Skip to main content

အသီးတရာ အညှာတခု

တေးရေး +တေးဆို - တွံတေးသိန်းတန်
ခေါင်းလောင်းသံတညံညံပေးတဲ့
ရွာကျောင်းကိုပြေးမြင်မိရင်
သတိရနေတယ် သူငယ်ချင်းရေ
တို့များငယ်ငယ်တုန်းက ရွာအဝင်လမ်းဆီကနေ
လက်ချင်းယှက်ကာ ပြေးကာလွှားကာ
ကျောင်းတက်လာကြတာတွေ
မေ့နိူင်မှာလား မင်းတို့ငါတို့
ငယ်ငယ်တုန်းကလေ
ရွာကျောင်းကိုပြေးမြင်မိရင်
သတိရနေတယ် သူငယ်ချင်းရေ
တို့များငယ်ငယ်တုန်းက ရွာအဝင်လမ်းဆီကနေ
လက်ချင်းယှက်ကာ ပြေးကာလွှားကာ
ကျောင်းတက်လာကြတာတွေ
မေ့နိူင်မှာလား မင်းတို့ငါတို့
ငယ်ငယ်တုန်းကလေ
ကကြီးခခွေး ဘယ်လိုရေးပါ
ကလေးစရိုက်မို့ ချော့ကာ ခြောက်ကာ
မြှောက်ကာပင့်ကာ ပညာသင်ပေးတဲ့
ဆရာများဂုဏ်ကျေးဇူးတွေ
လူလားမြောက်တဲ့အခါမှာလေ
တဝမ်းတခါးအတွက်မို့
တလမ်းစီသွားခဲ့ကြပေ
ဟေ့ သူငယ်ချင်းရေ
မိုးမလင်းခင်က
ပျိုးခင်းဝင်ကြ အချိန်ကုန်ပေ
ယာထဲကိုင်းထဲ ဓားဆွဲလို့
တံဇဉ်ကိုကိုင် မပျင်းနိူင်ပါလေ
တို့တတွေက တို့ ရွာမှာနေ
တောင်သူလယ်သမားအဖြစ်နဲ့ ကျန်ရစ်နေခဲ့ပေ
မင်းတို့တတွေက မြို့ကြီးတွေဆီမှာရောက်နေ
ဟေ့သူငယ်ချင်းရေ ဟေ့သူငယ်ချင်းရေ
ဟေ့သူငယ်ချင်းရေ စက်ရုံကြီးတွေဆီ
ကြည့်စမ်းပါဦးလားလေ
တို့အပေါင်းအသင်းရောင်းရင်းတွေများပေ
လွှကိုင်တူကိုင် နိူင်ရာတာဝန်ထမ်း
စက်မှုလုပ်ငန်းတိုးတက်စေဖို့
ကြိုးပမ်းနေကြတာတွေ
ရှိနေပါသေးမင်းတို့ငါတို့ သူငယ်ချင်းတွေ
ကြည်း ရေ လေ တပ်မတော်တွင်းက သူငယ်ချင်းတွေ
ရဲရဲတောက်တိုက်စစ်ဆင်ကာနေ
တောကြားတောင်ကြား မရှောင်ရှား
အများတွက်ဖြင့် အသက်ကိုစွန့်လို့နေ
မင်းတို့အတွက် ဂုဏ်ယူရတယ်လေ
ဟေ့သူငယ်ချင်းရေ
ထိုမှတဝ ဂီတနဲ့ အနုပညာနယ်မြေ
သံသာသာတေး ရေ က ဆို တီး
မညည်းညူနိူင်ပေ ကြည့်စမ်းပါဦးလားလေ
ကလောင်ကိုကိုင်စွဲ
တဖက်တလမ်းက ဝန်ထမ်း
အမှုထမ်းအရာထမ်းတွေလည်းမသွေ
ကျောင်းတုန်းက မြူးပျော်လက်တွဲ
သူငယ်ချင်းများပါပဲလေ
ဟိုမှာဒီမှာ ကြည့်ကြစမ်းရယ်လို့
လက်ညှိးညွှန်ပြ တို့ဘဝအထွေထွေ
ပြောင်းချင်ရာပြောင်းကြပေမယ့်
ရွာကျောင်းရဲ့ ခေါင်းလောင်းသံက
တလွင်လွင် သာမြဲပေ
တို့များငယ်ငယ်တုန်းက ရွာအဝင်လမ်းဆီကနေ
လက်ချင်းယှက်ကာ ပြေးကာလွှားကာ
ကျောင်းတက်လာကြတာတွေ
မေ့ပါနဲ့လား မေ့ပါနဲ့လား သူငယ်ချင်းရေ
အသီးတရာ အညှာတခု https://wwwyoutubecom/watch?v=NzcJDyktBbY&list=PLFc7LfRKZFstp8gpU4YrqE9ZtT4CX2pC7
ချော့ကာ ခြောက်ကာ
တလမ်းစီသွား
တံစဉ်ကိုင်
ညည်းညူ
အရာထမ်း
ထောက်ပြသူ ၂ ဦးကျေးဇူးနဲ့ ပြင်စရာတွေကို ပြင်လိုက်ပါသည်။
ကူးချတာကို မပြင်လိုက်မိ။ ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ