ကညွတ်ပေါတယ်မှာ လှ မပါ။
ကညှို့က မှန်တယ်။
ဂူဂယ်မှာရှာရင် -
ကညွတ်
ကညှို နဲ့
ကနဖော့ပင်တွေ ရောထွေး မှားနေတယ်။
(၁)
ရိုးတလျှောက်
ဖြိုးမောက်ပါတဲ့ လယ်ပဒူ
အရွက်ချွန်း ကန်စွန်း ပုဇွန်စာနဲ့
လွန်တရာ ကညှို့ပေါတယ်
တောဖြစ်လို့ထူ။
မှိုနားတို ငွေရောင်ဖျော့ငယ်နှင့်
ရွှေကနဖော့ ကြာရိုးဖြူ
ချိုးယူလို့ မကုန်ခန်း။
ပတ္တမြားရောင်
ဖားကပေါင် သံလွင်နှင့်
ရွှေညံပင် ရှုပ်မရှင်းတယ်
ကွင်းပြည့်ခမန်း။ (ဦးကြီး)
(၂)
က ကစွန်းပင် ရေမှာရွှင်
(၃)
ကန်စွန်းနွယ် (ဇေယျ)
ကစွန်း ကန်ဇွန်း ကန်စွန်း https://burmese-spelling.blogspot.com/2024/05/blog-post_799.html
ကညွတ် ကညို့ https://burmese-spelling.blogspot.com/2024/09/blog-post_596.html
ပုစွန်စာရွက် https://burmese-spelling.blogspot.com/2024/09/blog-post_852.html
ရိုးတလျှောက် လေးချိုး https://burmese-spelling.blogspot.com/2024/02/blog-post_97.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment