Skip to main content

ကလေးကဗျာများ - တင်မိုး

၁၉၇၀ ပြည့်နှစ် ကလေးကဗျာ အမျိုးသားစာပေ (ကလေးစာပေ) ဆုရ

၁။ ထီးကလေးနဲ့ မနီ-

မနီကလေး မူမူရာရာ

ထီးကလေးနဲ့ လာ။   ။

လာပါလေရော့ လာပါတော့

ဆရာခေါ်ပါပေါ့။   ။

တမော့မော့နဲ့ စာပေအံ

သူ့တေး စာစာညံ။   ။

ဆရာ့ထံ စာအံရ

မနီ ပထမ။   ။


၂။ ကျောင်းခန်းဝင်-

မနီကလေး လွယ်အိပ်ပြင်

ပိတောက်ပန်းနဲ့ ကျောင်းခန်းဝင်။   ။

မင်္ဂလာပါ ဆရာမ

ညီညီညာညာ နှုတ်ဆက်ကြ။   ။

ဝလုံးကလေး ချစ်စဖွယ်

ဝိုင်းအောင် ရေးတတ်တယ်။   ။

စပယ်လို ဖြူဖြူဖွေး

ဝလုံး ကြူကြူမွှေး။   ။


၃။ ဘဲကလေး-

ရေကန်ဘေးက ဘဲကလေး

ရေကူးမယ်တဲ့လေး။   ။

လယ်တဲကလေး ကမ်းစဆီ

ဘဲငယ် ကူးရသည်။   ။

ဘာမထီတဲ့ ဘဲကလေး

ကူးမယ်အဝေး ကမ်းအဝေး။   ။


၄။ ကြယ်ကလေးတွေ-

လေမုန်တိုင်း ဘယ်လိုဝှေ့ဝှေ့

ကြယ်ကလေးတွေ နေရာမရွေ့။   ။

မိုးငွေ့တွေ ဘယ်လိုလိမ်လိမ်

ကြယ်ကလေးတွေ အရောင်မမှိန်။   ။

အချိန်တွေ ဘယ်လိုသွားသွား

ကြယ်ကလေးတွေ ပျောက်မသွား။   ။

ယောက်ျားဘသား ကြယ်ကလေးများ

အမြဲ တောက်ကြွားကြွား။   ။


၅။ ပန်းသဘင်-

မိုးတွေလေတွေ တခြိမ်းခြိမ်း

တုတ်တုတ်ဂျိမ်း တုတ်တုတ်ဂျိမ်း။   ။

ယိမ်း ကရအောင် ကရအောင်

ပတ်ဗေတိုးဗြောင် ဗေတိုးဗြောင်။   ။

မောင်တို့မယ်တို့ ညီစေသား

ဝိုင်းကြပါလား ဝန်းပါလား။   ။


၆။ လက်ကျန်တဖူး-

မနီလာပါ့ လသာည

လမ်းမဖြူးဖြူး ပန်းကဖူး

မနီ ပန်းတွေခူး။   ။

တဖူးကိုတော့ ဘုရားထံ

တဖူး မေမေပန်။   ။

လက်ကျန်တဖူး လိုချင်က

မနီထံကို လာပါကြ။   ။


၇။ နေလုံးနီနီ-

ငှက်ကလေးတွေ တေးဆိုတုန်း

နေလုံးနီနီ ပေါ်လိမ့်မယ်။   ။

နှင်းဆီဖူးတွေ ပွင့်လာတုန်း

နေလုံးနီနီ ပေါ်လိမ့်မယ်။   ။

ရွှေကြက်ဖ တွန်သံသာ

အိမ်ခေါင်မိုးပေါ်မှာ

ထိုအခါ ရွှင်ရွှင်ပြုံး

နေလုံးနီနီ ပေါ်လိမ့်မယ်။   ။

တောင်ကြီးပေါ်မှာ တက်လို့လာ

လာလျှင်လာခြင်း ရွှေရည်ဝင်း

အလင်းလက်ဆောင် ပေးရအောင်

မောင်ငယ်ထအုံး မယ်ထအုံး

နေလုံးနီနီ ပေါ်လိမ့်မယ်။   ။


၈။ အညာတောစခန်း-

အကဆန်းဆန်း မမပန်း

အညာ တောစခန်း။   ။

လမ်းကလေးညီညီ ပန်းနီနီ

လန်းဆန်းပါ ပေသည်။   ။

ခူးမည် ပန်မည် ပန်းကလေး

သီကာ သီကာ ပေး။   ။


၉။ အများအကျိုး ကိုယ့်အကျိုး-

မနီကလေး ပန်းပန်ချင်

ပန်းဥယျာဉ်ကို ဝင်။   ။

ပန်းပန်ချင်ရင် အပင်ပျိုး

အများအကျိုး ကိုယ့်အကျိုး။   ။

မနီကလေး ထမင်းဆာ

လယ်တောဆီကို လာ။   ။

ထမင်းဆာရင် ကောက်ပင်ပျိုး

အများအကျိုး ကိုယ့်အကျိုး။   ။

မနီကလေး ချွေးစိုစို

ဇရပ်ရိပ်မှာ ခို။   ။

နေခိုချင်လျှင် ဇရပ်မိုး

အများအကျိုး ကိုယ့်အကျိုး။   ။


၁၀။ ကိုရွှေကြောင်-

ကိုရွှေကြောင် ကိုရွှေကြောင်

နှုတ်ခမ်းမွှေး ထောင်ထောင်။   ။

       မောင့်ကျောကို လာမပုတ်နဲ့

       ကြွက်ခုတ်ရအောင်။

       ညောင် ဝေါင်၊ ညောင် ဝေါင်။   ။

ကိုရွှေကြောင် ကိုရွှေကြောင်

မျက်လုံး တပြောင်ပြောင်။   ။

       အမြီးရှည် တဖွားဖွားနဲ့

       ကျားဆရာ ဉာဏ်မများနဲ့

       ကစားရအောင်။

       ညောင် ဝေါင်၊ ညောင် ဝေါင်။   ။


၁၁။ မိုးပေါ်ကအပြန်-

လပေါ်မှာ ကိုကိုဆင်းတော့

မပျင်းရအောင် ကစားမယ်

ယုန်ကလေး ရှိပါတယ်။   ။

ဖိုးဖိုးက ပုံတွေပြောတော့

ပြောသမျှ မှတ်ခဲ့မယ်

ညီညီ့ဘို့ပါကွယ်။   ။

လဆင်းယာဉ် စက်နှိုးလို့

မိုးပေါ်က ပြန်လို့လာ

မေမေမှာတဲ့ ကြယ်တလုံး

ဆွတ်ခဲ့အုံးမယ် ဆွတ်အုံးမယ်

စောင့်ကြိုကြပါကွယ်။   ။


၁၂။ ကစားပွဲ-

ရွှေတလင်း သာသာ

ငွေတလင်း သာသာ

ကစားရအောင်လာ၊

အကုန်ပါလို့ အကုန်ဝိုင်း

ဝိုင်းကြီးပတ်ပတ် ငါတို့ဝိုင်း။   ။

ရွှေလမင်း ဝါဝါ

ငွေလမင်း ဝါဝါ

တလင်းပြင်ပေါ်မှာ၊

မဒွေးပါတဲ့ ကစားပွဲ

ရွှေစွန်ညိုက တဝဲဝဲ။   ။

ရွှေသူငယ်ချင်း လာလာ

ငွေသူငယ်ချင်း လာလာ

အားလုံး ညီညာညာ၊

မရောင်းပါနဲ့ ရွှေဘီး

မရောင်းပါနဲ့ ငွေဘီး

တို့ဝယ်မှာက သနပ်ခ့းဘီး။   ။


၁၃။ အတန်းဖော်များ-

ပထမရတဲ့ မရွှေနီ

ပညာ ထူးချွန်သည်။   ။

ဒုတိယရတဲ့ မောင်ဖိုးကြည်

ကျောင်းတက် မှန်ပေသည်။   ။

တတိယရတဲ့ မလေးရီ

အားကစား တော်ပါသည်။   ။

သဘောကောင်းတဲ့ မောင်တွတ်နီ

စာမှာ ညံ့ရှာသည်။   ။

ညံ့သုတော်ရေး တို့အရေး

အားပေးဝိုင်းကူမည်

တက်ညီ လက်ညီ။   ။


၁၄။ မြန်မာရွှေပြည်-

ကျောက်သံပတ္တမြား ကျွန်းသစ်များ

ပေါများပေသည် စပါးကျီ

မြန်မာရွှေပြည် တို့ရွှေပြည်။   ။

ဇရပ်တန်ဆောင်း စေတီကျောင်း

ခေါင်းလောင်းဝေစည် ချိုပေသည်

မြန်မာရွှေပြည် တို့ရွှေပြည်။   ။

ကိုယ့်အားကိုယ့်ကိုး စိတ်နေရိုး

အမျိုးချစ်သည် စကားတည်

မြန်မာရွှေပြည် တို့ရွှေပြည်။   ။

ပြည်ထောင်စုသား ညီနောင်များ

အားလုံးပိုင်သည် တို့ဆိုင်သည်

မြန်မာရွှေပြည် တို့ရွှေပြည်။   ။


၁၅။ လူလေးဝါသနာ-

အရုပ်ကလေးတွေ ဆွဲချင်တယ်

ခဲတံပေးပါ့ မေမေရယ်။   ။

     ရောင်စုံခြယ်တော့ ကြည့်ပါလား

     မြင်းကျားကလေးတဲ့ဗျား။   ။

အိမ်ကလေးတွေ ဆောက်ချင်တယ်

ကတ်ပြားပေးပါ့ မေမေရယ်။   ။

     အခန်းကျယ်ကို ဆေးခြယ်ထား

     ပြတင်းပေါက်နဲ့ဗျား။   ။

သစ်ပင်ကလေးတွေ စိုက်ချင်တယ်

ပေါက်တူးပေးပါ့ မေမေရယ်။   ။

     နောက်နောင်ခါဝယ် ဆွတ်လို့စား

     ပဒေသာပင်တဲ့ဗျား။   ။


၁၆။ မနက်ခင်း-

မနက်စောစော သီချင်းသီ

ရွှေကြက်ဖကြီး လည်ဆံနီ။   ။

     တချီနှစ်ချီ တွန်လေတော့

     လူလေးနိုးပါပေါ့

     ထလော့ ထလော့။   ။

မနက်စောစော သင်းပျံ့ထုံ

တို့အိမ်ရှေ့က စပယ်ရုံ။   ။

      တငုံ နှစ်ငုံ ပွင့်လေတော့

      မလေးနိုးပါပေါ့

      ထလော့ ထလော့။   ။


၁၇။ မီးအိမ်မှိတ်တုတ်-

နေဝင်ရိုးရီ ပလွေမှုတ်

အိပ်တန်းရှာကြ ဗျိုင်းတအုပ်

တမိုးချုပ်ချုပ် မိုးချုပ်ချုပ်။   ။

ဇီးကွက်ကလေးက တငုတ်တုတ်

သစ်ကိုင်းကြားမှာ အကြံထုတ်

မလှုပ်တလှုပ် လှုပ်တလှုပ်။   ။

တို့ရွာကလေးမှာ ခွေးဝုတ်ဝုတ်

စည်းရိုးကာလို့ ဆူးတာလုပ်

မီးအိမ်မှိတ်တုတ် မီးမှိတ်တုတ်။   ။


၁၈။ နန္ဒာကန်မှာ-

ကျောင်းပိတ်ရက်မှာ ဘာလုပ်မယ်

သမီးပြောပါကွယ်။   ။

ငါးကလေးလို ရေကူးမယ်

နန္ဒာကန်ထဲဝယ်။   ။

ရေကူးပျင်းတော့ ဘာလုပ်မယ်

သမီးပြောပါကွယ်။   ။

ငှက်ကလေးလို လှေလှော်မယ်

လှိုင်းဖြူဖြူထဲဝယ်။   ။

လေလှော်ပျင်းတော့ ဘာလုပ်မယ်

သမီးပြောပါကွယ်။   ။

စက်ဝိုင်းကလေးလို ပတ်ပြေးမယ်

နန္ဒာကန်ဘေးဝယ်။   ။


၁၉။ ကိုရွှေပျင်းနဲ့ မမဲတူ-

မန်ကျည်းပင်ရင်း ကျောလျားခင်း

ယောက်ျား ကိုရွှေပျင်းတဲ့လေး။   ။

ခြေဆင်းလဲလူ မမဲတူ

မိန်းမ အပျင်းထူ။   ။

သူတကာ့အိမ် လည်ကာပတ်

ပါးစပ်မောင်းလို ခတ်တယ်လေး။   ။

ရပ်က ရွာက အတင်းစုံ

ပြောရော့ တနေကုန်။   ။

အချိန်ကုန်မှ ထမင်းချက်

ကိုပျင်း နရင်းနှက်တယ်လေး။   ။


၂၀။ ရှေးရှေးတုန်းက ဟိုတိုင်းပြည်-

ရှေးရှေးတုန်းက ဟိုတိုင်းပြည်

အမေခေါ်လို့ ရောက်ဖူးသည်။   ။

      ဘောဂဝတီက ရွှေနဂါး

      အမောက်ကြီးက တကားကား။   ။

ရှေးရှေးတုန်းက ဟိုတိုင်းပြည်

အမေခေါ်လို့ ရောက်ဖူးသည်။   ။

      ဗာရာဏသီက ဗြဟ္မဒတ်မင်း

      အသက်မသေ ရှည်ဘိခြင်း။   ။

ရှေးရှေးတုန်းက ဟိုတိုင်းပြည်

အမေခေါ်လို့ ရောက်ဖူးသည်။   ။

      မြနဒီနဲ့ ကြာနီလန်း

      မုဉ္စလိန္ဒာ အိုင်သာနန်း။   ။


၂၁။ ရွှေလိပ်ပြာ-

ရွှေလိပ်ပြာ ရွှေလိပ်ပြာ

လူကလေူဆီကိုလာ။   ။

      ရွှေလိပ်ပြာ တောင်ပံကား

      မေမေ့လက်မှာနား။   ။

ရွှေလိပ်ပြာ ရွှေလိပ်ပြာ

ပန်းဝတ်ရည်ကိုရှာ။   ။

      ရွှေလိပ်ပြာ ကြာဆံစား

      နှင်းဆီဖူးမှာနား။   ။

ရွှေလိပ်ပြာ ရွှေလိပ်ပြာ

ဘယ်ကို သင်သွားမှာ။   ။

      ရွှေလိပ်ပြာ ဘယ်မသွား

      လူလေးအိပ်ရာနား။   ။


၂၂။ တို့တာဝန်-

သည်အိမ် ဘယ်သူ့အိမ်

တို့အိမ်။

တို့အိမ်ကောင်းအောင် ဘယ်သူပြု

ငါတို့ မိသားစု။   ။

သည်ကျောင်း ဘယ်သူ့ကျောင်း

တို့ကျောင်း။

တို့ကျောင်းဂုဏ်ကို ဘယ်သူဆောင်

ငါတို့ကျောင်းသူ ကျောင်းသားမောင်။   ။

သည်မြေ ဘယ်သူ့မြေ

တို့မြေ။

တို့မြေသာကြောင်း ဘယ်သူလောင်း

ငါတို့ ပြည်သူအပေါင်း။   ။


၂၃။ လူကလေးတို့ပတ်ဝန်းကျင်-

လူကလေးတို့ အိမ်ဆောက်ရင်

ဗိသုကာကြီး ငှားမှာပင်။   ။

      အိမ်ဆောက်ရာတွင် သူကျွမ်းကျင်

      စာဝါကလေး ငှားပါရှင်။   ။

လူကလေးတို့ ပျင်းပါရင်

ရေဒီယိုကို ဖွင့်မှာပင်။   ။

      ချိုချိုအေးတဲ့ တေးသံလွင်

      ဥသြကလေး ခေါ်ပါရှင်။   ။

လူကလေးတို့ ညမှောင်ရင်

မီးအိမ်ကလေး ထွန်းမှာပင်။   ။

      လင်းရောင်တန်းနဲ့ လမ်းကိုမြင်

      ပိုးစုန်းကြူးလေး အရှိသားရှင်။ ။ (တင်မိုး)

ရှေးစာကဗျာများ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ