Skip to main content

Foundation အုတ်မြစ်

ကွန်မင့်တခု = (စ)ကျွန်တော်တို့မြို့က မြန်မာစာဆရာ စာလုံးပေါင်းအတော်မှန်အောင်ရေးနိုင်တာ သိရပါတယ်။ သို့သော် မြန်မာစကားပြေကိုရေးတတ်အောင် ကလေးတွေကို မသင်တတ်တာတွေ့ရပါတယ်။ မြန်မာကဗျာ၊ မြန်မာစကားပြေ၊ ရေသည်ပြဇာတ်တို့ကိုကိုယ့်အတွေးအခေါ်နဲ့ ကိုယ်ပိုင်ဟန်နဲ့ရေးတတ်အောင် ကလေးတွေကို သင်မပေးနိုင်ပါ။ သူများရေးထားတဲ့စာတွေကိုသာကလေးတွေကိုအလွတ်ကျက်ခိုင်းတာတွေ့ရပါတယ်။ စာစီစာကုံးရေးနည်း တွေးနည်းတွေကိုလည်းမသင်တတ်ပါဘူး။ စာတော်တဲ့ကလေးတွေ နစ်နာကြပါတယ်။ သူတို့ကိုယ်ပိုင်ကျောင်းကတော့အောင်ရုံသက်သက်ပါဘဲဗျာ။ (ဆုံး)

ဟုတ်။ 

ဆယ်တန်းအထိကတော့ ပညာယူရတဲ့အဆင့်လောက်သာ သင်ကြားလေ့ရှိပါတယ်။ စာစီစာကုံးသာ ရေးစေတယ်။ ကောလိပ်ရောက်တော့မှသာ ရသသဘောပါတာကို ရေးခိုင်းတယ်။

အဲဒါမှာလည်း မြန်မာစာကို အထူးပြုလေ့လာတဲ့ ဥပမာ စိတ်ကြိုက်မြန်မာစာဆိုရင်တော့ တခြားဘာသာယူ ကျောင်းသားတွေထက် မြန်မာစာကို ပိုပြီး အာရုံစိုက်သင်ပေးပြီး ရေးစေတယ်။

ကျောင်းသားတွေမှာလည်း စိတ်ပါဝင်စားမှု မတူကြပါ။ အပြစ် မဟုတ်ပါ။

မူလတန်း၊ အလယ်တန်းနဲ့ ဆယ်တန်းအထိကတော့ မြန်မာစာရဲ့ အုတ်မြစ်တွေဖြစ်ကြတဲ့ စာလုံးပေါင်းသတ်ပုံ၊ ဝါကျဖွဲ့နည်း၊ သဒ္ဒါ စတာတွေကို မှန်စေအောင် သင်ပါတယ်။ ကဗျာ့သဘောကိုလည်း သင်ပါတယ်။

ဘယ်အရာမဆို အုတ်မြစ်ခိုင်ခန့်မှသာ အထက်တက်လို့လည်းရတယ်။ တာရှည်လည်း ခိုင်တယ်။

အခုခေတ်မှာ စိတ်ကူးတွေယဉ်၊ အကြံသစ်တွေ တွေးဆပြီး ကဗျာတွေ ရေးကြတယ်။

ကဗျာဆိုတာ ကာရန်၊ နဘေ၊ လင်္ကာနဲ့ ရေးရတယ်။ နောက်တော့ ၄-၃-၂ ရေးနည်းကနေ ဆန်းပြီး ရေးလာတာလည်း ဖြစ်တည်လာတယ်။ ကောင်းပါတယ်။

ခေတ်သဘောအရ “ကာရန်မဲ့ကဗျာ” ဖြစ်ထွန်းလာတယ်။ ကောင်းတဲ့ဟာတွေ ကောင်းပါတယ်။

ဒါပေမဲ့ သတ်ပုံတွေမမှန်တော့ “စာလုံးပေါင်းသတ်ပုံမဲ့ကဗျာ” ဖြစ်သွားရော။

၁၉၈၆ ခုနှစ်နောက်ကနေ စတင်တဲ့ သတ်ပုံပျက်ခေတ်ကတည်းက ကျောင်းသုံးစာအုပ်ထဲမှာ ဂန္ထဝင်ကဗျာလင်္ကာတွေထဲက မူရင်း စာလုံးပေါင်းသတ်ပုံတွေကို တမင်တကာ မှားအောင်ပြင်သင်တယ်။ ဆယ်စုနှစ် နှစ်ခုရှိပြီ။ 

မြန်မာစာအုတ်မြစ် ခြစားသွားပြီ။

ကွန်မင့်ထဲက မြန်မာစာဆရာကိုလည်း စာလုံးပေါင်းသတ်ပုံမှန်အောင် သင်ပေးနိုင်စွမ်းရှိလို့ ချီးကျူးပါတယ်။ မြန်မာစာကို စိတ်ပါဝင်စားသူတိုင်းကို အားပေးတယ်။ 

Photo from Google images

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ပြုတ် နှင် ပြုပ်

ဆရာခင်ဗျ ဒုတိယတန်းမြန်မာဖတ်စာမှာ ပြုတ်နဲ့ ပြုပ် ဘယ်ဟာကမှန်ပါသလဲ တရုတ်စံကားပင် နွားတင်းကုပ်နားမှာရှိသည်။ အပွင့်ကိုပြုတ်ပါ။ လက်သုပ် သုပ်စားရအောင်။ အဲ့ဒီမှာ ပြုတ်လို့ရေးထားပါတယ် ပြုပ်မဟုတ်ဘူးလားခင်ဗျ။ ကျေးဇူးပြု၍ရှင်းပြပေးပါခင်ဗျ ပြုတ်က မှန်တယ်။ ပြုတ် ချက်ပြုတ်၊ ပြုတ်ဆန်၊ ပြုတ်တူ၊ ပြုတ်ဖတ်၊ ပြုတ်ပြုတ်ပြုန်း၊ ပြုတ်ရှပ်ရှပ်၊ ပြုတ်လုတဲတဲ၊ ပြုတ်ကြွေ၊ ပြုတ်ကြော်ဟင်း၊ ဖြုတ်၍ပြုတ်၊ အစပြုပ်၊ အပြုတ်တိုက်။ ပြုပ် ပြုပ်ထ၊ ပြုပ်ရှပ်ရှပ် ပြုပ်ဆတ်ဆတ် (မနူးမနပ်) ဖါးပြုပ် အရေတွန့်ရှုပ်၊ ဖါးပြုပ်ကိုယ်နှယ်။ ဝမ်းမှာ ပိုက်ထုပ်၊ ခေါ် ဖါးပြုပ်၊ ရစ်အုပ် ပ ကိုသတ်။ ဒေါက်တာတင့်ဆွေ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...