ဖေ့စ်ဘွတ်ကို ၇ ရက်ကြာသုံးမရဖြစ်သွားလို့ အရာရာလက်ဝင်နေတယ်။ အများဆုံးမေးလေ့ရှိတဲ့နေရာကနေ မေးတာတွေကို ဖတ်သာဖတ်ရပြီး ပြန်ဖြေမရပါ။ တချို့မေးခွန်းတွေက အရေးကြီးပြီး အလောသုံးဆယ်ပြန်သင့်တာတွေ။ အဲတော့ စာပြန်မရတဲ့နေရာကို ဖွင့်၊ မက်ဆေ့တွေ ဖတ်၊ ကူးယူပြီး သုံးရတဲ့အကောင့်ကနေ ပို့စ်အဖြစ်တင်တယ်။ မေးတဲ့သူ တွေက ဖတ်ရ မရတော့ မသိပါ။ ဆောရီး။
အဲတာနဲ့မရတာရှိသေးတယ်။ မေးတဲ့သူကို ဖွင့်ရတဲ့နေရာကနေ လိုက်ရှာပြီး အဖြေပို့ပေးရတယ်။ အကောင့်သစ်မှာ ဖရင်းရီကွက်စ်လုပ်ပြီ ဖြေရတယ်။
အဲတာနဲ့မပြီးသေးတာရှိသေးတယ်။ ယူအက်စ်ကနေမေးတဲ့တယောက်ရဲ့ဖုန်းနံပတ်လိုက်ရှာရတယ်။ သူ့ခင်ပွန်း ဖုန်းနံပတ်ရတော့ ဇနီးကိုပြောပေးပါ မက်ဆေ့ချဖွင့်ဖတ်ပါလို့ ရေးရတယ်။ မေးခွန်းက သူ့ခင်ပွန်းအတွက်မေးတာ။ ဇနီးကသာ ဖေ့စ်ဘွတ်သုံးတယ်။
ကျွန်တော့်မှာ ဘာလုပ်လုပ် ခက်တာတွေချည်းသာ လုပ်ရတဲ့ ဝဋ်ပါနေတယ်။ နိုင်ငံရေးလုပ်တော့လည်း ဒီအတိုင်းပဲ။ ခက်တာနဲ့သာ ညားတယ်။ ကျင့်သား တော်တော်ကိုရနေပါပြီ။ စိတ်မပျက်ပါ။ ခက်တာကို ဘယ်လိုကျော်လွှားမလဲ နည်းတွေရတာပေါ့။
ထပ်ဖြည့် -
ဒီစာကို ၂၀၁၈ ခုနှစ် ဒီလိုနေ့မှာ ရေးပါတယ်။ အခု ခေတ်ကပြောင်းလာပြန်ပြီ။ သိချင်တာရှာရတာ လွယ်လာတယ်။ လွယ်လွန်းလာတယ်။ ပညာတော့ ဟုတ်ချင်မှ ဟုတ်မယ်။ မှန်တာလည်း ဟုတ်ချင်မှ ဟုတ်မယ်။
ဥပမာ "တစ်ရား" လို့ရှာရင် ခဏလေးအတွင်းမှာ အများကြီးတွေ့ပါမယ်။ “မေတ္တာတစ်ရား” လည်း ၁ စက္ကန့်အတွင်း တွေ့မယ်။ “သစ္စာတစ်ရား” လည်း ချက်ချင်း တွေ့မယ်။ “တစ်မလွန်” လည်း ခဏလေးနဲ့ တွေ့မယ်။
ယနေ့ခေတ်မှာ ပညာရှာရတဲ့အခါ ရေမရှိတဲ့ချောင်း နှာခေါင်းဖေါ်ရှာကြရပါတော့မယ်။ ကန်တော့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment