Skip to main content

Pelican and Fish ဗျိုင်း ငါးဖမ်း ပုံပြင်

တဗူး၊ တလုံးတို့ တကောင်တို့မှန်လား။ ငယ်ငယ်တုန်းမြန်မာစာဆရာ သင်ပေးတာက။ တစ်ဗူး၊ တစ်လုံး၊ တစ်ကောင် လို့ရေးရတယ် လို့ပဲသင်ပေးလို့ပါ။

ဟုတ်။ ကျွန်တော်ကတော့ ဆရာကို ကာမပြန်ပါ။

၁။ ဗောတိ`တစ်´ထောင် ဗောတိ `တ´ထောင် ရေတွက်ရလို့ `စ´သတ်က ပိုမှန်ပါတယ်လို့ထင်မြင်မိပါတယ်

မရေတွက်နိုင်ရင် `စ´သတ်ထည့်သုံးဖို့မလိုနိုင်ပါဘူးခင်ဗျ 

ကိုယ့်ဖါသာ တယောက်တမျိုးစီ စဉ်းစားနိုင်ကြပါတယ်။ စဉ်းစားတာတွေကတလည်း တယောက်တည်းမှာ တခါတမျိုး ထွက်ကောင်း ထွက်နိုင်ကြတယ်။ ကျွန်တော်တော့ အထက်တန်းမြန်မာစာဆရာကို ကာမပြန်ပါ။

၂။ သချာင်္နာမဝိသေသနမှန်သမျှ တစ်လို့ ပြောင်းသုံးတာ ပိုမမှန်ဘူးလား။ ကျတော် ကို ကျွန်တော်လို ပြောင်းခြင်းရဲ့ နောင်ကွယ်မှာ နာမ်နှိမ်တာ ဘာညာရှိနိုင်ပေမယ့် တ တွေကို တစ်ပြောင်းတာရဲ့ နောက်ကွယ်က နာမ်နှိမ်တာတွေ ဘာတွေမတွေ့မိသလို လော့ဂျစ်ကယ်လီး မှန်သလိုပါပဲ။ "၎င်း" ဆိုတာကိုလည်း အရင်ကသုံးပေမယ့် ခုမသုံးတော့ဘူး။

ကိုယ့်ဖါသာ တယောက်တမျိုးစီ စဉ်းစားနိုင်ကြပါတယ်။ စဉ်းစားတာတွေကတလည်း တယောက်တည်းမှာ တခါတမျိုး ထွက်ကောင်း ထွက်နိုင်ကြတယ်။ ကျွန်တော်တော့ အထက်တန်းမြန်မာစာဆရာကို ကာမပြန်ပါ။

၎င်းကို သုံးနေကြပါတယ်။ ကီးဘုတ်မှာ ထည့်ပေးထားတယ်။ လည်းကောင်း = ၎င်း၊ ထို၊ ယင်း၊ အနှီ၊ ဤ နည်းတူ။ သော်လည်းကောင်းနဲ့ ၎င်း မတူပါ။ 

ရေတွက်လို့ရရင် တစ်၊ မ နောက်က ဘဲ လိုက်ဆိုတဲ့ ဖေါ်မြူလာတွေက နောက်ပေါ်တွေ။ အရင်က မရှိခဲ့ပါ။ မြန်မာစာမှာ သိပ္ပံနဲ့ သင်္ချာမှာလို ပုံသေနည်းတွေ အသုံးများကောင်း များပေမဲ့ ဖေါ်မြူလာလို သုံးမရပါ။ နမူနာတွေ တထောင်လောက် တင်ပြထားပါတယ်။

ဆရာကာပြန် အာခေါင်လှံစူးတဲ့ ပုံပြင်ရှိတယ်။ စူး နဲ့ ဆူး အတော်ကိုမှားကြတာတွေ့လို့ ရေးထားတယ်။

ငါးကိုဖမ်းယူ၊ အပေါ်မြှောက်ပြီး အောက်ကနေ နှုတ်သီးနဲ့ ပိုင်နိုင် ကျင်လည်စွာ ဖမ်းတဲ့ဗျိုင်းဆီကနေ လှံသမားက ပညာယူတယ်။ လေ့ကျင့်တယ်။ တတ်မြောက်လာတော့ လူပုံအလယ်မှာ လှံကို အပေါ်မြှောက်ပြီး သူ့ပါးစပ်နဲ့ ဖမ်းပြတယ်။ ပရိသတ်က ချီးမွမ်းကြတယ်။ ဒီအတတ်ကို ဘယ်ကနေ သင်ယူခဲ့ပါသလဲ မေးတော့ ဗျိုင်းတပည့်လို့ အပြောမခံချင်တာနဲ့ သူ့ဖါသူတတ်တာလို့ ပြောလိုက်သတဲ့။ နောက်တချီမှာတော့ အာခေါင် လှံစူးရှာပါသတဲ့။

မြန်မာစာမှာ အရင်က ရေးသားခဲ့တဲ့အမှန်သတ်ပုံတွေကို ပြင်ရေးနေသူတွေဟာ အရင်က ဆရာတော်တွေ၊ ဆရာတွေ၊ ရေးသားခဲ့တာတွေကို ဖတ်ခဲ့ကြသူတွေသာဖြစ်တယ်။ အတတ်စူးကြတယ်။ အာခေါင် လှံမစူးကြပါစေနဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ