Skip to main content

သတ္တမမြောက် ပုဏ္ဏား

တင်ထားတဲ့စာ = အဖေ အမေ အကို အမ

ကွန်မင့်တခု = အိပ်ခါနီးဆရာ့ပို့စ်ဖတ်ရင်း ခေါင်းမူးသွားသူပါ

ဆောရီး။ ပို့စ်ကို ဖျက်လိုက ဖျက်ပါလေ။

မဖျက်ပါဘူးဆရာ ကျွန်မလိုချင်တဲ့အဖြေက အပိတ်မေးခွန်းထုတ်သလိုမျိုး ဒါကအမှန်ဆိုတာကိုပဲလိုချင်ပြီး ဒွိဟတွေကိုမြင်ရတော့ တကယ်ခေါင်းမူးတာပါဆရာ

မကြာခဏ အဲလိုရေးတာမျိုး လာပါတယ်။

မြန်မာစာမှာ မူဟောင်း၊ မူသစ်၊ မူမှန်၊ မူလွဲ၊ မူမှန်၊ မူပြင်နဲ့ မူမှားတွေရှိတယ်။ စုံအောင်ရေးပြပါတယ်။

ဆေးပညာစာတွေမှာလည်း တကြောင်းတည်းနဲ့ မရတာတွေ ရှိတယ်။

တချို့က ကျန်းမာရေးကိုလည်း 'ချတ်' လုပ်ကြသလို တခွန်းမေး တခွန်းဖြေလောက်သာ သိချင်ကြတယ်။

တချို့က လျက်ဆားတောင်းသလို ဘယ်သူလက်ဝါးပြပြ လျက်ဆားတမျိုးတည်းသာ ရချင်ကြတယ်။

တချို့က စာကရှည်တော့ မဖတ်ချင်ဘူးတဲ့။

တချို့က စုံအာင်ရေးပေးပါတဲ့။

HIV ကူးတတ်သလားလို့မေးတာကိုတော့ ကူးတတ်လို့ဖြေလို့ရတယ်။

စောစောကဆေးတမျိုး မေးတယ်။ အဲဒီဆေးက စားဆေးရော လိမ်းဆေးပါရှိတယ်။ စားဆေးဆိုရင် လူနာရဲ့အသက်အရ ဆေးအလေးချိန်မတူပါ။ ဖန်းဂတ်စ် ခေါ် မှိုဆေး။ ဖန်းဂတ်စ် ခေါ် မှိုတွေက မတူပြန်ပါ။ မတူရင် ဆေးအလေးချိန်နဲ့ ဆေးသောက်ရတဲ့ရက် မတူပါ။

ကင်ဆာမေးခွန်းတွေကလည်း အဲလိုလောက်သာသိချင်သူတွေရှိတယ်။ ဥပမာ ရင်သားကင်ဆာဆိုတာနဲ့ မရနိုင်ပါ။ ရင်သားကင်ဆာက အမျိုးအစားခွဲတွေ များတယ်။ ကုသနည်း မတူပါ။ အဆင့်မတူရင်လည်း ကုသနည်းနဲ့ အလားအလာ မတူပါ။

သမားတော်ကြီးဇီဝကလည်း အခုခေတ် မြန်မာပြည်မှာဆေးကုသရရင် ခက်လိမ့်မယ်။

ရမ်းကုဆရာတွေကတော့ ဆရာဝန်တွေထက် အခွင့်သာ လူနာများတယ်။ လူနာတွေရဲ့ အထာကိုကြည့်ပြီး ဆေးကုပေးကြတယ်။

ကျွန်တော်ကတော့ မျက်မမြင်ပုဏ္ဏားခြောက်ယောက်ထက် အဖြစ်ဆိုးတယ်။ သူတို့ကမှ လက်နဲ့စမ်းလို့ရကြသေးတာ။

မြန်မာစာမှာ ပိုခက်တာက တသွေးတသံ တမိန့်နည်းနဲ့သင်ပေးနေကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ