဲပြီး သွားတွေ့ကြပါတယ်။ အစိုးရ ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းရေးမှာ ပါဝင်ဖို့ သဘောထားပေးပါရန် တင်ပြကြပါတယ်။ ကျွန်တော်နဲ့ ၃ ယောက်အဖွဲ့က SSA (South) ခေါင်းဆောင်နဲ့ တွေ့ဖို့ တာဝန်ကျပါတယ်။ သတင်းထဲက ခေါင်းဆောင်နဲ့ ( - ) နိုင်ငံ၊ ( -) မြို့မှာတွေ့ကြတယ်။ သူက စကားပြန်နဲ့ ပြောပါတယ်။ အချုပ်ကတော့ -

“ကျွန်တော်တို့သာ ဆက်လက်ဆောင်ရွက်ကြပါ။ သူ့အနေနဲ့ ပါဝင်နိုင်ခြင်းသေးမရှိပါ။ ထောက်ခံပါတယ်။” 

တခြားအဖွဲ့တွေကရတဲ့ အဖြေကလည်း ခပ်ဆင်ဆင်သာဖြစ်တယ်။ ပါဝင်နိုင်ပါတယ်ဆိုတဲ့ အဖွဲလည်း နည်းနည်းရှိပါတယ်။ ပါနိုင်သူလောက်နဲ့သာ တိုးချဲ့ခြင်း မပြုနိုင်ခဲ့ပါ။

သမိုင်းနောက်ခံ

ပြည်တွင်းမှာ NLD နဲ့ UNLD ပူးတွဲ ဗိုလ်အောင်ကျာ်လမ်းကြေငြာချက်နောက် လပိုင်းမကြာခင်၊ လွတ်မြောက်နယ်မြေမှာ သမိုင်းဝင် မာနယ်ပလောစာချုပ် စတာတွေ အဆင့်ဆင့် သဘောတူချုပ် ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်သားအင်အားစုတွေကြား သဘောတူညီချက်တွေ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ပြည်ထောင်စုတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) တို့ ၂၃-၈-၁၉၉၀ ရက်မှာ ဗိုလ်အောင်ကျော်လမ်းကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်။

လပိုင်းအတွင်းမှာ ဖမ်းဆီးထိန်းသိမ်း၊ ထောင်ချခြင်းမခံရသူတွေက လွတ်မြောက်နယ်မြေကို ရောက်လာကြပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် ဆောင်ရွက်ခဲ့ကြပါတယ်။

- ၁၉၉၂ မာနယ်ပလော ညီလာခံ၊ 

- ၁၉၉၇ မယ်သရောထာ ညီလာခံ၊ 

- ၁၉၉၈ သုမွဲကလော ညီလာခံ၊ 

- ၂၀၁၃ လိုင်ဇာ ညီလာခံနဲ့

- ၂၀၁၄ လော်ခီးလာ ညီလာခံတွေမှာ ဘုံသဘောတူညီချက်တွေ အခိုင်အမာရရှိခဲ့ကြတယ်။

- The Constitution of the Federal Republic of the Union of Burma (FCDCC) ရေးဆွဲရာမှာ MPU ပြည်ပရောက် ၁၉၉၀ အမတ်တွေအကုန် အစအဆုံးပါဝင်ခဲ့ကြပါတယ်။ ကျွန်တော်တို့က အခုထိလည်း ဒီ မူ၊ ပဋိညာဉ်နဲ့ ဖွဲစည်းပုံကို အလေးထားကြပါတယ်။ 

- ကျွန်တော်တို့ MPU/NCGUB ဆိုတာ ဗမာလို့ အခေါ်ခံရသူတွေသာ မဟုတ်ပါ။ NLD သာလည်း မဟုတ်ပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကိုယ်စားပြုကြသူတွေ ဖြစ်ပါတယ်။

တင်ပြချက် -

လက်ခုတ်တီးတောင်းတဲ့ အပြောမျိုးတွေ၊ မောင်ဖြူတွေ သဘောကျအောင် မောင်မည်းတွေကို သာသာနဲ့ နာနာဆော်တဲ့ အပြောမျိုးတွေကို တခုချင်းစီ ပြန်မရေးလိုပါ။

မြန်မာလိုရော အင်္ဂလိပ်လိုပါ သမိုင်းကို သမိုင်းလိုရေးတာက ရှားတော့ သူတို့ပြောတာ ဟုတ်သလိုလို မထင်ကြစေလိုပါ။ အင်္ဂလိပ်လိုပါ ရှားတော့ လူဖြူတွေကလည်း တဖက်နား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ