Skip to main content

Foundation အုတ်မြစ်

ကွန်မင့်တခု = (စ)ကျွန်တော်တို့မြို့က မြန်မာစာဆရာ စာလုံးပေါင်းအတော်မှန်အောင်ရေးနိုင်တာ သိရပါတယ်။ သို့သော် မြန်မာစကားပြေကိုရေးတတ်အောင် ကလေးတွေကို မသင်တတ်တာတွေ့ရပါတယ်။ မြန်မာကဗျာ၊ မြန်မာစကားပြေ၊ ရေသည်ပြဇာတ်တို့ကိုကိုယ့်အတွေးအခေါ်နဲ့ ကိုယ်ပိုင်ဟန်နဲ့ရေးတတ်အောင် ကလေးတွေကို သင်မပေးနိုင်ပါ။ သူများရေးထားတဲ့စာတွေကိုသာကလေးတွေကိုအလွတ်ကျက်ခိုင်းတာတွေ့ရပါတယ်။ စာစီစာကုံးရေးနည်း တွေးနည်းတွေကိုလည်းမသင်တတ်ပါဘူး။ စာတော်တဲ့ကလေးတွေ နစ်နာကြပါတယ်။ သူတို့ကိုယ်ပိုင်ကျောင်းကတော့အောင်ရုံသက်သက်ပါဘဲဗျာ။ (ဆုံး)

ဟုတ်။ 

ဆယ်တန်းအထိကတော့ ပညာယူရတဲ့အဆင့်လောက်သာ သင်ကြားလေ့ရှိပါတယ်။ စာစီစာကုံးသာ ရေးစေတယ်။ ကောလိပ်ရောက်တော့မှသာ ရသသဘောပါတာကို ရေးခိုင်းတယ်။

အဲဒါမှာလည်း မြန်မာစာကို အထူးပြုလေ့လာတဲ့ ဥပမာ စိတ်ကြိုက်မြန်မာစာဆိုရင်တော့ တခြားဘာသာယူ ကျောင်းသားတွေထက် မြန်မာစာကို ပိုပြီး အာရုံစိုက်သင်ပေးပြီး ရေးစေတယ်။

ကျောင်းသားတွေမှာလည်း စိတ်ပါဝင်စားမှု မတူကြပါ။ အပြစ် မဟုတ်ပါ။

မူလတန်း၊ အလယ်တန်းနဲ့ ဆယ်တန်းအထိကတော့ မြန်မာစာရဲ့ အုတ်မြစ်တွေဖြစ်ကြတဲ့ စာလုံးပေါင်းသတ်ပုံ၊ ဝါကျဖွဲ့နည်း၊ သဒ္ဒါ စတာတွေကို မှန်စေအောင် သင်ပါတယ်။ ကဗျာ့သဘောကိုလည်း သင်ပါတယ်။

ဘယ်အရာမဆို အုတ်မြစ်ခိုင်ခန့်မှသာ အထက်တက်လို့လည်းရတယ်။ တာရှည်လည်း ခိုင်တယ်။

အခုခေတ်မှာ စိတ်ကူးတွေယဉ်၊ အကြံသစ်တွေ တွေးဆပြီး ကဗျာတွေ ရေးကြတယ်။

ကဗျာဆိုတာ ကာရန်၊ နဘေ၊ လင်္ကာနဲ့ ရေးရတယ်။ နောက်တော့ ၄-၃-၂ ရေးနည်းကနေ ဆန်းပြီး ရေးလာတာလည်း ဖြစ်တည်လာတယ်။ ကောင်းပါတယ်။

ခေတ်သဘောအရ “ကာရန်မဲ့ကဗျာ” ဖြစ်ထွန်းလာတယ်။ ကောင်းတဲ့ဟာတွေ ကောင်းပါတယ်။

ဒါပေမဲ့ သတ်ပုံတွေမမှန်တော့ “စာလုံးပေါင်းသတ်ပုံမဲ့ကဗျာ” ဖြစ်သွားရော။

၁၉၈၆ ခုနှစ်နောက်ကနေ စတင်တဲ့ သတ်ပုံပျက်ခေတ်ကတည်းက ကျောင်းသုံးစာအုပ်ထဲမှာ ဂန္ထဝင်ကဗျာလင်္ကာတွေထဲက မူရင်း စာလုံးပေါင်းသတ်ပုံတွေကို တမင်တကာ မှားအောင်ပြင်သင်တယ်။ ဆယ်စုနှစ် နှစ်ခုရှိပြီ။ 

မြန်မာစာအုတ်မြစ် ခြစားသွားပြီ။

ကွန်မင့်ထဲက မြန်မာစာဆရာကိုလည်း စာလုံးပေါင်းသတ်ပုံမှန်အောင် သင်ပေးနိုင်စွမ်းရှိလို့ ချီးကျူးပါတယ်။ မြန်မာစာကို စိတ်ပါဝင်စားသူတိုင်းကို အားပေးတယ်။ 

Photo from Google images

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ