Skip to main content

Book Shelves စာအုပ်စင်များ အဆက်


ကွန်မင့်တခု = ကလေးဘဝက အိမ်မှာ ရှိပါတယ်။ အင်္ဂလိပ်လိုမတတ်တော့မဘတ်ပါ။ နောက်တော့ ကျနော်တို့အိမ်ကနေ အဝေးမှာပညာသွားသင်ကြတော့ အိမ်ကစာအုပ်တွေ ပျောက်ကုန်တယ်။ မိတ်ဆွေတွေ အမျိုးတွေ လာကြငှားကြ ဘတ်ကြပါသည်။ ကျွန်းသေတ္တာ တလုံးအပြည့်ရှိပါသည်။ အကိုက ဝယ်စုပါသည်။ သူ့သူငယ်ငယ်ချင်းတွေက စာဘတ်တာဝါသနာပါကြပါသည်။ ယခင်ကတက္ကသိုလ်ကျောင်းသားအများစုက စာဘတ်ကြသည်။ စာအုပ်အငှားဆိုင်များလည်းပေါကြသည်။ယခုစာအုပ်အငှားဆိုင်လုပ်ငန်း လုံးဝ ပျောက်သွားပြီ။ စာပေလိုက်စားမှုနည်းသွားသည်။ မဂ္ဂဇင်းလောက သေသွားသည်။ ဝတ္ထုလောက သေသွားသည်။ စာရေးဆရာတွေကဗျာဆရာတွေထွန်းကားမှု မရှိတော့ပါ။ဒီတော့စာပေအရေးအသား ညံ့လာပါသည်။ အမှားတွေရေးလာကြလာသည်။
ဟုတ်။
ဆရာ့အကိုကြီးက ငယ်ငယ်လေးကတည်းက စာအုပ်တွေစုတယ်။ ဖတ်လည်း ဖတ်တယ်။ ၁၀-၁၅ ပြားတန် ဘားမားစတားကာတွန်းကနေ ဝတ္ထု၊ မဂ္ဂဇင်း၊ ၊ ဗေဒင်၊ လက္ခဏာ အစုံဘဲ။ အားလုံး သတ်ပုံမှန်တွေနဲ့။ ထင်းရှူးသေတ္တာနဲ့ ၄ လုံးအပြည့်။ နောက်တော့ ရွာစာကြည့်တိုက်ကို လှူတယ်။ 
ကျွန်တော့မှာ ပုလဲနေစဉ်က စာအုပ်စင်ရှိတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်လို့ ထွက်မပြေးရခင် စာအုပ်စင်ကို ဖျက်ခဲ့ရတယ်။ အမှန်က ဖျောက်ခဲ့ရတာ။ နယူးဒေလီကိုရောက်တော့ ရုံးခန်းထဲက စာအုပ်စင်က ပိုကြီးတယ်။ အင်္ဂလိပ်စာအုပ်တွေလည်းပါတယ်။ ယူအက်စ်အေကို ပြောင်းရပြန်တော့ စာအုပ်စင်ကို ဖျက်ရပြန်ပါတယ်။ အင်္ဂလိပ်လိုစာအုပ်တချို့ကို မြန်မာပြည်က ဘုန်းတော်ကြီးတွေ ပညာသင်နေတဲ့ ဂေါ်သမ်ဗုဒ္ဓတက္ကသိုလ် စာကြည့်တိုက်ကို လှူလိုက်တယ်။ 
သားတယောက်က စာအုပ်တွေ အခုထိ စုဆောင်းတယ်။ အိမ်တွင်းစာကြည့်တိုက်ငယ်တခု ဖြစ်လာပြီ။ ဒီကို သယ်ပို့ရတော့ ပိုက်ဆံ အတော်ကုန်တယ်။ စာအုပ်ပုံး ၃-၄ ပုံး ပျောက်တယ်။ ထင်တာတော့ အလေးချိန်နဲ့ ငွေယူသူက အလေးချိန်လျှော့ပို့တာ ဖြစ်မယ်။ ကိုကုလားတွေပေါ့။
စာအုပ်ပြပွဲကနေ သက်သာတဲ့ဈေးနဲ့ရောင်းတဲ့ အင်ဆိုက်လိုပီးဒီးယား ဘရစ်တိနီးကား တစုံကို ရူးပီး ၃ သောင်းနဲ့ ဝယ်ထားတာကို ဒီကိုမလာခင် ပြည်တွင်းက ညီဆီပို့တယ်။ အရောက်ပို့ပေးသူကို ကျေးဇူးတင်တယ်။ တချို့ ဘက်ဆဲလားစာအုပ်တွေကို ဘာသာပြန်စာရေးဆရာ မောင်ရဲခိုင် (ကွယ်လွန်) ဆီ ပို့တယ်။
၂၀၁၈ အလည်ပြန်တော့ ရွာစာကြည့်တိုက်မှာ စာအုပ်တွေအကုန်ပြန်တွေ့တယ်။ စာအုပ်စင်တွေက ပင့်ကူမျှင်တွေ ဖုံတွေနဲ့။ နှမတယောက်ကို စာကြည့်တိုက် ပြင်အောင် ပိုက်ဆံနည်းနည်းပို့ဖြစ်တယ်။ လိုရင် ထပ်ပို့မှာ။ အခုတော့ ရွာတရွာလုံး မီးရှို့ခံရတယ်။
တခါရေးထားသေးတယ်။ တည်ဆောက်ရခြင်းထက် ဖျက်သိမ်းရခြင်းက ပိုခက်လေသလား။ စနစ်တကျ ဖျက်ရတယ်။
Mya Mya Aye 1990 ဆရာအိမ်ကထွက်ပြေးရတော့ထောက်လှမ်းရေးတွေအိမ်ကိုရောက်လာတိုင်းစာအုပ်စင်ကိုမွှေကြတယ်၊ဘာများကြံစည်ကြဦးမည်မသိ စိုးရိမ်မိတော့ စာအုပ်တွေတော်တော်များများကျမဖွက်ပါတယ်၊စိတ်ချရတဲ့မိတ်ဆွေကမြေကျင်းတူး သံစီပိုင်းကြီး၂ လုံးထဲ စာအုပ်တွေထည့် အပေါ်ကသံပြားပိတ် မြေဖို့၊ ၂၀၁၅  ပြန်ဖော်ကြည့်တော့ ဆွေးမြေ့ပျက်စီးနေတဲ့စာအုပ်တွေ တွေ့ရတော့မျက်ရည်ကျခဲ့တဲ့ကျမတို့မိတ်ဆွေ ။
What Books To Read ဘာစာတွေ ဖတ်မလဲ https://burmese-spelling.blogspot.com/2023/05/what-books-to-read.html
The Reader စာဖတ်သူ https://burmese-spelling.blogspot.com/2023/06/the-reader.html
Book Shelves စာအုပ်စင်များ https://dr-tint-swe.blogspot.com/2021/12/book-shelves.html
Books ခဲစာလုံးခေတ်နဲ့ ဖုန်းခေတ် https://dr-tint-swe.blogspot.com/2022/01/books.html
Ocean of books ကံကောင်းကြသူများ https://dr-tint-swe.blogspot.com/2022/05/ocean-of-books.html
Books ခေတ်က မကောင်းသေးဘူး https://dr-tint-swe.blogspot.com/2021/01/books.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ