Skip to main content

အရမ်း အလွန် မိုက် အလွန်တရာ

၁။ “အရမ်း” ဆိုတဲ့ ကြိယာဝိသေသနကို ကောင်းတဲ့အဓိပ္ပာယ်ကို ပြောတဲ့ညွှန်းတဲ့အခါမှာ မသုံးရဘူးလို့လည်း ပြောတာကြားဖူးထားပါတယ်ဆရာ။ ဥပမာ - “အရမ်းကျေးဇူးတင်တယ်။” ဒီလိုမျိုးမှာ “အရမ်း”ဆိုတဲ့အသုံးကို မပြောရပါဘူးတဲ့ ဆရာ။ အကျိုးအကြောင်း ဆီလျော်ပါရဲ့လားဆရာ။
ဘန်းစကား၊ ခေတ်စကားတွေမှာ ထောက်ပြစရာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ စကားလုံးကို၌က စံကိုက်ဝေါဟာရတွေ မဟုတ်ကြပါ။ သတ်ပုံကျမ်းတွေမှာ ပါခဲတယ်။
ဥပမာ 'မိုက်တယ်' ဆိုတာ မယဉ်ကျေးဘူးလို့ ပြောချင်တာမဟုတ်တဲ့သဘောလည်း သုံးကြတယ်။ "ဒီဇာတ်ကားက သိပ်မိုက်တာဘဲ"။ "ဒီဇာတ်လိုက်က အရမ်းမိုက်တယ်"။ 'ခပ်မိုက်မိုက်ဘဲ' ဆိုတာ လူရမ်းကားကို ဆိုလိုတာ ဟုတ်ချင်မှ ဟုတ်မယ်။ "မင်းက ဒီအဝတ်အစားနဲ့ မိုက်တယ်နော်'။
"အရမ်းလှတယ်" ဆိုတာ ဘန်းစကာအနေနဲ့တော့ ပြောလေ့ရှိကြတယ်။
'အရမ်း' ဆိုတာ ရမ်းကားတယ်လို့ ဆိုလိုတာ ဟုတ်ချင်မှ ဟုတ်ပါမယ်။
အရန်းအတား = ကာဆီးစောင့်ရှောက် (ယခင်အသုံး)
အရမ်း = အလွန်အကဲ (ခေတ်သုံး)
ကျွန်တော်က အကုန်သိတာတော့ မဟုတ်။ မြန်မာစာပညာရှင်လည်း မဟုတ်ပါ။
၂။ မင်္ဂလာပါ ဆရာ မြန်မာစာနှင့်ပက်သက်၍(ပတ်သက်၍) "အရမ်း" နှင့် "အလွန်" ၏အဓိပ္ပါယ်နှင့် သုံးသည့်နေရာကွာခြားပုံကို သိပါရစေရှင့်။
'အရမ်း' ဆိုတာ ကြိယာဝိသေသန။ 'ဆာတယ်' က ကြိယာ။ ဥပမာ -
'မြန်မြန်' ပြေးသည်။ 'အလွန်' သဘောကျသည်။ 'မတရား' ဆိုးဝါးသည်။
အဲဒါကြောင့် 'အရမ်း ဆာသည်' က မှန်ပါမယ်။
စကားပြောရာမှာတော့ ဆာလိုက်တာ အရမ်းဘဲ။ လှလိုက်တာ အလွန်ဘဲ စသဖြင့် ပြောကြတယ်။
ဗိုက်အရမ်းဆာတယ် နဲ့ အရမ်းဗိုက်ဆာတယ် နှစ်ခုလုံး မမှားပါ။
ဆာတယ်လို့ အသုံးများပေမယ့် တချို့က ဗိုက်ဆာတယ်လို့ ပြောကြတယ်။ အရမ်း ဝိသေသနက ဗိုက်ကို အထူးမပြုရ။ ဆာတာကိုသာ အထူးပြုရမယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၈၀) အရ -
အလွန် အဆင်းလှ၏။
အလွန်အကြူး မစားသုံးရာ။
“အရမ်း” ဆိုတဲ့ ကြိယာဝိသေသနကို ကောင်းတဲ့အဓိပ္ပာယ်ကို ပြောတဲ့ညွှန်းတဲ့အခါမှာ မသုံးရဘူးလို့လည်း ပြောတာကြားဖူးထားပါတယ်ဆရာ။ ဥပမာ - “အရမ်းကျေးဇူးတင်တယ်။” ဒီလိုမျိုးမှာ “အရမ်း”ဆိုတဲ့အသုံးကို မပြောရပါဘူးတဲ့ ဆရာ။ အကျိုးအကြောင်း ဆီလျော်ပါရဲ့လားဆရာ။
ဘန်းစကား၊ ခေတ်စကားတွေမှာ ထောက်ပြစရာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ စကားလုံးကို၌က စံကိုက်ဝေါဟာရတွေ မဟုတ်ကြပါ။ သတ်ပုံကျမ်းတွေမှာ ပါခဲတယ်။
ဥပမာ 'မိုက်တယ်' ဆိုတာ မယဉ်ကျေးဘူးလို့ ပြောချင်တာမဟုတ်တဲ့သဘောလည်း သုံးကြတယ်။ "ဒီဇာတ်ကားက သိပ်မိုက်တာဘဲ"။ "ဒီဇာတ်လိုက်က အရမ်းမိုက်တယ်"။ 'ခပ်မိုက်မိုက်ဘဲ' ဆိုတာ လူရမ်းကားကို ဆိုလိုတာ ဟုတ်ချင်မှ ဟုတ်မယ်။ "မင်းက ဒီအဝတ်အစားနဲ့ မိုက်တယ်နော်'။
"အရမ်းလှတယ်" ဆိုတာ ဘန်းစကာအနေနဲ့တော့ ပြောလေ့ရှိကြတယ်။
'အရမ်း' ဆိုတာ ရမ်းကားတယ်လို့ ဆိုလိုတာ ဟုတ်ချင်မှ ဟုတ်ပါမယ်။
အရန်းအတား = ကာဆီးစောင့်ရှောက် (ယခင်အသုံး)
အရမ်း = အလွန်အကဲ (ခေတ်သုံး)
အလွန် = ပိုလွန်စွာ။
ရုဇာအမည်ရှိ၏။ အလွန်အဆင်းလှ၏။ နာဇာတ်။ ၅။
အလွန်တရာ = အလွန့်အလွန်။
နက်ဖြန်မှ ပြန်ပါမည်ဖြစ်၍ အရှင့်သားကြွလာမည်မှာ အလွန်တရာပင်တော်လျော်ပါ၏။ ရကြေး။ ၁၄၀။
အရမ်းကာရော = အရမ်း။
ဤသို့ပြောင်းလဲရာ၌ အရမ်းကာရောပြောင်းလဲသည်မဟုတ်ပေ။ ဘောဂ။၁၅။
အလွန့်အလွန်။ နက်ဖြန်မှ ပြန်ပါမည်ဖြစ်၍ အရှင့်သားကြွလာမည်မှာ အလွန်တရာပင် တော်လျော်ပါ၏။ 
အလွန်တရာအကျိုးစီးပွားကိုတိုးတက်စေသောဣစ္ဆာသယလိုတရဂါထာတော်ကြီး
အလွန်တရာမှသိသင့်၊သိထိုက်သည့်တန်ဖိုးကြီးမားသည့်တရား
ကြာနီကန်ဆရာတော် ဦးဇဋိလ ဟောကြားသော "အလွန်တရာကပ်စေးနဲသည့် မစ္ဆရိယသူဌေး" အကြောင်း တရားတော်
တင်းဝါး တပင်တိုင်ဝါး အလွန်တရာ အသုံးဝင်၏ https://dr-tint-swe.blogspot.com/2021/12/blog-post_33.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...