Skip to main content

Pelican and Fish ဗျိုင်း ငါးဖမ်း ပုံပြင်

တဗူး၊ တလုံးတို့ တကောင်တို့မှန်လား။ ငယ်ငယ်တုန်းမြန်မာစာဆရာ သင်ပေးတာက။ တစ်ဗူး၊ တစ်လုံး၊ တစ်ကောင် လို့ရေးရတယ် လို့ပဲသင်ပေးလို့ပါ။

ဟုတ်။ ကျွန်တော်ကတော့ ဆရာကို ကာမပြန်ပါ။

၁။ ဗောတိ`တစ်´ထောင် ဗောတိ `တ´ထောင် ရေတွက်ရလို့ `စ´သတ်က ပိုမှန်ပါတယ်လို့ထင်မြင်မိပါတယ်

မရေတွက်နိုင်ရင် `စ´သတ်ထည့်သုံးဖို့မလိုနိုင်ပါဘူးခင်ဗျ 

ကိုယ့်ဖါသာ တယောက်တမျိုးစီ စဉ်းစားနိုင်ကြပါတယ်။ စဉ်းစားတာတွေကတလည်း တယောက်တည်းမှာ တခါတမျိုး ထွက်ကောင်း ထွက်နိုင်ကြတယ်။ ကျွန်တော်တော့ အထက်တန်းမြန်မာစာဆရာကို ကာမပြန်ပါ။

၂။ သချာင်္နာမဝိသေသနမှန်သမျှ တစ်လို့ ပြောင်းသုံးတာ ပိုမမှန်ဘူးလား။ ကျတော် ကို ကျွန်တော်လို ပြောင်းခြင်းရဲ့ နောင်ကွယ်မှာ နာမ်နှိမ်တာ ဘာညာရှိနိုင်ပေမယ့် တ တွေကို တစ်ပြောင်းတာရဲ့ နောက်ကွယ်က နာမ်နှိမ်တာတွေ ဘာတွေမတွေ့မိသလို လော့ဂျစ်ကယ်လီး မှန်သလိုပါပဲ။ "၎င်း" ဆိုတာကိုလည်း အရင်ကသုံးပေမယ့် ခုမသုံးတော့ဘူး။

ကိုယ့်ဖါသာ တယောက်တမျိုးစီ စဉ်းစားနိုင်ကြပါတယ်။ စဉ်းစားတာတွေကတလည်း တယောက်တည်းမှာ တခါတမျိုး ထွက်ကောင်း ထွက်နိုင်ကြတယ်။ ကျွန်တော်တော့ အထက်တန်းမြန်မာစာဆရာကို ကာမပြန်ပါ။

၎င်းကို သုံးနေကြပါတယ်။ ကီးဘုတ်မှာ ထည့်ပေးထားတယ်။ လည်းကောင်း = ၎င်း၊ ထို၊ ယင်း၊ အနှီ၊ ဤ နည်းတူ။ သော်လည်းကောင်းနဲ့ ၎င်း မတူပါ။ 

ရေတွက်လို့ရရင် တစ်၊ မ နောက်က ဘဲ လိုက်ဆိုတဲ့ ဖေါ်မြူလာတွေက နောက်ပေါ်တွေ။ အရင်က မရှိခဲ့ပါ။ မြန်မာစာမှာ သိပ္ပံနဲ့ သင်္ချာမှာလို ပုံသေနည်းတွေ အသုံးများကောင်း များပေမဲ့ ဖေါ်မြူလာလို သုံးမရပါ။ နမူနာတွေ တထောင်လောက် တင်ပြထားပါတယ်။

ဆရာကာပြန် အာခေါင်လှံစူးတဲ့ ပုံပြင်ရှိတယ်။ စူး နဲ့ ဆူး အတော်ကိုမှားကြတာတွေ့လို့ ရေးထားတယ်။

ငါးကိုဖမ်းယူ၊ အပေါ်မြှောက်ပြီး အောက်ကနေ နှုတ်သီးနဲ့ ပိုင်နိုင် ကျင်လည်စွာ ဖမ်းတဲ့ဗျိုင်းဆီကနေ လှံသမားက ပညာယူတယ်။ လေ့ကျင့်တယ်။ တတ်မြောက်လာတော့ လူပုံအလယ်မှာ လှံကို အပေါ်မြှောက်ပြီး သူ့ပါးစပ်နဲ့ ဖမ်းပြတယ်။ ပရိသတ်က ချီးမွမ်းကြတယ်။ ဒီအတတ်ကို ဘယ်ကနေ သင်ယူခဲ့ပါသလဲ မေးတော့ ဗျိုင်းတပည့်လို့ အပြောမခံချင်တာနဲ့ သူ့ဖါသူတတ်တာလို့ ပြောလိုက်သတဲ့။ နောက်တချီမှာတော့ အာခေါင် လှံစူးရှာပါသတဲ့။

မြန်မာစာမှာ အရင်က ရေးသားခဲ့တဲ့အမှန်သတ်ပုံတွေကို ပြင်ရေးနေသူတွေဟာ အရင်က ဆရာတော်တွေ၊ ဆရာတွေ၊ ရေးသားခဲ့တာတွေကို ဖတ်ခဲ့ကြသူတွေသာဖြစ်တယ်။ အတတ်စူးကြတယ်။ အာခေါင် လှံမစူးကြပါစေနဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ