Skip to main content

နံပတ်တစ်

ဆရာ ကျနော်က အလုပ်မှာ နံပါတ် 1 ဖြစ်ပါတယ်။ အဲ့ဒါ နံပါတ်တလား၊ နံပါတ်တစ်လားဆရာ။

နံပတ် 1 လို့ ရေးရင် နံပါတ်ဝမ်းလို့ ဖတ်ရပါမယ်။ နံပတ် ၁ လို့ရေးရင် နံပတ်တစ်လို့ ဖတ်ရပါမယ်။

Number ကနေလာတဲ့စာလုံးဖြစ်ပါတယ်။ 'နမ်းဘား' သံထွက်ပါတယ်။ ပတ် နဲ့ ပါတ် မတူပါ။

ကျန်းမာရေး မေးကြတာတွေမှာ ဂဏန်းကို မြန်မာစာနဲ့မရေးကြတာ ဘာ့ကြောင့်လဲ မသိပါ။

ကလေးအသက် 2 နှစ် = တူးနှစ်။

ကျမအသက် 40 = ဖေါ်တီး။

ဖျားနေတာ 3 ရက် = သရီးရက်။

တစ် အသုံးမှန်များ

1. ကကတစ်ငါး

2. ကျားမရဲ တစ်သည်။ လူမရဲ ဟစ်သည်။

3. ကာတစ်ဆေးတိုက် (အမည်)

4. ကာတစ်တိုက် 

5. ငပိတစ်ချက်

6. စတစ်ကော်လာ

7. စတစ်အင်္ကျီ

8. ဆင်ပြောင်ကြီး အမြီးမှတစ်

9. ဆယ့်တစ်၊ 

10. ဆိုက်သေးလို့ကျပ်တစ်နေ

11. တစ္ဆေမှင်စာ၊

12. တစ် = ကျားသတ္တဝါသည် တစ်တစ်ဟူသောအသံကိုပြုသည်။

13. တစ်၊ နှစ်၊ သုံး၊

14. တစ်ငှက်၊

15. တစ်ဆို့၊

16. တစ်တစ်ခွခွ၊

17. တစ်တစ်ရစ်ရစ်၊

18. တစ်တရားခံ၊

19. တစ်တီတူး၊ (တီတီတူးငှက် ယခင်သတ်ပုံစာအုပ်)၊

20. တစ်နှစ်အံကျ = ဂဃနဏ။ သေသေချာချာ။ (၁-၂ အံကျကိုဆိုလိုသည်)

21. တစ်ပြေးနေတယ်

22. တစ်ပေးထားတယ်

23. တစ်ရှူး (ဆဲလ် အစုအဝေး)၊

24. တစ်ရှူး (သန့်ရှင်းရေးသုံး စက္ကူ)၊

25. တစ်လစ်၊

26. တစ်အချက်

27. တရာ့တစ်၊

28. တော်နီကာတစ် (လူအမည်)

29. နံပတ်တစ်

30. နှစ်ဆယ့်တစ်

31. ပြူတစ်၊

32. မျိုချမရ တစ်နေသည်

33. ရင်ထဲမှာတော့ တစ်ဆို့ဆို့၊

34. သားငါး တုံးတစ်သည်၊

35. သားတစ် ငါးတစ်၊

36. အတုံးလိုက်အတစ်လိုက်

37. အပေါက်ဝမှာတစ်

ပတ်

ကမ္ပတ်အိမ်၊

ကြိုးနဲ့ပတ်၊

ကွေ့လည်ကြောင်ပတ်၊

ခရုပတ်၊

ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်)၊

ငါးကြီးအန်ပတ်၊

စီကာပတ်ကုံး၊

ညစ်ပတ်၊

တံခါးပတ်တာ၊

တနှစ်ပတ်လုံး၊

တသက်ပတ်လုံး၊

တာလပတ်၊

ထောပတ်၊

ပဋ္ဋိပတ်၊

ပတ္တကျည်ပင်

ပတ္တပိုဏ်ဓူတင်

ပတ်တမွား

ပတ္တရောင်လှည့်၊

ပတ်တလား

ပတ်တာ (တံခါး)

ပတ်တာခံ

ပတ္တာမြေ

ပတ်တူစ

ပတ္ထနာဆုတောင်း

ပတ်ကြမ်းတုတ်

ပတ်ကုံးဝန်းကျင်

ပတ်ချွဲနပ်ချွဲ

ပတ်ချာလည်

ပတ်ခြံ

ပတ်ခြောက်က

ပတ်စာခွာဖျာသိမ်း

ပတ်တီးစည်း

ပတ်တုတ်

ပတ်ပတ်နပ်နပ်

ပတ်ပတ်လည်

ပတ်ပျိုးသီချင်း

ပတ်မကြီး

ပတ်မြှောင်

ပတ်ယတ်လက္ခဏာ

ပတ်ရံ

ပတ်ရစ်

ပတ်လည်

ပတ်လမ်း၊

ပတ်လွှမ်း၊

ပတ်ဝန်းကျင်

ပတ်သက်

ရင်ပတ်၊

ရိုင်ပတ်ဖျာ၊

ရုပ်ပတ်၊

လည်ပတ်ပုဝါ၊

လျောက်ပတ်တင့်တယ်၊

လုံးပတ်ပင်စည်၊

ဝေ့လည်ကြောင်ပတ်၊

သမာပတ်၊

သုံးလေးပတ် (ပတ်လှည့်ခြင်း)၊

အကြောင်းဗျုပ္ပတ်၊

အနားပတ်၊

အပတ်တကုတ်၊

အာပတ်၊

ဥပပတ်၊

ပါတ်

ဇာတ်နိပါတ်တော်၊

တနင်္ဂနွေပါတ် (ကဝိဓဇသတ်ပုံကျမ်း)။

နိပါတ်ပုဒ်၊

ပဋိပါတ် (ဋ္ဋကို အတိုနဲ့ရေးတာဖြစ်၊ ကီးဘုတ်မှာရှာမရ)၊

ပါဏာတိပါတ်၊

ပိဏ္ဍပါတ်၊

သန္နိပါတ်၊

(အွန်လိုင်းသတ်ပုံကျမ်းမှာ ပါတ် တခုမှထည့်မထားပါ။)

အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ နံပါတ်စဉ်စာလုံးမပါ။ နောက်ထုတ် မြန်မာအဘိဓာန် (နောက်ထုတ်)မှာ နံပါတ်၊ နံပါတ်တုတ် လို့ပါတယ်။ အင်္ဂလိပ်လို နမ်းဘား ကနေလာလို့ အသံထွက်အရသာ ယူတယ်လို့ထင်ပါတယ်။ အဲတော့ မြန်စာစံကိုက်သတ်ပုံဟာ နံပတ်လား၊ နံပါတ်လား ပြောမရလို့ ထင်ပါတယ်။ အထောက်အထားတွေ့လာရင် ပြင်ပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ