တင်ထားတာတခု ဖြစ်ပါတယ်။ ကျေးဇူး။
ဖဆပလ ခေတ်က ဇာတ်ကားကို ရပ်တကာနယ်တကာ မြို့တကာမှာ အခမဲ့လှည့်ပြပါတယ်။ ငယ်ငယ်တုန်းက ညီအကိုတတွေ မင်းဘယ်နှစ်ခါ၊ ငါဘယ်နှစ်ခါကြည့်ရတယ်လို့ ပြိုင်ကြတယ်။
လူထုအောင်သံဇာတ်ကားက ဘာကိုရည်ရွယ်သလဲ တကယ်ကို မသိခဲ့ပါ။ တောထဲမှာ လက်နက်ကိုင် ဇာတ်လိုက်တယောက်က “ထမင်းကလည်း မာလိုက်တာ” လို့ပြောတာ အခုထိမှတ်မိသေးတယ်။ ကျန်တောတွေ ခေါင်းထဲမှာ မရှိတော့ပါ။
နည်းနည်းအသက်ရတော့မှာ ကွန်မြူနစ်ဆန့်ကျင်ရေး ဝါဒဖြန့် ရုပ်ရှင်ဇာတ်ကားမှန်း သိလာတော့တယ်။
ဝါဒဖြန့်တွေက အောင်မြင်လေ့ရှိပါတယ်။ ဒါပေမဲ့ လက်နက်ကိုင် ကွန်မြူနစ်တွေ ပြိုကွဲသွားရခြင်းဟာ ဒီဇာတ်ကားကြောင့်တော့ မဟုတ်ပါ။
နောက်ခေတ်မှာ ပေါ်လစီဇာတ်ကား၊ ပေါ်လစီသီချင်းလို့ ပြောင်းခေါ်ကြတယ်။ တချို့ဟာတွေက အဆင့်အတန်း အတော်ကိုနိမ့်တော့ ပြောင်းပြန်အကျိုးသာရတယ်။
ကျွန်တော်ကတော့ လက်ရှိမြန်မာစာကို ပေါ်လစီသတ်ပုံလို့ အမည်ပေးထားတယ်။ လူထုအောင်သံဇာတ်ကားထက် ပိုပြီး အောင်မြင်တယ်။ တဝမ်းပူ ၇၅% လောက်ကို မလိုအပ်ဘဲ စသတ်ခိုင်းပေမဲ့ ၁၀၂% စသတ်နေကြတယ်။ လူထုအော်သံ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment