Skip to main content

Teaching ဆရာလုပ်ခြင်းအတတ်

ကွန်မင့်တခု = ဆရာတင့်ဆွေဆီကနေ မြန်မာစာသင်ချင်ပါတယ်

ဆရာတော့ မလုပ်တတ်ပါ။

တိုင်းပြည်တိုင်းမှာ အသက်မွေးမှုအရ ဆရာအလုပ် လုပ်ကြသူတွေ အလွန်များပါတယ်။

ကျွန်တော်က ပြည်တွင်းမှာ ဆရာမလုပ်ခဲ့ဘူးပါ။ ယူအက်စ်အေကိုရောက်မှ မြန်မာဘာသာပြန်ဆရာ ၆ နှစ် ကြာလုပ်ဘူးတယ်။ မြန်မာလိုလည်းသိပြီး၊ အင်္ဂလိပ်လိုလည်း အတန်အသင့်သိလို့ ဆရာအလုပ်ရတာ။

မြန်မာစာအကြောင်း တိုတိုထွာထွာ ရေးနေတာ ၁၀ နှစ်လောက်ရှိလာပြီ။ 

ကျွန်တော့အရေးအသားက ဆရာလုပ်သလို မဟုတ်တာကို နည်းနည်းပါးပါး ဖတ်ဘူးသူတွေက သိကြပါလိမ့်မယ်။ ဒီလိုရေးတာ မမှန်ပါ။ အဲဒါ မှားနေတယ်။ ဒီလိုက အမှန်။ ဟောဒါတွေက မူကွဲ။ ဘယ်တုန်းက၊ ဘယ်ထဲမှာ၊ ဘယ်ဆရာတော်တွေ၊ ဘယ်ပုဂ္ဂိုလ်တွေက ဘယ်လိုရေးပါကြောင်း သက်သေခံတွေနဲ့ တင်ပြပါတယ်။

• အစိမ်းရောင် အမှန်ခြစ်၊ အနီရောင် အမှားခြစ်နဲ့ ပြသခြင်း အလျဉ်းမရှိပါ။

• ဒီအတိုင်းသာ လိုက်ရေးကြပါလို့လည်း နိဂုံးမှာမပါ။

• သတိပေးချက်နဲ့သာ တင်ပြပါတယ်။

• ကျောင်းတွေမှာ သတ်ပုံမှန်နဲ့ သင်ရင် အလုပ်ထိခိုက်နိုင်တယ်။

• ကျောင်းတွေမှာ သတ်ပုံမှန်နဲ့ ဖြေရင် စာမေးပွဲ ကျနိုင်တယ်။

• ဘဏ်တွေမှာ ငွေသွင်း ငွေထုတ် လုပ်မရနိုင်။

• စာအုပ်ထုတ်ချင်ရင် သတ်ပုံမှန်နေတာကို မှားအောင်ပြင်ထုတ်ပေးခြင်းခံရနိုင်တယ်။

• ဖေ့စ်ဘွတ်မှာ သတ်ပုံမှန်နဲ့ရေးရင် လူကြိုက်နည်းမယ်။

• ဖေ့စ်ဘွတ်မှာ သတ်ပုံအမှန်တွေအကြောင်း ရေးသူတွေ၊ ထောက်ပြသူတွေ ရန်တွေ့ခံရနိုင်တယ်။ မသကာအဆဲခံရနိုင်သေးတယ်။ (မသကာ = ယုတ်စွအဆုံး၊ အလွန်ဆုံး၊ မတတ်သာသည့်အဆုံး။)

အဲလိုတင်ပြသူဟာ ဆရာလုပ်တတ်သူ မဟုတ်ပါ။ ဆရာလုပ်တာ မဟုတ်ပါ။ စာသင်ကျောင်းပြင်ပ ပညာရေးရဲ့ တစိတ်တပိုင်းလို့တော့ ပြောလို့ရတယ်။ လူတိုင်းဟာ စာသင်ကျောင်းတွေမှာ အလွန်ဆုံး ဥပမာ ဆရာဝန် ၁၇ နှစ်သာ သင်ယူကြပါတယ်။

လက်တွေ့မှာ ဆရာဖြစ်တတ်ပေမဲ့ ပင်စင်ယူပြီးနောက် ဆရာမလုပ်တော့သူတွေ များတယ်။ ဆရာမဟုတ်ဘဲ ဆရာလုပ်သူတွေကလည်း မနည်းပါ။ 

“စာမတတ် လမ်းဖတ်” ဆိုတာ ဟိုးခေတ်တွေတုန်းက မှန်တယ်။ အမြင်မတော်တာတွေ့ရင် တတ်သိသူတွေက ပြင်ပေးသွားကြတာကို ခေါ်တယ်။ ကျေးဇူးတင်ဘို့ကောင်းတယ်။

“ပညာရှာ ပမာသူပုန်းစား”

ကနေ့ခေတ်မှာ -

“ပညာရှာ နိုင်ငံတော်မူသတ်ပုံစာအုပ် အားကိုးထား”

“စာမတတ် ဖေ့စ်ဘွတ် ဖတ်” 

“စာမတတ်သေး ဖေ့စ်ဘွတ် ရေး”

ခေတ်ကတော့ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်တိုင်းကို ကင်ဆာအထူးကုလို့ ယူဆနေတဲ့ခေတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ