Skip to main content

ကစွန်း ကန်ဇွန်း ကန်စွန်း

၁။ (က) စွန်းကို (ကန်)စွန်းလို့  တချို့လူတွေ ရေးနေကြတာကို တွေ့နေရပါတယ်။ ဘယ်လိုကြောင့်၊ ဘာ့ကြောင့် (က) စွန်းကနေပြီး (ကန်) စွန်းဖြစ်ရတာလဲ။ ရေးကြတာလဲ။ သိကြသူများ ပြောကြပါဦးဗျာ။

၂။ ကန်ဇွန်းလား ကန်စွန်း ဆရာ။

ကစွန်း နဲ့ ကန်စွန်း မူကွဲဖြစ်ပါတယ်။ ကန်ဇွန်း မမှန်ပါ။

စကားလုံးဝေါဟာရတွေကို ထင်သလို လိုသလို ဖွင့်ဆိုနေကြတယ်။ မမှန်တာတွေက များတယ်။

တချို့က ပြောကြတယ်။ ရေကန်စပ်မှာပေါက်လို့ 'ကန်စွန်း' တဲ့။ ကျွန်တော့အိမ်မှာ ရေကန်မရှိပါ။ နွေရာသီရောက်တိုင်း မြေကြီးမှာ စိုက်ပါတယ်။ 'မြေစွန်းပင်' လို့တော့ မခေါ်ပါ။

ကန်စွန်း လည်း မမှားပါ။ ၁၉၆၄-၆၅ ခုနှစ်က စိတ်ကြိုက်မြန်မာစာ ကျောင်းသုံးစာအုပ်မှာ ဆရာဇေယျက 'ကန်စွန်းနွယ်' လို့ ရေးထားတယ်။ သိပ္ပံဘာသာတွဲယူတဲ့ ကျွန်တော်က ငှားဖတ်တယ်။ ကောင်းတယ်။ သတ်ပုံတွေလည်း အကုန်မှန်တယ်။


သင်ပုန်းကြီး လင်္ကာ

က ကစွန်းပင် ရေမှာရွှင်

ကန်စွန်းနွယ် (ဇေယျ)

ရိုးတလျှောက် (ဦးကြီး)

ဖြိုးမောက်ပါတဲ့ လယ်ပဒူ

အရွက်ချွန်း ကန်စွန်း ပုဇွန်စာနဲ့

လွန်တရာ ကညွတ်ပေါတယ် (လွန်တစ်ရာ ဆိုရင်တော့ စားမဖြစ်တော့)

တောဖြစ်လို့ထူ။

မှိုနားတို ငွေရောင်ဖျော့ငယ်နှင့်

ရွှေကနဖော့ ကြာရိုးဖြူ

ချိုးယူလို့ မကုန်ခန်း။

ပတ္တမြားရောင်

ဖားကပေါင် သံလွင်နှင့်

ရွှေညံပင် ရှုပ်မရှင်းတယ်

ကွင်းပြည့်ခမန်း။

စတုတ္ထတန်း မြန်မာဖတ်စာ အသစ်ထုတ် မှားနေတယ်။

ဇွန်း

ဟင်းခပ်ဇွန်း

လက်ဖက်ရည်ဇွန်း

ကလေးဆေးတိုက်ဇွန်း

စတီးဇွန်း

ကြွေဇွန်း

ကြေးဇွန်း

ဒန်ဇွန်း

အိုးကြီးချက်ရာတွင်သုံးသော ဇွန်းကြီးကြီးကို ယောက်ချိုဟုခေါ်၏။

ဇွန်းခြစ်အုန်းသီး

၁၉၇၀ ဝန်းကျင်က ရန်ကုန်အဝင် မီးရထားလမ်းဘေးတွေမှာ ကစွန်းခင်းကြီးတွေရှိတယ်။ 'ရထားလမ်းစွန်းပင်' လို့ မခေါ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...