Skip to main content

သတ်ပုံ နမူနာများ

ကလေးကို သန်ချဆေးတိုက်နေစဉ် လူကြီးကို သံစူးသည်။

ကျားလာသဖြင့် အလန့်တကြားဖြစ်ကုန်သည်။

ကျာပွတ်နှင့်ကစားနေတာ ကြာပြီ။

ချင်းအမျိုးသားအသီချင်းဆိုခြင်းနဲ့ အဆုံးသတ်မည်။

စည်းနဲ့ဝါး မေ့နေသဖြင့် ကားတစီးနဲ့ ပြန်ယူရသည်။

စပါးပုတ်အနီးမှာ ပဲပုပ်တောင်းထားသည်။

စားနေကျဆိုင်ကို သွားစားကြမယ်။

ဆာနေသလား အစားအစာတွေ ရှိပါသည်။

ဇာတ်စင်သည် ဆင်လောက်မြင့်၏။

တန်းတူရည်တူရှိကြောင်း မှတ်တမ်းတင်ပါ။

ပင်လယ်ကမ်းစပ်များတွင် တနေ့လျှင် တချို့နေရာမှာ ၂ ခါ တချို့နေရာမှာ ၁ ခါ ဒီရေတက်တတ်သည်။

ပစ်ခတ်သူကို အပြစ်ပေးရမည်။

ပပ်ကြာက် ပတ်ပတ်လည်မှာ မြက်ပေါက်နေသည်။

ပွဲတက်ဝတ်စုံကို ကျကျနနဝတ်တတ်ရဲ့လား။

ပျံထွက်သွားတဲ့ငှက်တွေ ပြန်လာပြီ။

ပျားတုပ်ခံရတဲ့နေရာ အခုတော့ ပြားချပ်သွားပါပြီ။

ပျိုမြစ်တဲ့အရွယ်မှာ ရည်ရွယ်ချက်တွေ ပြိုလဲမသွားစေနဲ့။

ကြိုးစားပမ်းစားလုပ်ရသဖြင့် ပင်ပန်းသွားပြီ။

မကျန်းမာသူသည် ကြမ်းပေါ်မှာအိပ်နေ၏။

မိခင်သည် စာဖတ်နေရင်း ကလေးကို ဖက်ထားသည်။

မိုးမစဲသေး ဆဲရေးသံကြားရတာ မကောင်းပါ

မှိုင်းစွဲနေသည့်မှန်အိမ်ကို ဆွဲလာခဲ့သည်။

ယက်ကန်ယက်ကန်ဖြစ်နေတာ ရက်တွေမကြာသေးပါ။

ခြူလုံးဆွဲထားသည့်နွားအနီးမှာ သစ်သီချူနေသည်။

ပြန့်ပြောတဲ့အခင်းပေါ်မှာ ပျံ့မွှေးတဲ့ပန်းတွေ ချထားသည်။

ရံဖန်ရံခါ ရန်သူလာတတ်သည်။

လက်ဖက်ရည်ချိုဆိမ့်ပန်းကန်က ယိုစိမ့်နေသည်။

လဲလှယ်တဲ့အလုပ်ကိုလည်း လုပ်ကိုင်သည်။

ဝါးကျည်တောက်ထဲမှာ ရေကြည်ထည့်ပါ။

သစ်ပင် တက်တတ်သလား။

ဟင်းချိုကို ဆားခတ်ပြီးပြီ ဇွန်းနဲ့ခပ်သောက်ရတာ မခက်ခဲပါ။

အကူအညီမလာမီ တိုင်ကိုမှီနေရတော့သည်။

အခမ်းအနာပြီးလျှင် ဟင်းအိုးလည်း ရေခန်းမည်။

အစဉ်သဖြင့် အဆင်ပြေပါစေသတည်း။

အမျက်ထွက်နေတာကို မျက်စိနဲ့ သိပါသည်။

အမျိုးတွေလာတုန်း မြိုးမြိုးမြက်မြက် ချက်စားကြမည်။

အသားပပ်နေသဖြင့် ဆေးတပတ်လိမ်းရသည်။

အာထွာဆောင်းကို ကိုယ်တစောင်း ရိုက်ရသည်။

အိပ်ရာက စောစောထပြီး ယာခင်းသို့သွားမည်။

အိမ်ထဲမှာ တယောက်တည်းနေသည်။

အကြွေးယူသူကို ထမင်းပါကျွေးလိုက်ရ၏။

အပြေးသန်သူကို သံကြိုးစာပို့ခိုင်းပါ။

ကော်နဲ့ကပ်ပြီးလျှင် ကတ်ကြေးနဲ့ ဖြတ်ပါ။

ကျေးဇူးမသိတတ်သူတဦး ကြေးမုံသတင်းစာဖတ်နေသည်။

ဆေးစွဲနေသူကို ရဲကဆွဲသွားပြီ။

ဆောင်းရာသီတွင် အိမ်ဇောင်းထဲမှာ စောင်းတီးနေသည်။

နေရောင်ခြည်ရအောင် ချည်လိုက်ကိုကို ဖွင့်လိုက်ပါ။

ဖျော်ရည်သောက်ပြီး ရီဝေနေသည်။

ကြွေးမြီ ဆပ်ရဦးမည်။

မောင်ဘ စာအံနေစဉ်မှာ မောင်လှ အန်နေသည်။

မျောတိုင်ပိ၍ မေ့မြောနေသည်။

ပြောင်းဖူးပင်တွေ ပျောင်းညွတ်နေသည်။

ရေပုံးနားမှာ ပုန်းကွယ်နေသည်။

ရောဂါဆိုးသွားမှာကို စိုးရိမ်မိသည်။

ရေမွှေးဆွတ်ပြီးလျှင် လက်စွပ်ဝတ်ပါ။ အပြင်မှာ စွတ်စိုနေသည်။

အေးလျှင် စောင်တထည် ဆောင်ထားပါ။

နှင်းဆီပန်းက ဆူးစူးတတ်သည်။

နှလုံးရောဂါဆေး နှစ်လုံးသောက်ပါ။

နှီးဖျာပေါ်မှာထိုင်လျက် ကိုးဖြာကျေးဇူး ဂုဏ်အထူးအကြောင်းပြောပြနေသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ