Skip to main content

"တစ်ရောဂါ" ဘယ်တုန်းက တရားဝင်စသလဲ

"တစ်ချိန်မှာ အသုံးဝင်မဲ့" ဆိုတာတွေကို မကြာခဏ တွေ့တယ်။ “တစ်ချိန်မှာ” ဆိုတာ အနာဂတ်ကာလကို ပြောတာ မဟုတ်။ လက်ရှိနဲ့ မကြာသေးတဲ့အတိတ်ကာလနှစ်ခု ဖြစ်ပါတယ်။

မြန်မာစာသတ်ပုံမှန်ခေတ်က “တချိန်” လို့သာ တတိုင်းတပြည်လုံးက ရေးသားကြတယ်။

“တချိန်” ကနေ “တစ်ချိန်” ဘယ်တော့ဖြစ်သွားရသလဲ

ဆရာဝန်ဆိုတာ ရောဂါတခုစီတိုင်းကို အဲလိုလေ့လာရပါတယ်။

သိအောင် အတော်ကြိုးစားရှာရတယ်။ လက်ထဲမှာ ၁၉၉၁ ခု စက်တင်ဘာလထုတ် မြန်မာအဘိဓာန်ရှိတယ်။ ဒိထက်စောမယ်လို့ ထင်ထားတယ်။ ပဌမအကြိမ် စစ်တပ်ကအာဏာသိမ်းပြီး မဆလ မကျဆုံးခင် နှစ်အနည်းငယ်လောက်မှ သတ်ပုံမှားတွေ ပြောင်းတယ်ဆိုတာကို သတိထားမိတယ်။ ကျွန်တော်သိတာ နည်းနည်းနောက်ကျတယ်။ သေချာအောင် လိုက်ရှာပါတယ်။

"တိုင်တစ်ရာ"

နိုင်ငံရေးကြောင့် ၁၉၉၀ ခုနှစ်အကုန်မှာ တိုင်းပြည်ကနေထွက်ပြေးရကတည်းက ပြန်တွင်းကစာအုပ်တွေနဲ့ အဆက်ပြတ်သွားပါတယ်။ စာအုပ်မှာလို့မရ။ စာပို့လို့မရခဲ့ပါ။ နဝတ စစ်အစိုးရက သူလို့အာဏာ တည်မြဲစပြုလာတော့ တင်းကျပ်မှုတွေ နည်းနည်းနည်းနည်းလျှော့လာတော့ စာအုပ်တချို့ နယူးဒေလီအထိ မှာယူလို့ရလာတယ်။ အဲဒီမှာ မျက်လုံးပြူတော့တာဘဲ။

၂၀၁၀၊ အောက်တိုဘာလထုတ် မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ စာမျက်နှာ ၉၉ မှာ သာရဝေါစိုးကြည် ရေးသားတဲ့ အမျိုးသားပညာဝန် ဦးဖိုးကျားဆောင်းပါးမှာ ကျောင်းနာမည်ဟာ “တိုင်တစ်ရာ” လို့ရေးထားတွေတယ်။ တသက်လုံး တိုင်တရာ၊ ပန်းမျိုးတရာ၊ လမင်းတရာ၊ နှစ်တရာလို့သာ ရေးလာဖတ်လာခဲ့တာ။ တသက်နဲ့တကိုယ် တရာကို စသတ်နဲ့ရေးတာကို ပဌမဦးဆုံး ဖတ်ရခြင်းဖြစ်ပါတယ်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၇၊ စာမျက်နှာ ၂၉၂-၂၉၃ မှာ အမျိုးသားပညာရေးလောကတွင် ဦးဖိုးကျားသည် ကျော်ကြားသောခေါင်းဆောင်ကြီးတဦးဖြစ်သည်။ မြန်မာစာပေလောက၌ ထင်ရှားသောပုဂ္ဂိုလ်တဦးလည်း ဖြစ်သည်။ ပုသိမ်မြို့ တိုင်တရာ စကောကရင်ကျောင်းတွင် ဆက်လက်ပညာ သင်ကြားလို့ပါတယ်။

"တစ်ရောဂါ" ဘယ်တုန်းက တရားဝင်စလဲ

တလောကမှ Myanmar Digital News မှာ တင်ထားတာကို ဖတ်ရတယ်။ ၁၉၈၆ ကတည်းက စတယ်လို့ မြန်မာစာအရာရှိကြီးတဦးက ဆောင်းပါးရေးတော့မှ ၁၉၈၆ ခုနှစ်ကို သိပါတယ်။ 

“မြန်မာစာကို မတတ်ဘဲနဲ့ မြန်မာစာနဲ့ပတ်သက်ပြီးတော့ Facebook တို့ဘာတို့မှာ အလကား လျှောက်ရေး နေကြတာတွေရှိတယ်။ မြန်မာစာကိုတန်ဖိုးမထားကြဘူး၊ အထူးသဖြင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း ဆိုတာ ၁၉၈၆ ခုနှစ်ကနေ နိုင်ငံတော်က ပြဋ္ဌာန်းထားတာ အခုဆိုရင် ၃၆ နှစ် ရှိသွားပါပြီ။”

ဆောင်းပါးထွက်ပြီး သိပ်မကြာခင်မှာ စာရေးဆရာဆိုသူတယောက်က ဂျာနယ်တခုမှာ အဲလို “တစ်တာ မှန်ကြောင်း” ဘုန်းတော်ဘွဲ့ရေးပြန်တယ်။ အဲဒီစာရေးဆရာအမည်ကို ဘယ်သူကတင်တင် တွေ့တိုင်း ဘလော့တယ်။

သတ်ပုံတွေ ဘယ်တော့ ပြန်မှန်မလဲ 

ပြန်မှန်တဲ့နေ့စွဲကို နောက်လူတွေက သတိထားစောင့်ကြည့်ကြစေချင်တယ်။ ကျွန်တော်ကတော့ မမီလောက်ဘူး ထင်တယ်။ မှားအောင်လုပ်တာက အမိန့်စာတခု ထွက်ရင်ရတယ်။ ပြန်မှန်ရေးဆိုတာတိုင်းက ကြာတယ်။

ဒေါ်မှား အသက် ၃၆ နှစ်တဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ပြုတ် နှင် ပြုပ်

ဆရာခင်ဗျ ဒုတိယတန်းမြန်မာဖတ်စာမှာ ပြုတ်နဲ့ ပြုပ် ဘယ်ဟာကမှန်ပါသလဲ တရုတ်စံကားပင် နွားတင်းကုပ်နားမှာရှိသည်။ အပွင့်ကိုပြုတ်ပါ။ လက်သုပ် သုပ်စားရအောင်။ အဲ့ဒီမှာ ပြုတ်လို့ရေးထားပါတယ် ပြုပ်မဟုတ်ဘူးလားခင်ဗျ။ ကျေးဇူးပြု၍ရှင်းပြပေးပါခင်ဗျ ပြုတ်က မှန်တယ်။ ပြုတ် ချက်ပြုတ်၊ ပြုတ်ဆန်၊ ပြုတ်တူ၊ ပြုတ်ဖတ်၊ ပြုတ်ပြုတ်ပြုန်း၊ ပြုတ်ရှပ်ရှပ်၊ ပြုတ်လုတဲတဲ၊ ပြုတ်ကြွေ၊ ပြုတ်ကြော်ဟင်း၊ ဖြုတ်၍ပြုတ်၊ အစပြုပ်၊ အပြုတ်တိုက်။ ပြုပ် ပြုပ်ထ၊ ပြုပ်ရှပ်ရှပ် ပြုပ်ဆတ်ဆတ် (မနူးမနပ်) ဖါးပြုပ် အရေတွန့်ရှုပ်၊ ဖါးပြုပ်ကိုယ်နှယ်။ ဝမ်းမှာ ပိုက်ထုပ်၊ ခေါ် ဖါးပြုပ်၊ ရစ်အုပ် ပ ကိုသတ်။ ဒေါက်တာတင့်ဆွေ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...