မြန်မာအက္ခရာသမိုင်း
ဘီစီ ၅၀၀ နဲ့ အေဒီ ၃၀၀ ကြားမှာစတင်ပေါ်ခဲ့တယ်။ ဗြာဟ္မီအရေးအသားကနေလာတယ်။ ဗြာဟ္မီဆိုတာ အိန္ဒိယနိုင်ငံကနေ လာတယ်။ မြန်မာအက္ခရာတည်ဆောက်ပုံက ဗျည်းအက္ခရာ၊ ဗျည်းတွဲသင်္ကေတ၊ သရအက္ခရာနဲ့ သရတွဲသင်္ကေတတွေ ရောထားတယ်။ သေးသေးတင်နဲ့ ဝစ္စပေါက်တွေလည်းပါတယ်။
အိန္ဒိယနိုင်ငံကနေ ကနေ့မြန်မာနိုင်ငံထဲမှာ ပေါ်ပေါက်နေတဲ့ ပျူ၊ မြန်မာ၊ မွန်နဲ့ ရခိုင် မြို့ပြနိုင်ငံတွေဆီရောက်လာတယ်လို့ ယူဆရတယ်။ ရခိုင်၊ ပျူ နဲ့ မွန်နောက်မှသာ မြန်မာစာဖြစ်လာတယ်။ ပါဠိနဲ့ သက္ကတ (ဆန်းစ်ကရစ်) ဘာသာတွေလည်း ရောနှောနေတယ်။ တဖြည်းဖြည်း ပြောင်းလဲလာတာတွေရှိတယ်။ မြန်မာစာနောက်မှာ မြန်မာစာအခြေပြု ကရင်၊ ပအိုဝ့်၊ ရှမ်း၊ တိုင်းရင်းသားစာတွေလည်း ပေါ်ထွန်းလာတယ်။
လက်ရှိ မြန်မာစာမှာ ဗျည်း ၃၃ လုံးပါတယ်။ ဗျည်းတွဲသင်္ကေတတွေကတော့ ရရစ်၊ ယပင့်၊ ဝဆွဲနဲ့ ဟထိုး။ အဲတာတွေ ၂ မျိုးပေါင်းတာလည်းရှိတယ်။
အသတ်ဗျည်း (၁၀) ခုရှိတယ်။ ကသတ်၊ ငသတ်၊ စသတ်၊ ညလေးသန်၊ ညကြီးသတ်၊ တသတ်၊ နသတ်၊ ပသတ်၊ မသတ်၊ ယသတ်။ လက်ရှိသုံးနေတောတွေက က်၊ ခ်၊ ဂ်၊ င်၊ စ်၊ ဇ်၊ ဉ်၊ ည်၊ ဋ်၊ ဌ်၊ ဏ်၊ တ်၊ ထိ၊ ဒ်၊ ဓ်၊ န်၊ ပ်၊ ဗ်၊ ဘ်၊ မ်၊ ယ်၊ ရ်၊ လ၊ ဝ်၊ သ်၊ ဟ်၊ ဠ်။
မြန်မာသရအက္ခရာများ
အခြေခံ (၁၂) လုံးရှိတယ်။ အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အံ၊ အို။
၏၊ ၍၊ ၌ တို့က အတိုရေးသင်္ကေတ ၃ ခုဖြစ်တယ်။
ကျွန်တော် လေ့လာမိသလောက်သာဖြစ်ပါတယ်။ မြန်မာစာဟာ နှစ်ကာလရှည်တယ်။ အခြေခံခိုင်မာတယ်။ ပွါးစည်တယ်။ ပြောင်းလဲတယ်။ ပိုပြီး ရှင်းလင်း လွယ်ကူအောင်သာပြောင်းရိုးရှိတယ်။ မျက်စိအောက်မှာ ပြောင်းခိုင်းတာတွေက မှန်နေတာကို လွဲစေအောင်၊ ရှင်းနေတာကို ရှုအောင် ခက်အောင် လုပ်ခိုင်းတာသာဖြစ်တယ်။ ကျွန်တော် သဘောမတူတာ တချို့ရှိတယ်။ ဆောရီး။ ကန်တော့။
အသတ်အကြောင်းက နက်နဲတယ်။ ဝဏ္ဏဗောဓနသတ်အင်းကို ၁၉၆၁ ခု ဇွန်လမှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ ညောင်ရမ်းခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ အရှင်ဥက္ကံသမာလာက ပြုစုထားတာကို ဦးတင်ဧက တည်းပြတ်တာ ဖြစ်တယ်။ ကျွန်တော်တို့ ဆယ်တန်း (၁၉၆၄-၆၅) မှာ လက်စွဲစာအုပ်ဖြစ်တယ်။ ပေါ်လစီ တစသတ်တွေ မှားနေတာကို အဲဒီ သတ်အင်းနဲ့ တိုက်ကြည့်ရင် သိတယ်။ အဲတာကြောင့် ဒိုင်ခံထောက်ပြနေတာ။
အခုခေတ်မှာ ဖေ့စ်ဘွတ်ကိုသာ ဆရာတင်နေကြတယ်။ လွဲရေးထာတာကို တယောက်ပြီးတယောက်က ထပ်ထပ်တင်ကြတယ်။ မှန်အောင်မရေးတတ်သူကို ဆရာကြီးတဲ့။ မှားရေးသူကို ဆရာမကြီးတဲ့။ လွဲရေး ဆဲရေးသူကို ဆဲလီတဲ့။
ဒေါက်တာတင့်ဆွေ
၃၁-၈-၂၀၁၉
Comments
Post a Comment