Skip to main content

Demonetizations ကျပ်ငွေ တရားမဝင်ကြေညာခြင်း

တရာတန်ပို့စ်မှာ ၅၀ တန်နဲ့ ၁၀၀ ကျပ်တန်ငွေစက္ကူတွေကို တရားမဝင်ကြေညာချက်ပါ သတင်းစာပုံတင်ခဲ့တယ်။ ပို့စ်အောက်မှာ မေးတယ်။ date ကရောဆရာ တဲ့။ 

ငွေကျပ် တရာတန်လို့ ရေးရတယ်။

အဖြစ်အပျက်မှန်မသိရင် အလိမ်ခံရတယ်။ မြန်မာစာသတ်ပုံကို လိမ်လို့လိမ်ခံနေရမှန်း မသိသူတွေက များတယ်။ နိုင်ငံရေးသမိုင်းမှန်ကိုလည်း မသိသူတွေကများတယ်။ 

ဗိုလ်ချုပ်နေဝင်း ခေါ် စစ်တပ်ကနိုင်ငံရေးမှာ ထိပ်ဆုံးကနေရာယူခြင်း အကျင့်ကို စတင်ကျင့်သုံး ပြုစုပျိုးထောင် ပေးခဲ့သူကနေ လူအများသုံးစွဲလက်ကိုင်ထားရှိတဲ့ ကျပ်ငွေစက္ကူတွေကို တရားမဝင်သုံးခါလုပ်ခဲ့တယ်။ 

၁၅-၅-၁၉၆၄ နေ့မှာ Demonetisation Act of 1964 အက်ဥပဒေနဲ့ ၅ဝ တန်နဲ့ ၁ဝဝ တန်တွေကို ပဌမဆုံးအကြိမ် တရားမဝင် ကြေညာတယ်။ လက်ဝယ်ရှိသူတွေကို ၅၀၀ ကျပ်ကနေ ၄၂၀၀ ကျပ်သာ လဲလှယ်ပေးတယ်။ အဲတာထက် များတာကို စစ်ဆေးပြီးမှ လဲပေးမယ်လို့ ကြေညာတယ်။ မသမာတာတွေ့ရင် ထောင်ဒဏ်နဲ့ သေဒဏ်တဲ့။

၃-၁၁-၁၉၈၅ နေ့မှာ ဒုတိယအကြိမ် တရားမဝင်ကြေညာတယ်။ ၂၅၊ ၅ဝ နဲ့ ၁ဝဝ ကျပ်တန်ငွေစက္ကူတွေကို ပြန်လဲ မပေးတော့ပါ။ အဲလိုမလုပ်ခင်က ၁၀၀ တန်နဲ့ ၅၀ တန်တွေသိမ်းနေခဲ့တယ်။ အခုတခါ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် အသစ်တွေထုတ်ပြန်တယ်။ 

၅-၉-၁၉၈၇ နေ့မှာ တတိယအကြိမ် တရားမဝင်ကြေညာတယ်။ ၂၅၊ ၃၅ နဲ့ ၇၅ ကျပ်တန်ငွေစက္ကူတွေဖြစ်တယ်။ အသစ် ၄၅ ကျပ်တန်နဲ့ ၉၀ တန်တွေရိုက်ထုတ်တယ်။ 

ဗိုလ်ချုပ်နေဝင်းရဲ့ မဆလ ပါတီထိပ်သီးတွေက စစ်တပ်ကလူတွေဖြစ်ကြတယ်။ ပြည်ခိုင်ဖြိုးဖြစ်တော့လည်း မဆလ ဗဟိုကော်မတီဝင်တွေက ဦးဆောင်ပြန်တယ်။ စစ်တပ်ကလူတွေဖြစ်ကြတယ်။ ပါတီဥက္ကဌတွေပြောင်းတော့လည်း ဒီလူတွေပဲ။ စစ်တပ်ကလူတွေဖြစ်ကြတယ်။ အခုထိ။ 

သမိုင်းအဖြစ်အပျက်အမှန်သိရင် ညာနေကြတာကို သိလာမယ်။ လိမ်ညာနေတဲ့သူတွေရဲ့ မျိုးရိုးကိုပါသိမယ်။ ငယ်ရွယ်သူတွေက အဖြစ်မှန်မသိကြလည်း သူတို့မိဘတွေ အတော်ကို ခါးဆီးခံခဲ့ကြရတာက အမှန်ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

၂၅-၃-၂၀၁၉

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ပြုတ် နှင် ပြုပ်

ဆရာခင်ဗျ ဒုတိယတန်းမြန်မာဖတ်စာမှာ ပြုတ်နဲ့ ပြုပ် ဘယ်ဟာကမှန်ပါသလဲ တရုတ်စံကားပင် နွားတင်းကုပ်နားမှာရှိသည်။ အပွင့်ကိုပြုတ်ပါ။ လက်သုပ် သုပ်စားရအောင်။ အဲ့ဒီမှာ ပြုတ်လို့ရေးထားပါတယ် ပြုပ်မဟုတ်ဘူးလားခင်ဗျ။ ကျေးဇူးပြု၍ရှင်းပြပေးပါခင်ဗျ ပြုတ်က မှန်တယ်။ ပြုတ် ချက်ပြုတ်၊ ပြုတ်ဆန်၊ ပြုတ်တူ၊ ပြုတ်ဖတ်၊ ပြုတ်ပြုတ်ပြုန်း၊ ပြုတ်ရှပ်ရှပ်၊ ပြုတ်လုတဲတဲ၊ ပြုတ်ကြွေ၊ ပြုတ်ကြော်ဟင်း၊ ဖြုတ်၍ပြုတ်၊ အစပြုပ်၊ အပြုတ်တိုက်။ ပြုပ် ပြုပ်ထ၊ ပြုပ်ရှပ်ရှပ် ပြုပ်ဆတ်ဆတ် (မနူးမနပ်) ဖါးပြုပ် အရေတွန့်ရှုပ်၊ ဖါးပြုပ်ကိုယ်နှယ်။ ဝမ်းမှာ ပိုက်ထုပ်၊ ခေါ် ဖါးပြုပ်၊ ရစ်အုပ် ပ ကိုသတ်။ ဒေါက်တာတင့်ဆွေ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...