Skip to main content

Venus de Milo ဗီးနပ်စ် ရုပ်တု (အဆက်)

Aphrodite of Melos လို့လည်း ခေါ်တယ်။

ဒီအကြောင်းကို ဘာသာပြန်ပြီတင်ထာတာကြာပြီ။ တတိယအကြိမ်တင်တော့ တယောက်က နတ်မင်းကြီးကဒဏ်ခတ်လို့ လက်ပြတ်နေတာဆိုပြီး ရေးတယ်။ 

မဟုတ်ပါ။

ဗီးနပ်စ် ရုပ်တုဟာ ဂရိ မာဘယ်ကျောက်လက်ရာအကောင်းစားတခုဖြစ်ပါတယ်။ Hellenistic period ခေတ်ကာလက ထုလုပ်ထားတာ။ ခုနှစ်အတိအကျ အခုထိမသိကြသေးပါ။ ဘီစီ ၂ ရာစု (ဘီစီ ၁၆၀ - ၁၁၀) လို့ အများက ယူဆကြတယ်။

ရုပ်တုကိုရှာဖွေတွေရှိတာက ၁၈၂၀ ခုနှစ်က။ ဂရိနိုင်ငံ Milos ကျွန်းမှာ တွေ့ပါတယ်။

ရုပ်တုကို ပြင်သစ်နိုင်ငံ Louvre Museum မှာ ၁၈၂၁ ခုနှစ်ကတည်း ပြသထားတယ်။

ဗီးနပ်စ် ရုပ်တုဟာ Aphrodite ခေါ် နတ်သမီးပုံထုထားတာလို့ ယူဆကြတယ်။ အဲဒါက Greek goddess of love အချစ်နတ်သမီး။ ရိုမန်လို Venus ဗီးနပ်စ်။

Parian marble ကျောက်သားနဲ့ ထုထားတယ်။ အမြင့်က 2 metres (6 ft 7 in) သာမန်လူ့အရပ်ထက် မြင့်တယ်။

ရုပ်တုကို စတွေ့ကတည်းက လက်နှစ်ဘက်လုံးပြတ်နေပါတယ်။ ခုထိရှာမတွေ့သေးတဲ့ မူလလက်အနေအထားက ဘယ်လိုလဲ မှန်းဆချက်တွေသာ ရှိတယ်။

အယူအဆတရပ်ကတော့ နတ်သမီးဟာ ပန်းသီးတလုံးကိုင်ထားမယ်။ ရှာဖွေတွေ့ရှိစဉ်က မာဘယ်ကျောက်နဲ့ ပန်းသီးကိုင်ထားတဲ့လက်ပြတ်ကိုလည်း တွေ့လို့ ယူဆတာဖြစ်တယ်။ ဒါပေမဲ့ မူရင်းအစစ်အမှန်ကို အတည်ပြုချက် မရှိသေးပါ။

ဇီးယပ်စ်နတ်မင်းကြီးက ဒဏ်ခတ်တယ်လို့ အင်္ဂလိပ်လိုရေးသားတာ မတွေ့ပါ။

ဘယ်အကြောင်းအရာကိုမဆို ခိုင်မာတိကျတဲ့ အထောက်အထားမပါသေးဘဲ အလွယ်တကူထင်မှတ်တာ မှားလေ့ရှိတယ်။

Venus de Milo ဗီးနပ်စ်ကို လက်သစ်မတပ်ပါနဲ့ https://burmese-spelling.blogspot.com/2023/03/venus-de-milo.html

Greek Mythology ရှေးဟောင်းဂရိ ဒဏ္ဍာရီ https://burmese-spelling.blogspot.com/2024/08/greek-mythology.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ