သပွတ် အသံထွက် = သှဗွတ်။
အဝါရောင်အပွင့်ရှိသော၊ ငါးထောင့်ချွန်ပုံသဏ္ဌာန်အရွက်ရှိသော၊ အလျားရှည်သော၊ အသီးသီးသော နွယ်ပင်တမျိုး။
ခြံစည်းရိုးမှာ သပွတ်ပင်က အသီး စသီးနေပြီ။ ဒီနှစ်မှသာ စိုက်ဘူးတာ။
သခွါး၊ ဗူးနဲ့ ဖရုံတော့ ဒီနှစ်မစိုက်ဖြစ်ပါ။
ချဉ်ပေါင်၊ ပင်စိမ်း၊ ငရုတ်၊ ရုံးပတီ၊ ခရမ်းချဉ်၊ ကြက်ဟင်းခါး စားနေရပြီ။
မြူရွက်၊ ဗောက်ရွက်နဲ့ ပုစွန်စာ ထပ်စိုက်စရာမလိုပါ။
ဟင်းသီးဟင်းရွက် စိုက်သူတွေ၊ ရောင်းသူတွေ၊ စားသူတွေ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment