အသုံးအနှုန်း၊ အရေးအသားနဲ့ သဒ္ဒါ ထပ်တူမကျတာတွေ ရှိတယ်။ အင်္ဂလိပ်စာလုံးတွေကို မြန်မာစာမှာ ယူသုံးရတာတွေလည်း မနည်းတော့ပါ။ အသံထွက်ကိုယူတာတွေနဲ့ စကားလုံးယူတာလို့ ရှိတယ်။ ဒီအကြောင်းအရာကိုတော့ အလျဉ်းသင့်တိုင်း တင်ပြထားပါတယ်။ လိုလာရင် ထပ်ပြီးတင်ပြပါမယ်။
မြန်မာပြည်မှာ အင်္ဂလိပ်သဒ္ဒါ ဝါစင်္က ၈ ပါးလို့ သင်ကြားတယ်။
(၁)
ဝါစင်္က ရှစ်ပါး (အင်္ဂလိပ်စာ)
1. နာမ်
2. နာမ်စား
3. ကြိယာ
4. ကြိယာဝိသေသန
5. နာမဝိသေသန
6. ဝိဘတ်
7. သမ္ဗန္ဓ
8. အာမေဍိတ်
(၂)
ဒသမတန်း မြန်မာသဒ္ဒါ အတွဲ (၂)၊ အခန်း (၆)
1. နာမ်
2. နာမ်စား
3. ကြိယာ
4. ကြိယာဝိသေသန
5. ဝိဘတ်
6. နာမဝိသေသန
7. သမ္ဗန္ဓ
8. ပစ္စည်း
(၃)
1. နာမ်
2. နာမ်စား
3. ကြိယာ
4. ကံ
5. နာမဝိသေသန
6. ကြိယာဝိသေသန
7. ဝိဘတ်
8. သမ္ဗန္ဓ
9. ပစ္စည်း
10. အာမေဍိတ်
သဒ္ဒါထဲက ဝါစင်္ကအပြင် မတူကွဲလွဲတာတွေလည်း ရှိတယ်။ ကြိယာ။
(၁) အတိတ်နဲ့ ပစ္စုပ္ပန်
အင်္ဂလိပ်သဒ္ဒါမှာ ကာလကို အတိအကျလိုက်ရတယ်။
မနေ့က သွားခဲ့သည်။ ယနေ့ သွားသည်။
မြန်မာစာမှာ တခါတခါ ကာလကို အတိအကျ မလိုက်ပါ။
ကနေ့ မိုးရွာသည်။ မနေ့ကမရွာ။ ခဲ့ မထည့်လည်း ဆိုလိုချက် မပျက်ပါ။
ညက အိပ်မက်မက်တယ်။ ခဲ့ မထည့်လည်း ဆိုလိုချက် မပျက်ပါ။
မနှစ်က မိုးကောင်းတယ်။ ခဲ့ မထည့်လည်း ဆိုလိုချက် မပျက်ပါ။
(၂) လိင်
အင်္ဂလိပ်စာမှာ တိကျရတယ်။
သူသည် မောင်ဘဖြစ်၏။
သူမသည် မလှဖြစ်သည်။
မြန်မာစာမှာ သူမ အသုံးက စံကိုက် မဟုတ်ပါ။ သုံးတာတွေတော့ ရှိပါတယ်။
မောင်မြလာနေသည်။ သူက ကျွန်တော့သူငယ်ချင်း ဖြစ်တယ်။
မလှလှ ဈေးသွားသည်။ သူက ဈေးဆစ်တတ်တယ်။ သူမလို့လည်း သုံးနိုင်ပါတယ်။
သူလည်းလေ လောကီသားပေမို့ ကြွားချင်ရှာလိမ်မည်။
သူဆိုတာ ဣတ္တိလိင် နဲ့ရော ပုလ္လိင် နဲ့ပါ ဆိုင်တယ်။
(၃) ဝိဘတ်
အင်္ဂလိပ်စာမှာ တိကျရတယ်။ ဒါပေမဲ့ မြန်မာပြည်မှာသင်တဲ့ အင်္ဂလိပ်စာမှာ လိုအပ်တာတချို့ရှိတယ်။
ရန်ကုန်မှ မန္တလေးသို့ သွားမည်။ ဝိဘတ် တိကျတယ်။
ရန်ကုန်ကနေ မန္တလေးကို သွားမယ်။ က နဲ့ ကို ဆို့ရဲ့ ဝိဘတ် မတူတော့ပါ။ ပြောတာလည်း မမှားပါ။
မြန်မာလို ကုလားထိုင်ပေါ်မှာ ထိုင်နေသည်။
အင်္ဂလိပ်စာမှာ ချဲယားထဲမှာ ထိုင်နေသည် တဲ့။ သူတို့က လက်တင်ပါတဲ့ ထိုင်စရာကိုဆိုလိုတာ။
အင်္ဂလိပ်စာမှာ အိပ်ရာထဲမှာ အိပ်သည်။
မြန်မာလို အိပ်ရာပေါ်မှာ အိပ်သည်။
အိပ်ရာပေါ်တက်မခုံရ။ အင်္ဂလိပ်လိုရော မြန်မာလိုပါ တူတယ်။
(၄) အနည်း အများ
အင်္ဂလိပ်စာမှာ တိကျရတယ်။
စာအုပ်တအုပ်။ စာအုပ် ၃ အုပ်(များ)။
မြန်မာစာမှာ တခါတခါ အများမထည့်တတ်ပါ။
မုံ့တခု ပေးပါ။ မုံ့ နှစ်ခု ပေးပါ။
အင်္ဂလိပ်စာမှာ ဘာလုံးသင်းအမည်ကို အများအနေနဲ့ သုံးတယ်။
မြန်မာစာမှာ တသင်းတိုင်းကို အနည်းအနေနဲ့သာ သုံးပါတယ်။
အင်္ဂလိပ်စာမှာ ငါးတွေ အမျိုးအစားမတူမှသာ fishes တဲ့။ မြန်မာစာမှာက ငါးခူတကောင်၊ ငါးခူနှစ်ကောင်။
အင်္ဂလိပ်စာမှာ Jeans, pants, sheep, news, eyeglasses, alms, deer, tuna, Salmon, you စတာတွေက အမြဲတမ်း အများ။
ကြ
အင်္ဂလိပ်စာမှာ သူတို့သွားကြပြီ။
ကလေးတွေ ကျောင်းသွားပြီ။ ကျောင်းသွားကြပြီ။
ခဲ့
အင်္ဂလိပ်စာမှာ အတိတ်ကြိယာတိုင်းမှာ ခဲ့ ပါတယ်။
မနေ့က သွားခဲ့သည်။ မနက်က ကောက်ဖီသောက်ခဲ့တယ်။
မြန်မာစာမှာ ခဲ့ အသုံးအတွက် သတိထားစရာတွေ ရှိတယ်။
လာပြီ (ပစ္စုပ္ပန်) လာနေသည်။
လာခဲ့ရင်တော့ (အနာဂတ်) မလာသေးပါ။
ပရိသတ်က တောင်းဆိုခဲ့ရင် သီချင်းဆိုပါမယ်။
ငါ့ကို မတိုင်ပင်ဘဲ ရောင်းခဲ့ရင်တော့ ပြန်တောင်းရမှာဘဲ။
မှ နှင့် က
မြန်မာစာမှာ မှ ဝိဘတ်နဲ့ က ဝိဘတ် မှားရေးနေတာတွေ မကြာခဏဖတ်ရတယ်။
ရွာသာရွာမှ ကြိုဆိုပါ၏ - မမှန်ပါ။
ရွာသာရွာက ကြိုဆိုပါ၏
အင်္ဂလိပ်စာမှာ ဝဲလ်ကမ်း-တူ-ရွာသာရွာ။
အင်္ဂလိပ်လို တူ ကို မြန်မာလို သို့ လို့ပြန်လေ့ရှိတယ်။
ဝဲလ်ကမ်း-ဖရွန်-ရွာသာရွာ ဆိုရင် မှားပြီ။
ပြန်စစ်ပြီး လိုတာ ပြင်ပါ ဖြည့်ပါဦးမည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment