Skip to main content

အခုတော့ ‘ဗမာပြည်’ မရှိတော့ပါ



ပုံ ၁ ကို တယောက်နေ ပို့တာဖြစ်ပါတယ်။ ကျေးဇူး။

တင်ပြထားဘူးတာကို ပြန်လည် တင်ပြပါဦးမယ်။

မြန်မာစာမှာ အရေးနဲ့ အဖတ် မတူတာလေးတွေ ရှိတယ်။ အရေးမှာ မှန်ရပြီး၊ အသံထွက်လည်း မမှားရပါ။

'ပန်းသည်' စာလုံးက အရေးအသား အမှန်။ 'ပန်းသယ်' က အဖတ်၊ အဆို။

စံကိုက်သတ်ပုံအရရေးရတဲ့ စာလုံးပေါင်းသတ်ပုံနဲ့ ကဗျာ၊ သံချပ်၊ သီချင်း၊ ဆောင်ပုဒ်၊ ကာတွန်း၊ သတင်းခေါင်းစဉ် စတာတွေမှာသုံးတာ တခါတလေ ထပ်တူမကျတတ်ပါ။ အသံ၊ ကာရန်၊ အားအရ ရေးရတတ်တယ်။

တနေ့က ထပ်ပြီးတင်ပြသေးတယ်။ ကာတွန်းဆရာက ‘စည်းမျဉ်း’ နဲ့ ‘စီးမြင်း’ စာလုံးတွေနဲ့ သရော်ထားတယ်။

စကားပြောသလိုစာရေးနည်း ဖြစ်ပေါ်လာတဲ့နောက်မှာ စနစ်တကျမလေ့လာမိသူတွေက ရောထွေးကုန်ကြတယ်။ စကားပြောသလိုစာရေးနည်းမှာ အားသာချက်တွေရှိပါတယ်။ သတိထားစရာတွေလည်း ရှိတယ်။

ဝတ္ထုကို စာလိုဖြစ်ဖြစ်၊ စကားပြောသလိုစာရေးနည်းဖြစ်ဖြစ် ရေးပါမယ်။ ဝတ္ထုထဲမှာ ဇာတ်ဆောင်တယောက် ပြောတဲ့စကားဟာ စကားသံဖြစ်တယ်။

အရေး "မင်းက သိပ်ခေါင်းမာတဲ့ကောင်ဘဲ"

အဖတ် "မင်းဂ သိပ်ဂေါင်းမာတဲ့ကောင်ဘဲ"

'ပဲ' နဲ့ 'ဘဲ' ဖေါ်မြူလာကို အဟုတ်မှတ်သူတွေက

"ကောင်ပဲ" လို့လုပ်ကြတော့ ပဲစားတာကို ပြောသလား ထင်စေတယ်။

အဲလိုစကားသုံးအရေးဟာ စံကိုက်သတ်ပုံ မဟုတ်ပါ။ နှစ်မျိုးလုံးကို သူ့နေရာနဲ့သူ သုံးစွဲရေးသားတတ်၊ ပြောဆိုတတ်ရပါမယ်။ 

"သူငယ်ချင်းလို့ဘဲ ဆက်၍ခေါ်မည်ခိုင်" ကို "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်" ဆိုပြီး စာအုပ်ပြန်ထုတ်ကြတယ်။ ‘မ’ နောက်က ‘ဘဲ’ လိုက်ဆိုတဲံ သင်ကြားနည်းအမှားကြောင့် ‘ဘဲ’ ကနေ ‘ပဲ’ ဖြစ်တော့ ‘ခိုင်’ က ဆိတ်လို အော်နေသလိုဘဲ။

သီချင်းက "နှစ်ယောထဲနေချင်တယ်"။ သတ်ပုံအရ "နှစ်ယောက်တည်း" နေချင်တယ်။

"ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ဘဲ"။ "ပန်းပန်လျက်ပဲ" လို့ ပြောင်းရေးနေကြတယ်။ "ဆိတ်အုပ်ကဗျာ" ဖြစ်ရော။ မှားတယ်။

ပန်းသည် ပန်းသယ်

မောင်လေးရေ ထပါတော့၊

ရောင်နီ လာလှပေါ။

တကြော့ နှစ်ကြော့ တေးကိုသီ၊

ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း၊

ပင်အောက်ကြိုင်လို့ လန်း။

ဘန်းလေးယူခဲ့ မောင်လေးရယ်၊

သွားကောက်ချေစို့ ကွယ်။

ပန်းသယ်လုပ်စို့ - တပြုံးပြုံး၊

ပန်းတွေ - တကုံးကုံး။ (မင်းသုဝဏ်)

ဆရာမင်းသုဝဏ်ရဲ့ ပန်းသည်ကဗျာမှာ ခေါင်းစဉ်က ပန်းသည်၊ ကဗျာထဲမှာ ပန်းသယ်လို့ ရေးတယ်။

တကြော့ နှစ်ကြော့နဲ့ တကုံးကုံးကို စသတ်လို့ကတော့ ပျက်ရော။

‘ဗမာ’ ကနေ ‘မြန်မာ’ လုပ်စေဆိုတော့ 

နိုင်ငံတော်သီချင်းကိုကြည့်ပါ။

“ကမ္ဘာမကျေ ဗမာပြည် တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ” ကနေ “ကမ္ဘာမကျေ မြန်မာပြည်" လို့ပြောင်းတော့ အားမာန်မပါတဲ့ နိုင်ငံတော်သီချင်းဖြစ်ရော။

မှတ်ချက်မှာ -

‘ပြည်’ ကို ‘ပြေ’ ဟု ဖတ်ပါ။ ‘တို့’ ကို ‘ဒို့’ ဟု ဖတ်ပါ။'

အခုတော့ ‘ဗမာပြည်’ မရှိတော့ပါ။ ‘တို့တတွေ’ လည်း မရှိတော့ပါ။ 'တို့တစ်တွေ' တဲ့။ ပျက်ရော ပျက်ရော။

သတ်ပုံမှန်တွေကိုပါ ဖျက်လိုက်ပြီ။ အဟုတ်ထင်မှတ်နေသူတွေက တတိုင်းတပြည်လုံး။

ဆိုရှယ်မီဒီယာတွေမှာ ရေးတိုင်း မြန်မာစာလို့ ခေတ်လို့ မပြောသင့်ပါ။

ဥပမာ လူကြီးမင်းရဲ့ အမေ၊ အဒေါ်၊ အမ၊ နှမတွေကို ‘ကျယ်မ’ လို့ ရေးရင်း လူကြီးမင်းအမျိုးတွေ လူအထင်သေးခံရလိမ့်မယ်။

ဆိုရှယ်မီဒီယာတွေမှာ ‘ဖေ့စ်ဘွတ်’၊ ‘ဖေ့ဘုတ်’၊ ‘ဖဘ’ လို့ရေးကြတာတွေကိုတော့ စာထဲထည့် မပြောချင်ပါ။ ‘ကျမ’ နဲ့ ‘ဖဘ’ တန်ဘိုးမတူပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ