Skip to main content

Demonetizations ကျပ်ငွေ တရားမဝင်ကြေညာခြင်း

တရာတန်ပို့စ်မှာ ၅၀ တန်နဲ့ ၁၀၀ ကျပ်တန်ငွေစက္ကူတွေကို တရားမဝင်ကြေညာချက်ပါ သတင်းစာပုံတင်ခဲ့တယ်။ ပို့စ်အောက်မှာ မေးတယ်။ date ကရောဆရာ တဲ့။ 

ငွေကျပ် တရာတန်လို့ ရေးရတယ်။

အဖြစ်အပျက်မှန်မသိရင် အလိမ်ခံရတယ်။ မြန်မာစာသတ်ပုံကို လိမ်လို့လိမ်ခံနေရမှန်း မသိသူတွေက များတယ်။ နိုင်ငံရေးသမိုင်းမှန်ကိုလည်း မသိသူတွေကများတယ်။ 

ဗိုလ်ချုပ်နေဝင်း ခေါ် စစ်တပ်ကနိုင်ငံရေးမှာ ထိပ်ဆုံးကနေရာယူခြင်း အကျင့်ကို စတင်ကျင့်သုံး ပြုစုပျိုးထောင် ပေးခဲ့သူကနေ လူအများသုံးစွဲလက်ကိုင်ထားရှိတဲ့ ကျပ်ငွေစက္ကူတွေကို တရားမဝင်သုံးခါလုပ်ခဲ့တယ်။ 

၁၅-၅-၁၉၆၄ နေ့မှာ Demonetisation Act of 1964 အက်ဥပဒေနဲ့ ၅ဝ တန်နဲ့ ၁ဝဝ တန်တွေကို ပဌမဆုံးအကြိမ် တရားမဝင် ကြေညာတယ်။ လက်ဝယ်ရှိသူတွေကို ၅၀၀ ကျပ်ကနေ ၄၂၀၀ ကျပ်သာ လဲလှယ်ပေးတယ်။ အဲတာထက် များတာကို စစ်ဆေးပြီးမှ လဲပေးမယ်လို့ ကြေညာတယ်။ မသမာတာတွေ့ရင် ထောင်ဒဏ်နဲ့ သေဒဏ်တဲ့။

၃-၁၁-၁၉၈၅ နေ့မှာ ဒုတိယအကြိမ် တရားမဝင်ကြေညာတယ်။ ၂၅၊ ၅ဝ နဲ့ ၁ဝဝ ကျပ်တန်ငွေစက္ကူတွေကို ပြန်လဲ မပေးတော့ပါ။ အဲလိုမလုပ်ခင်က ၁၀၀ တန်နဲ့ ၅၀ တန်တွေသိမ်းနေခဲ့တယ်။ အခုတခါ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် အသစ်တွေထုတ်ပြန်တယ်။ 

၅-၉-၁၉၈၇ နေ့မှာ တတိယအကြိမ် တရားမဝင်ကြေညာတယ်။ ၂၅၊ ၃၅ နဲ့ ၇၅ ကျပ်တန်ငွေစက္ကူတွေဖြစ်တယ်။ အသစ် ၄၅ ကျပ်တန်နဲ့ ၉၀ တန်တွေရိုက်ထုတ်တယ်။ 

ဗိုလ်ချုပ်နေဝင်းရဲ့ မဆလ ပါတီထိပ်သီးတွေက စစ်တပ်ကလူတွေဖြစ်ကြတယ်။ ပြည်ခိုင်ဖြိုးဖြစ်တော့လည်း မဆလ ဗဟိုကော်မတီဝင်တွေက ဦးဆောင်ပြန်တယ်။ စစ်တပ်ကလူတွေဖြစ်ကြတယ်။ ပါတီဥက္ကဌတွေပြောင်းတော့လည်း ဒီလူတွေပဲ။ စစ်တပ်ကလူတွေဖြစ်ကြတယ်။ အခုထိ။ 

သမိုင်းအဖြစ်အပျက်အမှန်သိရင် ညာနေကြတာကို သိလာမယ်။ လိမ်ညာနေတဲ့သူတွေရဲ့ မျိုးရိုးကိုပါသိမယ်။ ငယ်ရွယ်သူတွေက အဖြစ်မှန်မသိကြလည်း သူတို့မိဘတွေ အတော်ကို ခါးဆီးခံခဲ့ကြရတာက အမှန်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

၂၅-၃-၂၀၁၉

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ