Skip to main content

အဟောင်းနဲ့ အသစ်

ကွန်မင့်တခု = ပုံထဲကစာထက်စာရင် မြစေတီကျောက်စာက ပိုပြီးရေးထုံးမှန်မှာပေါ့ဒေါက်တာရယ်

ကျွန်တော်ကတော့ မြစေတီကျောက်စာ ၄ မျက်နှာလုံးကို မဖတ်တတ်ပါ။ မြန်မာ့စွယ်စုံကျမ်းကနေတဆင့်သာ ဖတ်ရပါတယ်။

မကြာခဏ တင်ပြထားတယ်။ 'ဟောင်းတိုင်းမှန်၊ သစ်တိုင်းမှား' မဟုတ်ပါ။ အကြောင်းအရာတခုစီ၊ စာလုံးတလုံးစီကို ကြည့်ရပါတယ်။

ဥပမာ အစောဆုံးတရားစာတွေကို ပါဠိဘာသာနဲ့ ရေးပါတယ်။ နောက် မြန်မာလိုဘာသာပြန်တယ်။ 

ဗုဒ္ဓဘာသာသာမကပါ ခရစ်ယာန်ကျမ်းစာတွေထဲမှာလည်း ပါဠိစာလုံးတွေ အများကြီးပါတယ်။ ကျမ်းကို ကျကျနနဖတ်သူတွေကို မေးကြည့်တော့ သူတို့လည်း အသေမှတ်ထားရတယ်တဲ့။

ဗုဒ္ဓစာပေကို မြန်မာလိုရှင်းလင်းအောင် ရေးတဲ့အတွက် လယ်တီဆရာတော်ကြီးရဲ့ ကျေးဇူး အင်မတန်ကြီးတယ်။ လက်ထဲမှာ မူရင်း လယ်တီဒီပနီစာအုပ် ရှိပါတယ်။ စာလုံးပေါင်းသတ်ပုံတွေ မှန်တယ်။ လယ်တီဒီပနီ ပြန်ထုတ်တွေက မှားအောင်ပြင်ထားတယ်။

ကင်းဝန်မင်းကြီး လန်ဒန်သွား နေ့စဉ်မှတ်စာတမ်း (၁၉၅၄) ကို ဦးဘေမောင်တင်က ‘တည်းပြဋ်ပြင်ဆင်သည်’ လို့ စာအုပ်ဖုံးမှာ ပုံနှိပ်ထားတယ်။ ကျွန်တော်တို့ ဆယ်တန်း (၁၉၆၄) ရောက်တော့ ‘တည်းဖြတ်’ နဲ့ ‘တည်းပြတ်’ လို့သာ ရေးကြတော့ပါတယ်။

အဲဒီစာအုပ် ဒုတိယတွဲမှာ ‘ဂုမ္ဘဏီတိုက်’ လို့ ရေးပါတယ်။ အခုဆိုရင် ‘ကုမ္ပဏီ’ လို့ရေးလာကြတယ်။

သိပ္ပံမောင်ဝ (ဦးစိန်တင်) အောက်စ်ဖို့ဒ်တက္ကသိုလ် စာအုပ်မူရင်းထဲမှာ ‘စာဟောပွဲ’ လို့သာရေးတယ်။ ‘စပွဲ’ လို့သာ ရေးတယ်။

အဲလို လေ့လာမှတ်သားစရာတွေ အများကြီးရှိတယ်။

အချုပ် - 

ဘယ်အကြောင်းအရာကိုမဆို 

“အဟောင်းတွေ မကောင်း၊ အဟောင်းတွေကောင်း” လို့ မပြောသင့်ပါ။ 

“အသစ်တွေ မကောင်း၊ အသစ်တွေကောင်း” လို့ မပြောသင့်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ