Skip to main content

လယ်တီဆရာတော်ကြီး၏ သံဝေဂလေးချိုးကြီး

၁။ မိုက်မလင်းနိုင်လို့  မြိုက်ခင်းညာဆီမှာ
ခါတော်မီ သီမဝေ့နိုင်ဘု
ဒီကွေ့တွင် နေ့ကုန်မျောပြန်ရ
အတောဘယ်မသတ်နိုင်တဲ့  ရဟတ်ဗွေ။
၂။ ငါးရပ်ကယ် စုံညီ ဒုလ္လဘီငယ် ကြုံမီ ခုခေတ်
မြန်ခင်းဇမ္ဗူမှန်ကင်းငယ် ထူ
လူ့ထက်လူ ဖြစ်ပါလျက် အနှစ်ကယ် မနွယ်
အကာတောမှာ ဗျာမောကျယ်လို့
အကယ်ယောင်ယောင်  အမြင်မဖြောင့်
အဉာဉ်ထောင့်  မှောင့်ထက် မှောင်
သန်းကောင်လမိုက်  မိုးတိမ်မြှေးတဲ့
မီးသွေးတိုက်မှာ အလိုက်ကယ်ဘာသာ
အမြင်မငွေ့ အထင်ရွေ့နှင့်သာ
အလေ့ရှာလျက် အခါ နာရီ ရွေ့ရွေ့ငယ်ချီ
တိထီ ဆန်း,ဆုတ် ရတု အစဉ် လုလု ငယ်နှင့်
အတွင်ချုပ်လို့ သုတ်သုတ်ကယ် ရက်ရေ
ဇရာလက်မှာ အသက်သာ ကြွေတော့တယ်
အသေသတ် လက်မရွံ့ကို
အသက်ခွန် ပဏ္ဏာသွင်းရန်ဖို့
ထမင်း အစာစုံနှင့် ခန္ဓာရုံမြုံပြတီးဆီက
အငြီးဖြေကာ စောင့်ရှာကြ
စိုးနှောင့် သင်္ချေ။ ။
၃။ သို့ပါမူလဲ
ပူနွယ် ဆွေးနွယ် အရေးကျယ်တွေကို
အေးဖွယ်ထင်မှတ်၊ 
အစမမြင် ဘဝလျဉ် အစဉ်ငတ်ဟာမို့
မသတ်ကယ် အာသာ၊
အာရုံဓမ္မ ပြာပုံမွမှာ  ရသရှာလျက်
ငါ တလူလူ ပမာမူ ရွာသူတို့ ဝက်
အစာများထူ အသားလူ
ဆူလေလေ ခက်ပါလျက် ရမက်ကယ် မာန်ဝင်
သူ့အသင်းမှာ သူမင်းပဲ ထင်လိုက်လို့
ရွှင်နိုင်သမျှ ဝက်သဏ္ဌာန်လို
အချက်မှန် ပေါ်မလင်းစေဖို့
ဖေါ်သင်းရွှေ မိတ်သင် ယှက်သည့်ပြင်
ခင်မက်ဖွယ် အရံဆုံပ၊(အရန်)
မာန်တဂုဏ် ဟန်ပုံနှင့် ဖုံးရှာကြ
ရှုံးပလေ ထုံးမြေပြာစု မိတ်တွေမို့။
၄။ ငါ တလုံးနယ် အနှုံးငယ် ကျယ်သည်
သုံးသွယ်မြုံသိုက် ဘုံတလှိုက်မှာ
တုန်ရိုက်ကယ် ဆူညံ
မြူမချန် ပူလျှံတောက်ညီး
အမြဲတစေ မစဲခြွေ အသေမီးတဲ့
အပြီးငယ်ကုန်စင် ဘုံတခွင်ကို
အတွင်လောင်မြိုက် အပြောင်တိုက်လို့
အမိုက်ကယ် ဝဋ်နွယ်
အဖြစ်မစဲ သစ်သစ်လဲ သဲသဲကြွယ်လည်း
အကယ်မလောက် သူကသာမောက်တော့
နောက်နောက်ကမ္ဘာ ဖန်ဖန်လာလဲ
အစာသူ့တွင် တခုသာဝင်ကြရ
သင်္ခတ ရုပ်နာမ်ငယ်
အဟုတ်ဉာဏ် မတင်စီးနိုင်ရ
သည်မီးတာ ဘယ်တကိန်းမှာမှ
ငြိမ်းပါ့မယ်လို့။။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ