ကွန်မင့်တခု = အိပ်ခါနီးဆရာ့ပို့စ်ဖတ်ရင်း ခေါင်းမူးသွားသူပါ
ဆောရီး။ ပို့စ်ကို ဖျက်လိုက ဖျက်ပါလေ။
မဖျက်ပါဘူးဆရာ ကျွန်မလိုချင်တဲ့အဖြေက အပိတ်မေးခွန်းထုတ်သလိုမျိုး ဒါကအမှန်ဆိုတာကိုပဲလိုချင်ပြီး ဒွိဟတွေကိုမြင်ရတော့ တကယ်ခေါင်းမူးတာပါဆရာ
မကြာခဏ အဲလိုရေးတာမျိုး လာပါတယ်။
မြန်မာစာမှာ မူဟောင်း၊ မူသစ်၊ မူမှန်၊ မူလွဲ၊ မူမှန်၊ မူပြင်နဲ့ မူမှားတွေရှိတယ်။ စုံအောင်ရေးပြပါတယ်။
ဆေးပညာစာတွေမှာလည်း တကြောင်းတည်းနဲ့ မရတာတွေ ရှိတယ်။
တချို့က ကျန်းမာရေးကိုလည်း 'ချတ်' လုပ်ကြသလို တခွန်းမေး တခွန်းဖြေလောက်သာ သိချင်ကြတယ်။
တချို့က လျက်ဆားတောင်းသလို ဘယ်သူလက်ဝါးပြပြ လျက်ဆားတမျိုးတည်းသာ ရချင်ကြတယ်။
တချို့က စာကရှည်တော့ မဖတ်ချင်ဘူးတဲ့။
တချို့က စုံအာင်ရေးပေးပါတဲ့။
HIV ကူးတတ်သလားလို့မေးတာကိုတော့ ကူးတတ်လို့ဖြေလို့ရတယ်။
စောစောကဆေးတမျိုး မေးတယ်။ အဲဒီဆေးက စားဆေးရော လိမ်းဆေးပါရှိတယ်။ စားဆေးဆိုရင် လူနာရဲ့အသက်အရ ဆေးအလေးချိန်မတူပါ။ ဖန်းဂတ်စ် ခေါ် မှိုဆေး။ ဖန်းဂတ်စ် ခေါ် မှိုတွေက မတူပြန်ပါ။ မတူရင် ဆေးအလေးချိန်နဲ့ ဆေးသောက်ရတဲ့ရက် မတူပါ။
ကင်ဆာမေးခွန်းတွေကလည်း အဲလိုလောက်သာသိချင်သူတွေရှိတယ်။ ဥပမာ ရင်သားကင်ဆာဆိုတာနဲ့ မရနိုင်ပါ။ ရင်သားကင်ဆာက အမျိုးအစားခွဲတွေ များတယ်။ ကုသနည်း မတူပါ။ အဆင့်မတူရင်လည်း ကုသနည်းနဲ့ အလားအလာ မတူပါ။
သမားတော်ကြီးဇီဝကလည်း အခုခေတ် မြန်မာပြည်မှာဆေးကုသရရင် ခက်လိမ့်မယ်။
ရမ်းကုဆရာတွေကတော့ ဆရာဝန်တွေထက် အခွင့်သာ လူနာများတယ်။ လူနာတွေရဲ့ အထာကိုကြည့်ပြီး ဆေးကုပေးကြတယ်။
ကျွန်တော်ကတော့ မျက်မမြင်ပုဏ္ဏားခြောက်ယောက်ထက် အဖြစ်ဆိုးတယ်။ သူတို့ကမှ လက်နဲ့စမ်းလို့ရကြသေးတာ။
မြန်မာစာမှာ ပိုခက်တာက တသွေးတသံ တမိန့်နည်းနဲ့သင်ပေးနေကြတယ်။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment