Skip to main content

Fraud Alert အတုကို အစစ်ထက်ကြိုက်ကြ၏

ကွန်မင့်တခု = (စ) စဉ်းစားနေတာတော့ကြာပြီ အသံထွက်အတိုင်းလဲ'ဒ'နဲ့လဲမဟုတ် မူရင်းသင်္ချာဂဏန်းရဲ့ 'တစ်'သတ်ပုံအတိုင်းလဲမဟုတ်ဘဲ ဘာကြောင့်'တ' ဖြစ်သွားလဲ ဆိုတဲ့အကြောင်းပေါ့။ နီးစပ်ရာ ဆရာသမားတွေကိုမေးတော့လဲ ဝိုးတဝါးအဖြေပဲရပြီး ဖေ့ဘုတ်မှာရှာတော့လဲ ခေတ်ဟောင်းစာအုပ်က ပုံတွေပဲ တွေ့ရတယ်။ ဘာကြောင့် မြစေတီကျောက်စာပါ 'သားတစ်ယောက်' 'တစ်ရွာ'က စသတ်ဖြုတ်ပြီး 'တ' ဖြစ်မှန်း အခုထိ အဖြေရှာမရသေးဘူး။ 'တစ်'သတ်ပုံကြိုက်သူတွေဘက်မှာ တိကျတဲ့ စာပေဆိုင်ရာသက်သေ အကြောင်းပြချက်တွေ ရှိနေပေမယ့် 'တ'ကြိုက်တဲ့သူတွေဘက်မှာ ခေတ်ဟောင်းစာအုပ်ထဲက စာလုံးတွေကလွဲလို့ စာပေဆိုင်ရာ အကြောင်းပြချက်မရှိ ဖြစ်နေတာတော့ အရမ်းဝမ်းနည်းမိတယ်။ (ဆုံး)

တ နဲ့ တစ် အရေးအသားဟာ မုံ့စားသလို ကိုယ်ကြိုက်တာ ရွေးစားနည်းနဲ့ မတူပါ။

ကျွန်တော်ကတော့ သူငယ်တန်းကတည်းက ဆရာဆရာမတွေသင်တာ၊ အလယ်တန်းကျောင်းသား လောက်ကတည်းက ဖတ်ခဲ့ရတဲ့ ကျောင်းစာ၊ ကျောင်းအပြင်စာတွေ မနည်းတော့ပါ။

လူအများစုက မြင်မှ ယုံတယ်။  မြင်သမျှကို ယုံနေသူတွေလည်း မရှားပါ။ 

ကြံကြံဖန်ဖန်သမားတွေလည်း များပါတယ်။

ပစ္စည်းအစစ်လည်း ဝယ်ကြတယ်။ ပစ္စည်းအတုလည်း ဝယ်ကြပါတယ်။ အရောင်လေး အဆင်လေးတူနေတော့ အားလုံးက လှသလိုလို။

အောင်လက်မှတ် အတုတွေက ပိုများလာချိန်မှာ အစစ်ကို လက်မခံတော့တဲ့ တကယ့်အဖြစ် ကြုံဘူးတယ်။

ကျွန်တော်တို့လူမျိုးတွေဟာ တခြားတိုင်းပြည်တွေကို ထွက်ပြေး၊ ထွက်ခွါ၊ ထွက်အလုပ်လုပ်နေကြတာ သန်းဂဏန်း မနည်းတော့ပါ။ 

မဆလ ခေတ်ကတည်း အကြံအဖန်မလုပ်ရင် အလုပ်မဖြစ်တာ၊ အလုပ်မရတာ၊ ငွေမရတာတွေ များလာခဲ့တယ်။ 

ကျွန်တော်ကိုယ်တိုင်လည်း ပြည်ပနိုင်ငံရေးလုပ်စဉ်က လိုအပ်ရင် ဥပမာ ပတ်စပို့တွေ အကြံအဖန်လုပ်ခဲ့ရပါတယ်။

ဒုက္ခသည်တွေထဲက လူငယ်တွေဟာ ကိုယ်ရေးရာဇဝင်မှာ ပြည်တွင်းတုန်းက ဆယ်တန်းအောင်ခဲ့တယ်၊ ဘွဲ့ရခဲ့တယ်ဆိုတာကို အတုတွေ လုပ်ကြရတယ်။ ကြာတော့ အစစ်တင်ပြသူရဲ့ အောင်လက်မှတ်ကို ယူအင်ရုံးတွေက မယုံဘူးတဲ့။ မျက်စိအောက်မှာ တွေ့ခဲ့ပါတယ်။ 

ကနေ့ခေတ် မြန်မာစာလည်း အလားတူဘဝ ရောက်နေပြီ။

ကျွန်တော် မြစေတီကျောက်စာကို မဖတ်တတ်ပါ။ 

မြန်မာ့စွယ်စုံကျမ်းကနေ ဖတ်ရတယ်။ အတွဲ ၉၊ စာမျက်နှာ ၃၇၁ ကနေ ၃၇၅ အထိ။ ကောက်စာ ဘာသာပြန်မှာ -

(၃၁) ယ်တစ်ရွာ

ရှင်းလင်းချက်စာကိုယ်မှာ -

မြစေတီကျောက်စာပါ စကားပြေသည် ရှေးအကျဆုံးဖြစ်သော စကားပြေတရပ်ဟု ဆိုသင့်ပေသည်။

အဲတော့ ၁၈၈၆-၁၈၈၇ ခုနှစ်ကလိုရေးမလား၊ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၉၊ ပဌမနှိပ်ခြင်း ၁၉၆၄ ခုနှစ်ကလို ရေးမလား။ 

ကျွန်တော်တို့ မြန်မာစာဆရာ ဘုတလင်ချစ်လေးက စကားပြေတရပ်လို့သာ သင်ပေးပါတယ်။ 

မြန်မာ့စွယ်စုံကျမ်းကို ပြုစုကြတဲ့ ပညာရှင်တွေ ကွယ်လွန်ပြီ။ ကျွန်တော်တို့ မြန်မာစာဆရာလည်း ကွယ်လွန်ပြီ။ ကျွန်တော်ကတော့ ဆရာကို ကာမပြန်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ