Skip to main content

Teaching ဆရာလုပ်ခြင်းအတတ်

ကွန်မင့်တခု = ဆရာတင့်ဆွေဆီကနေ မြန်မာစာသင်ချင်ပါတယ်

ဆရာတော့ မလုပ်တတ်ပါ။

တိုင်းပြည်တိုင်းမှာ အသက်မွေးမှုအရ ဆရာအလုပ် လုပ်ကြသူတွေ အလွန်များပါတယ်။

ကျွန်တော်က ပြည်တွင်းမှာ ဆရာမလုပ်ခဲ့ဘူးပါ။ ယူအက်စ်အေကိုရောက်မှ မြန်မာဘာသာပြန်ဆရာ ၆ နှစ် ကြာလုပ်ဘူးတယ်။ မြန်မာလိုလည်းသိပြီး၊ အင်္ဂလိပ်လိုလည်း အတန်အသင့်သိလို့ ဆရာအလုပ်ရတာ။

မြန်မာစာအကြောင်း တိုတိုထွာထွာ ရေးနေတာ ၁၀ နှစ်လောက်ရှိလာပြီ။ 

ကျွန်တော့အရေးအသားက ဆရာလုပ်သလို မဟုတ်တာကို နည်းနည်းပါးပါး ဖတ်ဘူးသူတွေက သိကြပါလိမ့်မယ်။ ဒီလိုရေးတာ မမှန်ပါ။ အဲဒါ မှားနေတယ်။ ဒီလိုက အမှန်။ ဟောဒါတွေက မူကွဲ။ ဘယ်တုန်းက၊ ဘယ်ထဲမှာ၊ ဘယ်ဆရာတော်တွေ၊ ဘယ်ပုဂ္ဂိုလ်တွေက ဘယ်လိုရေးပါကြောင်း သက်သေခံတွေနဲ့ တင်ပြပါတယ်။

• အစိမ်းရောင် အမှန်ခြစ်၊ အနီရောင် အမှားခြစ်နဲ့ ပြသခြင်း အလျဉ်းမရှိပါ။

• ဒီအတိုင်းသာ လိုက်ရေးကြပါလို့လည်း နိဂုံးမှာမပါ။

• သတိပေးချက်နဲ့သာ တင်ပြပါတယ်။

• ကျောင်းတွေမှာ သတ်ပုံမှန်နဲ့ သင်ရင် အလုပ်ထိခိုက်နိုင်တယ်။

• ကျောင်းတွေမှာ သတ်ပုံမှန်နဲ့ ဖြေရင် စာမေးပွဲ ကျနိုင်တယ်။

• ဘဏ်တွေမှာ ငွေသွင်း ငွေထုတ် လုပ်မရနိုင်။

• စာအုပ်ထုတ်ချင်ရင် သတ်ပုံမှန်နေတာကို မှားအောင်ပြင်ထုတ်ပေးခြင်းခံရနိုင်တယ်။

• ဖေ့စ်ဘွတ်မှာ သတ်ပုံမှန်နဲ့ရေးရင် လူကြိုက်နည်းမယ်။

• ဖေ့စ်ဘွတ်မှာ သတ်ပုံအမှန်တွေအကြောင်း ရေးသူတွေ၊ ထောက်ပြသူတွေ ရန်တွေ့ခံရနိုင်တယ်။ မသကာအဆဲခံရနိုင်သေးတယ်။ (မသကာ = ယုတ်စွအဆုံး၊ အလွန်ဆုံး၊ မတတ်သာသည့်အဆုံး။)

အဲလိုတင်ပြသူဟာ ဆရာလုပ်တတ်သူ မဟုတ်ပါ။ ဆရာလုပ်တာ မဟုတ်ပါ။ စာသင်ကျောင်းပြင်ပ ပညာရေးရဲ့ တစိတ်တပိုင်းလို့တော့ ပြောလို့ရတယ်။ လူတိုင်းဟာ စာသင်ကျောင်းတွေမှာ အလွန်ဆုံး ဥပမာ ဆရာဝန် ၁၇ နှစ်သာ သင်ယူကြပါတယ်။

လက်တွေ့မှာ ဆရာဖြစ်တတ်ပေမဲ့ ပင်စင်ယူပြီးနောက် ဆရာမလုပ်တော့သူတွေ များတယ်။ ဆရာမဟုတ်ဘဲ ဆရာလုပ်သူတွေကလည်း မနည်းပါ။ 

“စာမတတ် လမ်းဖတ်” ဆိုတာ ဟိုးခေတ်တွေတုန်းက မှန်တယ်။ အမြင်မတော်တာတွေ့ရင် တတ်သိသူတွေက ပြင်ပေးသွားကြတာကို ခေါ်တယ်။ ကျေးဇူးတင်ဘို့ကောင်းတယ်။

“ပညာရှာ ပမာသူပုန်းစား”

ကနေ့ခေတ်မှာ -

“ပညာရှာ နိုင်ငံတော်မူသတ်ပုံစာအုပ် အားကိုးထား”

“စာမတတ် ဖေ့စ်ဘွတ် ဖတ်” 

“စာမတတ်သေး ဖေ့စ်ဘွတ် ရေး”

ခေတ်ကတော့ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်တိုင်းကို ကင်ဆာအထူးကုလို့ ယူဆနေတဲ့ခေတ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ