Skip to main content

ရိုးတလျှောက် ခွန်းတောက်

ပ​တ္တမြား​ရောင် ဖားက​ပေါင် သံလွင်လွင်နဲ့​ ရွှေညံပင်ရှုပ်မရှင်းတယ် အဓိပ္ပါယ်ကိုရှင်းပြပါဆရာ။
ရိုးတလျှောက်ခွန်းထောက်ကို ဦးကြီးရေးတာလို့ ထင်ရှားပေမဲ့ တချို့က အမည်မသိရှေးစာဆိုလို့ ဆိုပါတယ်။
ကိုးကားကြတာတွေ၊ ပြန်ထုတ်တွေ၊ ကျောင်းသုံးပုံနှိပ်တာတွေနဲ့ အွန်လိုင်းမှာတင်တာတွေက စာလုံးပေါင်းသတ်ပုံ မှန်တာ ရှားတယ်။
ရိုးတလျှောက်
ဖြိုးမောက်ပါတဲ့ လယ်ပတူ။
အရွက်ချွန်း ကန်စွန်း ပုစွန်စာနှင့်
လွန်တရာ ကညို့ပေါတယ်
တောဖြစ်လို ထူ။
မှိုနတို ငွေရောင်ပျော့ငယ်နှင့်
ရွှေကနဖော့ ကြာရိုးဖြူ
ချိုးယူလို့ မကုန်ခန်း။
ပတ္တမြားရောင်
ဖားကပေါင် သံလွင်လွင်နှင့်
ရွှေညံပင် ရှုပ်မရှင်းတယ်
ကွင်းပြည့်ကမန်း။ ။ (ဦးကြီး) 
ခွန်းတောက်ကို ၄ တန်းမှာလည်း သင်သတဲ့။ ကျောင်းသုံးစာအုပ်ဆိုပြီးတင်ကြတာ မူရင်းကဗျာအတိုင်း မှန်တာရယ်လို့ မတွေ့ပါ။ မူရင်းကဗျာပါ စာလုံးပေါင်းသတ်ပုံတွေကို မှားအောင်ပြင်ထားကြတယ်။ မလုပ်ရပါ။ နိုင်ငံတော်ကြီးက ကျောင်းသားတွေကို အမှားသင်ပေးနေတာဖြစ်တယ်။ 
ကျောင်းပြဋ္ဌာန်းစာအုပ်မှာ ကညှို့လို့ ရေးထားတယ်။ ဟထိုးပါနေတယ်။ ကညို့ကသာ မှန်ပါမယ်။ 
ရိုးတလျှောက် ကို ရိုး(တစ်)လျှောက် မှားရေးထားတယ်။
လွန်တရာကို လွန်(တစ်)ရာ မှားရေးထားတယ်။
အဲဒါမျိုးတွေကိုသာသင်ယူရတဲ့ ကလေးတွေက အခု ဆရာကြီးဆရာမကြီးတွေ လုပ်နေကြလို့ စာကိုမှန်အောင်မရေးတတ်ကြပါ။ 
- တချို့က စာရေးဆရာတဲ့။ 
- တချို့က ကဗျာဆရာတဲ့။ 
- တချို့က နည်းပညာဆရာတဲ့။ 
- တချို့က ဒီဇိုင်းဆရာတဲ့။ 
- တချို့က မြန်မာစာဆရာတဲ့။
မှားတဲ့သူကိုဆရာတင်တဲ့ အကျင့်စရိုက်လည်း ဖြစ်လာနေတယ်။ အရေအတွက်အင်မတန်များတယ်။ တိုင်းပြည် နာတယ်။
ကညို့ဆိုတာ လယ်ကွင်းမှာပေါက်လေ့ရှိတဲ့ အတို့အမြှုပ်အဖြစ်စားရတဲ့ ရိုးတံနီ ပင်ငယ်တမျိုးဖြစ်တယ်။ ကညွတ်ဆိုတာက အက်စပါးရိဂတစ် ခေါ် အစို့အညှောက်ကို ချက်စားရတဲ့ အပင်ငယ်ငယ်တမျိုးဖြစ်တယ်။ 
သတ်ပုံမှန်ခေတ်ကအတိုင်း ရွှေသွေးဂျာနယ်များကနေတင်ထားတာ မှန်တယ်။
https://www.youtube.com/watch?v=BOtcneEi0UA
https://soundcloud.com/zawminooewnefs/mp3-1
ရိုးတလျှောက် ဖြိုးမောက်ပါတဲ့လယ်ဗဒူ (ခွန်းထောက်-ဦးကြီး) https://www.youtube.com/watch?v=BOtcneEi0UA
https://soundcloud.com/maungko/c5tuf02uqibg?in=thant-zin-ခွန်းထောက် - ရိုးတလျှောက် (ဦးကြီး) oo-457579042/sets/vw2so2kzbtfh
လယ်ပတူ = အသံထွက်လယ်ပဒူ။ ရေစပ်စပ်ရှိသော မြေကွက်များတွင် အလေ့ကျပေါက်လေ့ရှိသော တို့စရာအဖြစ် စားသုံးရသော ပင်နိမ့်တမျိုး။
မှတ်ရန် - ကဗျာ သီချင်းတွေကို ရွတ်ဆိုတဲ့အခါ အသံထွက်ကို ယူပါတယ်။
သီချင်းဆိုတတ်သူနဲ့ မဆိုတတ်သူ ကွာသေးတယ်။ ဝတ်ကောင်းစားလှတွေ၊ မိတ်ကပ်တွေ၊ ဆံပင်ရှည်တွေ၊ ဘောင်းဘီရှည်တွေနဲ့ဆိုကြလည်း မှန်အောင်ဆိုတတ်သူက ရှားတယ်။
ကစွန်း ကန်ဇွန်း ကန်စွန်း https://burmese-spelling.blogspot.com/2024/05/blog-post_799.html
ကညွတ် ကညို့ https://burmese-spelling.blogspot.com/2024/09/blog-post_596.html
ပုစွန်စာရွက် https://burmese-spelling.blogspot.com/2024/09/blog-post_852.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ