Skip to main content

Burma Vs Myanmar အမည်သညာ ခေါ်စရာကား

သန်ကောင်ကျော်တော့ နှစ်ပတ်လည်ပို့စ်တွေ ပေါ်လာတယ်။ အမှန်က ရေးထားတာ ၁၀ နှစ်ရှိပြီ။

ကျွန်တော်တို့လူမျိုးက ညီတဲ့နေရာမှာ အင်မတန်ညီကြတယ်။ အမိန့်တော်မှန်သမျှ ကြိုက်ကြိုက်မကြိုက်ကြိုက်၊ မှန်မှန်မှားမှား လိုက်တာကြတယ်။ ဒီအလေ့အကျင့်ကို  ငြိမ်ဝပ်ပိပြားရေးခေတ်ကနေစတယ်။

အင်္ဂလိပ်စာသုံးသူတိုင်းကနေ ကျွန်တော်တို့တိုင်းပြည်ကို Burma နဲ့ လူမျိုးကို Burmese လို့ ပေါင်းခဲ့ကြတာ လွတ်လပ်တဲ့ နိုင်ငံမဖြစ်ခင်ကတည်းကပါ။ နိုင်ငံအသက် (၄၀) ကျော်၊ ၁၉၈၉ မှာတော့ နာမည်ပြောင်း ကင်ပွန်းတပ်တယ်။ မျက်နှာလုပ်နိုင်ငံတွေနဲ့ လူတွေက အရင်လိုက်ပြောင်းခေါ်ကြတယ်။ ဘယ်လိုအသံထွက်ရမှန်းမသိသူကများတယ်။

အိန္ဒိယ-အင်္ဂလိပ်သတင်းစာတွေက နိုင်ငံကို Myanmar လို့ ပေါင်းပြီး၊ လူမျိုးကို Myanmerese လို့ ပေါင်းတယ်။ တရုတ်-အင်္ဂလိပ်သတင်းစာက ဦးသိန်းစိန်ကို Wu Dengsheng လို့ ပေါင်းတယ်။ 

အင်္ဂလိပ်ဆီကနေ အင်္ဂလိပ်စာသင်ခဲ့ရတဲ့ အိန္ဒိယတွေရော တရုပ်တွေပါ သူ့တို့အကြိုက်သူတို့ရေးတာ ပြောစရာမရှိပါ။ အင်္ဂလိပ်ဆီကနေပဲ အင်္ဂလိပ်စာသင်ခဲ့ရတဲ့ ကျွန်တော်တို့လူမျိုးတွေက အင်္ဂလိပ်စာအစစ်ကိုသာ ယူသင့်ကြပါတယ်။

အင်္ဂလိပ်စာတတ်တဲ့ ဘယ်သူကမှ Myanmar ကို မြန်မာလို့ မထွက်တတ်ပါ။ My နဲ့ စပေါင်းတော့ (မိုင်-အင်န်-မာ) လို့သာ ထွက်ကြတယ်။ အိန္ဒိယလူမျိုးတွေက မိုင်-အင်န်-မားရ်လို့ထွက်တယ်။ 

သဒ္ဒါအရပြောရင် မြန်မာဆိုတာ လူမျိုးလို့ မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ ရေးထားတယ်။ နောက်တခုက နာမဝိသသန ဖြစ်တယ်။ မြန်မာနိုင်ငံ၊ မြန်မာစာ၊ မြန်မာလူမျိုး၊ မြန်မာစကားလို့သုံးရတယ်။

အိန္ဒိယ-အင်္ဂလိပ်လဲ မယူနဲ့၊ တရုတ်-အင်္ဂလိပ်လဲ မယူနဲ့။ မြန်မာ-အင်္ဂလိပ်လဲ မသင့်ပါ။ ကိုယ့်တိုင်းပြည်ထဲမှာ သုံးချင်သူများ သုံးကြပေါ့။ အပြင်ထွက်ရင်တော့ အဆင်မပြေဖြစ်ကြမယ်။ ကွယ်ရာမှာ ရီတာခံရမယ်။ အစစ်ကိုသာ ယူချင်သူတွေက ယူပေါ့။ အတုယူချင်သူတွေကလဲ ယူကြပေါ့။ တချို့က ညံ့မှကြိုက်တယ်လို့တော့ မငေါ့ချင်ပါ။

ဦးနိုးကို U Noe လို့ ပေါင်းတယ်။ လေဆိပ်တခုမှာ မစ္စတာ ယူ-နိုး-အီး လို့ အော်တာကို သူ့ကိုခေါ်နေမှန်းမသိ ဖြစ်ခဲ့တယ်။ ပြည်တွင်းခရီးစဉ်မှာတော့ အဆင်ချောမယ်။  ကမ္ဘာပေါ်မှာ လေဆိပ်တွေအများကြီးရှိတာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ