Skip to main content

မြန်မာအက္ခရာသမိုင်း

လူသားတွေစာရေးဖို့ ဗျည်းအက္ခရာ တည်ထွင်ခဲ့ကြရာမှာ တုတ်ချောင်း ၊ ပဲပင်ပေါက်စသည် အမျိုးမျိုး အခြေခံခဲ့ကြပေမဲ့ ကမ္ဘာမှာ ဗမာလူမျိုးတမျိုးတည်းသာ ဝလုံးကိုအခြေခံတည်ထွင်ရေးသားခဲ့ကြသည်ဟု ဖတ်ဖူး မှတ်ဖူးပါသည်၊ ဟုတ်ပါသလား။

မြန်မာအက္ခရာသမိုင်း

ဘီစီ ၅၀၀ နဲ့ အေဒီ ၃၀၀ ကြားမှာစတင်ပေါ်ခဲ့တယ်။ ဗြာဟ္မီအရေးအသားကနေလာတယ်။ ဗြာဟ္မီဆိုတာ အိန္ဒိယနိုင်ငံကနေ လာတယ်။ မြန်မာအက္ခရာတည်ဆောက်ပုံက ဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာနဲ့ သရတွဲသင်္ကေတတွေ ရောထားတယ်။ သေးသေးတင်နဲ့ ဝစ္စပေါက်တွေလည်းပါတယ်။ 

အိန္ဒိယနိုင်ငံကနေ ကနေ့မြန်မာနိုင်ငံထဲမှာ ပေါ်ပေါက်နေတဲ့ ပျူ၊ မြန်မာ၊ မွန်နဲ့ ရခိုင် မြို့ပြနိုင်ငံတွေဆီရောက်လာတယ်လို့ ယူဆရတယ်။ ရခိုင်၊ ပျူ နဲ့ မွန်နောက်မှသာ မြန်မာစာဖြစ်လာတယ်။ ပါဠိနဲ့ သက္ကတ (ဆန်းစ်ကရစ်) ဘာသာတွေလည်း ရောနှောနေတယ်။ တဖြည်းဖြည်း ပြောင်းလဲလာတာတွေရှိတယ်။ မြန်မာစာနောက်မှာ မြန်မာစာအခြေပြု ကရင်၊ ပအိုဝ့်၊ ရှမ်း၊ တိုင်းရင်းသားစာတွေလည်း ပေါ်ထွန်းလာတယ်။ 

လက်ရှိ မြန်မာစာမှာ ဗျည်း ၃၃ လုံးပါတယ်။ ဗျည်းတွဲသင်္ကေတတွေကတော့ ရရစ်၊ ယပင့်၊ ဝဆွဲနဲ့ ဟထိုး။ အဲတာတွေ ၂ မျိုးပေါင်းတာလည်းရှိတယ်။ 

အသတ်ဗျည်း (၁၀) ခုရှိတယ်။ ကသတ်၊ ငသတ်၊ စသတ်၊ ညလေးသန်၊ ညကြီးသတ်၊ တသတ်၊ နသတ်၊ ပသတ်၊ မသတ်၊ ယသတ်။ လက်ရှိသုံးနေတောတွေက က်၊ ခ်၊ ဂ်၊ င်၊ စ်၊ ဇ်၊ ဉ်၊ ည်၊ ဋ်၊ ဌ်၊ ဏ်၊ တ်၊ ထိ၊ ဒ်၊ ဓ်၊ န်၊ ပ်၊ ဗ်၊ ဘ်၊ မ်၊ ယ်၊ ရ်၊ လ၊ ဝ်၊ သ်၊ ဟ်၊ ဠ်။

မြန်မာသရအက္ခရာများ

အခြေခံ (၁၂) လုံးရှိတယ်။ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အံ၊ အို။

၏၊ ၍၊ ၌ တို့က အတိုရေးသင်္ကေတ ၃ ခုဖြစ်တယ်။

ကျွန်တော် လေ့လာမိသလောက်သာဖြစ်ပါတယ်။ မြန်မာစာဟာ နှစ်ကာလရှည်တယ်။ အခြေခံခိုင်မာတယ်။ ပွါးစည်တယ်။ ပြောင်းလဲတယ်။ ပိုပြီး ရှင်းလင်း လွယ်ကူအောင်သာပြောင်းရိုးရှိတယ်။ မျက်စိအောက်မှာ ပြောင်းခိုင်းတာတွေက မှန်နေတာကို လွဲစေအောင်၊ ရှင်းနေတာကို ရှုအောင် ခက်အောင် လုပ်ခိုင်းတာသာဖြစ်တယ်။ ကျွန်တော် သဘောမတူတာ တချို့ရှိတယ်။ ဆောရီး။ ကန်တော့။

အသတ်အကြောင်းက နက်နဲတယ်။ ဝဏ္ဏဗောဓနသတ်အင်းကို ၁၉၆၁ ခု ဇွန်လမှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ ညောင်ရမ်းခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ အရှင်ဥက္ကံသမာလာက ပြုစုထားတာကို ဦးတင်ဧက တည်းပြတ်တာ ဖြစ်တယ်။ ကျွန်တော်တို့ ဆယ်တန်း (၁၉၆၄-၆၅) မှာ လက်စွဲစာအုပ်ဖြစ်တယ်။ ပေါ်လစီ တစသတ်တွေ မှားနေတာကို အဲဒီ သတ်အင်းနဲ့ တိုက်ကြည့်ရင် သိတယ်။ အဲတာကြောင့် ဒိုင်ခံထောက်ပြနေတာ။

အခုခေတ်မှာ ဖေ့စ်ဘွတ်ကိုသာ ဆရာတင်နေကြတယ်။ လွဲရေးထာတာကို တယောက်ပြီးတယောက်က ထပ်ထပ်တင်ကြတယ်။ မှန်အောင်မရေးတတ်သူကို ဆရာကြီးတဲ့။ မှားရေးသူကို ဆရာမကြီးတဲ့။ လွဲရေး ဆဲရေးသူကို ဆဲလီတဲ့။

ဒေါက်တာတင့်ဆွေ

၃၁-၈-၂၀၁၉

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ