Skip to main content

The Count of Monte Cristo မွန်တီ ခရစ်စတို မြို့စားကြီး

ဆရာ ကျနော် ရေးတဲ့စာမှာ မရိုသေ စကားပါရင် ကြိုတောင်းပန်ပါတယ်ဆရာ ရောဂါအကြောင်း မေးချင်လို့ မဟုတ်ပါခင်ဗျာ မွန်တီခရစ်စတို နယ်စားကြီး အကြောင်း မြန်မာမှု့ ရေးထားတဲ့ စာအုပ်အကြောင်း ကျောင်းသားဘဝ ဆရာဖြစ်သူက ပြောတာ မှတ်သားဖူးပါတယ် ဘယ်စာအုပ် ဘယ်သူရေးမှန်း မသိဖြစ်နေပါတယ် ဆရာဖတ်ဖူးရင် လမ်းညွန်ပါအုံးဆရာ ၂၀၀၈ က ကျောင်းစာမှာ ပြောခဲ့တဲ့ အကြောင်းအရာမို့ ကျနော်အမှတ်ဖော်နိုင်စွမ်းမရှိလို့ပါဆရာ

မွန်တီ ခရစ်စတို မြို့စားကြီး ဆိုတာ ၁၈၄၄ ခုနှစ်က ပြင်သစ်စာရေးဆရာ Alexandre Dumas ရဲ့နာမည်ကျော်ဝတ္ထုဖြစ်ပြီး ဘာသာပြန်ဝတ္ထုတွေလည်းထွက်ပါတယ်။

၁။ ရွှေဥဒေါင်း ဘာသာပြန်တဲ့ မွန်တီခရစ်စတို နယ်စားကြီး 

စာအုပ်မည် - ရတနာသိုက်

၂။ ကျော်လှိုင်ဦး ဘာသာပြန်

စာအုပ်မည် - လေထန်ကုန်း (၁၉၆၉ ခုနှစ် အမျိုးသားစာပေ ဘာသာပြန်ဆုရ)

Alexandre Dumas, also known as Alexandre Dumas père, was a French novelist and playwright. His works have been translated into many languages and he is one of the most widely read French authors. 

Born: July 24, 1802, Villers-Cotterêts, France

Died: December 5, 1870 (age 68 years), Dieppe, France

Among the most famous of Alexandre Dumas' novels are The Three Musketeers and The Count of Monte Cristo.

သရီး မာစကက်တီးယားခေါ် သေနတ်သမားသုံးယောက်ဝတ္ထုကို မြန်မာဘာသာပြန်တာ ငယ်ငယ်ကတည်းက ဖတ်ဖူးတယ်။ ရုပ်ရှင်လည်းကြည့်ရတယ်။ သုံးယောက်ပေါင်းလောင်းကျော်ကလည်း မြန်မာရုပ်ရှင်ပဲ။

သရီး မာစကက်တီးယားထဲက ဇာတ်လိုက်နာမည်တွေက အဆန်းတွေ။ ပြင်သစ်နာမည်တွေမို့ပါ။ စိတ်ထဲမှာ စွဲနေတာတခုပဲ ကျန်တယ်။ ဒါးတညံ့။ 

Athos အားသိုး၊ Porthos ပေါသိုးနဲ့ Aramis အာရာမီတို့က သေနတ်သမားသုံးယောက်။ D'Artagnan ဓါးတညံ့ ကတော့ တောကနေ ပဲရစ်မြို့ကြီးတက်လာသူ။ ဝတ္ထုကို နာမည်ကြီးစာရေးဆရာ Alexandre Dumas အလက်ဇန်းဒါး ဒူးမားက ၁၇ ရာစုဇာတ်လမ်းရေးတာပါ။  

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ