Skip to main content

William Shakespeare သက်တမ်းလို့ ရေးရ

ကွန်မင့်တခု = သက်တန်းကုန်နေတဲ့ မုံ့ကိုတော့ မစားဖြစ်တော့ပါ သက်တမ်းရှိတဲ့ မုန့်ကိုသာ စားဖြစ်ပါတယ်

သက်တမ်းလို့ ရေးရ။

တန်း နှင့် တမ်း https://burmese-spelling.blogspot.com/2023/12/blog-post_60.html

ကွန်မင့်ရေးသူက မုံ့ လို့ရေးတာကို သက်တမ်းကုန်ပြီလို့ ငေါ့မှန်း သိပါတယ်။

မူကွဲ စာလုံးတွေကို ခဏခဏတင်ပြထားတယ်။ မုံ့ နဲ့ မုန့် က မူကွဲ။ 

မူကွဲမှန်ရင် ၂ မျိုးလုံး သုံးနိုင်တယ်။ တချို့စာလုံးတွေမှာ မူကွဲ ၂ ခုမက ရှိတယ်။ ဥပမာတွေ မထည့်တော့ပါ။ သိပြီးသားလူတွေကို အားနာရတယ်။

မြန်မာစာမှာ သက်တမ်းရယ်လို့ မရှိပါ။

အင်္ဂလိပ်စာမှာလည်း အလားတူဘဲ။ ရှိတ်စပီးယားရေးခဲ့သလို အခုမရေးကြတော့ပါ့။ ဒါပေမဲ့ ရှိတ်စပီးယားစာတွေကို ပြန်ထုတ်တိုင်း မူရင်းစပယ်လင်တွေနဲ့သာ ထုတ်ပါတယ်။ အုပ်ရေသန်းပေါင်း မနည်းတော့ပါ။

မြန်မာစာမှာသာ ဆရာတင်မိုးသက်ရှိထင်းရှားရှိကတည်းက မှားအောင်ပြင်မှ ထုတ်ဝေခွင့်ရတယ်။

ဘာသာစာပေဆိုတာ ဆေးတွေလို သက်တမ်းကုန်ပြီလို့ မရှိပါ။ 

ခပ်ရိုင်းရိုင်း ဥပမာတခု ပေးပါမယ်။ ကန်တော့။

"ငါအဖေ သေပြီကွာ အဖေမတော်တော့ဘူး" လို့ ပြောမှာလား။ ကန်တော့။

ဒေါက်တာတင့်ဆွေ

Comments