Skip to main content

ယမုန်နာဆေးခန်းသစ် အဆက်

ကျွန်တော်လုပ်ပေးနိုင်တာ နောက်တခုလည်း ရှိသေးပြန်တယ်။ အိန္ဒိယ၊ ယမုန်နာဆေးခန်မှာ မွေးပေးခဲ့တဲ့ ကလေးတွေရဲ့ မိသားစုတွေ တတိယနိုင်ငံ ထွက်ရေးအတွက် FRRO ရုံးကနေ ‘အိတ်ဇစ်ပါမစ်’ ခေါ်တာ ယူကြရတယ်။ အဲတာအတွက် ဒီကို မွေးလက်မှတ်တွေ လှမ်းတောင်းကြတယ်။ 

ယမုန်နာဆေးခန်း ‘လက်တာဟက်’ ပြန်ရှာရတယ်။ အချက်အလက်တွေဖြည့်၊ ‘ပရင့်’ ထုတ်၊ လက်မှတ်ထိုး၊ ‘စကင်’ လုပ်ပြီး ပို့ပေးပါတယ်။ 

ကလေးမိဘတွေကလည်း အမျိုးမျိုး။ အမည်စာလုံးကို အတိအကျ မရေးတတ်သူတွေလည်းရှိတယ်။ အမည်ဆိုတာ အစဆုံးစာလုံးကို ကယ်ပီတယ်လက်တား ခေါ် စာလုံးကြီးနဲ့ရေးရတာကို မသိသူတွေလည်း မနည်းပါ။ ချင်းအမည်စာလုံးတွေကို ကျွန်တော်က မှန်အောင် မရေးတတ်။ ပြန်ပြင်ပေးရတာလည်း ရှိတယ်။ ဟိုမှာတုန်းကတော့ ချင်းလူမျိုး ဆရာမတွေရှိတော့ လွယ်တယ်။

တချို့ကလည်း ‘အီးမေးလ်’ နဲ့ ‘မက်စင်ဂျာ’ ကို ကောင်းကောင်း မသုံးတတ်ကြပါ။ ဟိုမှာကျန်ရစ်တဲ့ ဆေးခန်းဆရာမကို မေးပြီး ပြန်ပို့ပါလို့ ခိုင်းရတယ်။

တကယ်တော့ ‘ဘာ့သ်ဆာတီဖီကိတ်’ တော့မဟုတ်။ ကျွန်တော်နဲ့ ကျွန်တော့ လက်ထောက်ဆရာမ တို့ကနေ ဘယ်နေ့ဘယ်ရက်က သူတို့နေအိမ်သွားပြီး ဘယ်အချိန်မှာ ‘မောင်ဘယ်သူ’ ‘မဘယ်သူ’ ကို မွေးပေးကြောင်းနဲ့ ဆေးခန်းကနေ ကာကွယ်ဆေးထိုးကြောင်း စာသာဖြစ်ပါတယ်။ 

တကယ်တော့ ကလေးအားလုံးကို ယမုန်တာဆေးခန်းမှာသာ မွေးပေးရတာ။

အဲဒီ အိန္ဒိယအစိုးရရုံးကလည်း တခါတခါ ခေတ်စကားနဲ့ပြောရရင် ‘ရစ်’ တယ်။ အစတုန်းကတော့ ထောက်ခံစာရိုးရိုး တောင်းတယ်။ နောက်တခါ ကာကွယ်ဆေးတဲ့။ နောက်တခါ လူနာအိမ်သွားမွေးပေးတာ မှန်ကန်ကြောင်းတဲ့။ 

ထောက်ခံစာပို့ပေးရတဲ့မိသားစုတွေ အဆင်ပြေကြသတဲ့။ အခုဆို မိသားစု ၇၀ ကျော် တတိယနိုင်ငံတွေကို ရောက်ကြပြီတဲ့။ အမောပြေစေပါတော့တယ်။

ကနေ့ခေတ်မှာ နိုင်ငံရေး ပြောကြ၊ ဟောကြ၊ ဖြေကြ၊ ရေးကြသူတွေ အများစုက ကျွန်တော်တို့တတွေ ၁၉၉၀ ကနေ ၂၀၀၂ အထိ ၂၂ နှစ်ကျော်ကြာလုပ်ခဲ့တဲ့ NCGUB အစိုးရအလုပ်တွေကို “ဖုတ်လေတဲ့ငပိ” လို့သာ မှတ်ထင်ကြတယ်။ အကောင်းမြင်သူ မရှိသေလောက်ပါ။ မတတ်နိုင်။

အမှတ်ထင်ထင်ကျန်ရစ်တဲ့ ကျွန်တော့နိုင်ငံရေးဆိုတာ ၁၉၉၀ ခုနှစ် နိုဝင်ဘာလမှာ ပုလဲဆေးခန်းက လူနာတွေကို ထားရစ်ခဲ့ရပြီး တိုင်းပြည်ကနေထွက်ပြေး။ ပြည်ပမှာ ဆေးကုသပေးတာနဲ့ ကလေးမွေးပေးတာသာ ဖြစ်ပါတယ်။

“နိုင်ငံရေးဆိုတာ အဲလိုဘဲ” တဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ