လူကြီးမင်းက အနှောင့်အယှက်ပေးတာတွေ အတော်များနေပြီ။
မေးတာတွေအားလုံး တခုမကျန်လည်း အထပ်ထပ်အခါခါ တင်ပြထားပြီးပြီ။
ပညာ စာ သုတ ဆိုတာ 'ချတ်' လုပ်သလို တခွန်းမေး တခွန်းဖြေ လုပ်ရတဲ့အရာ မဟုတ်ပါ။
လူကြီးမင်းကနေ ကျွန်တာ့ကို 'ဘလော့' စေလိုပါတယ်။
နောက်တချက် -
စကားလုံးဝေါဟာရတွေကို တင်ပြတဲ့အခါမှာ ဘယ်တုန်းက၊ ဘယ်ထဲမှာ၊ ဘယ်လိုရေးပါကြောင်းကို အထောက်အထားတွေနဲ့တကွ တင်ပြပါတယ်။ ကျွန်တော့နေ "ဒီတလုံးတည်းကိုသာသုံးစေ" လို့ အမိန့်ပေးနိုင်ခြင်း မရှိပါ။
ဘယ်စာလုံးမှ ကိုယ်ပိုင် မရှိပါ။ ကျွန်တော့အမည်ဆိုတာလည်း သဒ္ဒါအရသာ ‘ကိုယ်ပိုင်အမည်’ ဆိုပေမဲ့ သူငယ်တန်းကျောင်းအပ်တော့ ကျောင်းအုပ်ဆရာမကြီးက စာရင်းသွင်းတဲ့စာလုံးပေါင်းအတိုင်းသာ သုံးစွဲပါတယ်။
ဗမာ၊ မြန်မာ၊ ပဌမ၊ ပထမ၊ တဆူ၊ တပါး၊ တဦး၊ တယောက်၊ တခု စတဲ့ စာလုံးတွေအားလုံးဟာ ကျွန်တော့ ကိုယ်ပိုင်တီထွင်ရေးသားထားတာတွေ မဟုတ်ပါ။
ဒီအကြောင်းကိုလည်း အနည်းဆုံး ၁၀ ကြိမ်လောက် တင်ပြထားပြီးဖြစ်တယ်။
လူကြီးမင်းဘဲ ဖြစ်မယ်ထင်တယ်။ 'အကောင့်' အမည်တွေပြောင်းပြီ။ ထပ်တလဲလဲ၊ ထပ်ခါထပ်ခါ လာပြီး အနှောင့်အယှက်ပေးနေတယ်။
ထပ်ပြီး 'ရီပို့' နဲ့ 'ဘလော့' လုပ်ပါဦးမယ်။
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment