Skip to main content

Numbers ကိန်းဂဏန်းများကပြောတဲ့ သမိုင်း

- ကျွန်တော် ၁၉၉၀ ရွေးကောက်ပွဲကိန်းဂဏန်းတွေကို အလွတ်ရတယ်။ တနှစ်တခါ IPU မှာသွားပြီး လူ့အခွင့်အရေး ချိုးဖေါက်ခံနေကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအကြောင်း တင်ပြနေခဲ့ရလို့ပါ။ ထောင်ထဲမှာ ကျန်သေးသူတွေ၊ ထောင်ထဲမှာ သေသွားသူတွေ၊ နာမကျန်းဖြစ်နေသူတွေ၊ ပြည်ပထွက်ရသူတွေကို အတိုး-အလျော့ ကိန်းဂဏန်း အတိအကျနဲ့ တင်ပြပါတယ်။

- ၁၉၉၀ ရွေးကောက်ပွဲရလဒ်တွေကိုလဲ အလွတ်ရွတ်နိုင်ပါတယ်။ နိုင်ငံရေးပါတီပေါင်း ၂၃၅၊ ရွေးကောက်ပွဲဝင်တော့ ၉၇၊ အနည်းဆုံးတနေရာ အနိုင်ရတာက ၁၀ ပါတီ။ ကိုယ့်ဖါသာဖျက်တာက ၁၀၂ ပါတီ၊ အစိုးရကနေ အပိတ်ခံရတာက ၃ ပါတီ၊ ရွေးကောက်ပွဲမှာ ၃ နေရာဝင်မပြိုင်လို့ ဖျက်ရတာက ၆ ပါတီ၊ ဝင်မပြိုင်လို့ ဖျက်ရတာက ၃၁ ပါတီ၊ အပြီးမှာ ကျန်နေတာက ၉၃ ပါတီ၊ ထပ်အဖျက်ခံရတာက ၈၃ ပါတီ၊ နောက်ဆုံးမှာ တရားဝင် ရပ်တည်နိုင်တော့တာက ၁ဝ ပါတီ။

- အနိုင်ရတာမှာ NLD က ၃၉၂ နေရာ၊ ဒုတိယလိုက်တာက SNLD ၂၃ နေရာ၊ တတိယက ALD ၁၁ နေရာ၊ NUP တစည က ၁၀ နေရာ။ အမတ်နေရာ အနည်းဆုံး ၁ နေရာနိုင်တာက ၂၈ ပါတီ။

- ၂၀၁၀ ရွေးကောက်ပွဲကို စာရင်းဇယားနဲ့တော့ မှတ်မထားပါ။ ၂ဝ၁၂ တော့သိတယ်။

- အမျိုးသားညီလာခံသမိုင်းစဉ်ကိုလဲ ရက်စွဲအတိအကျ မှတ်သားထားတယ်။ စတင်တဲ့နေ့စွဲ = ၉-၁-၁၉၉၆၊ ပြီးစီးတဲ့နေ့စွဲ = ၁၇-၁၂-၂၀၀၇၊ အချိန်ယူမှု = ၁၄ နှစ် ၁၁ လ၊ ၁၂ ရက်။

- အမျိုးသားညီလာခံလုပ်တဲ့ သမိုင်းစဉ်ကိုလဲ ရက်စွဲအတိအကျ မှတ်ထားပါတယ်။

- ရွေးကောက်ခံရတဲ့အမတ်တွေဟာ ဖွဲ့စည်းပုံအသစ်ရေးဘို့ တာဝန်ရှိသူတွေဖြစ်တယ်လို့ ၂၇-၇-၁၉၉၀ မှာ (နဝတ) က ကြောညာခဲ့တယ်။ 

- တကယ်တန်း ဖွဲ့စည်းပုံရေးတဲ့အခါ အမျိုးသားညီလာခံအစပိုင်းမှာ အမတ်တွေဟာ ၁၅့၂၄% တက်ခဲ့ကြရပေမဲ့၊ နောက်ဆုံးညောင်နှစ်ပင်ညီလာခံမှာ ၁့၃၈% သာ ပါရတော့တယ်။ 

- ဖွဲ့စည်းပုံကို ဆန္ဒခံယူပွဲလုပ်တဲ့အခါ အင်မတန်ထူးခြားလှတဲ့ ကိန်းဂဏန်လဲမမေ့ပါ။

- ၁၅-၁၁-၂၀၁၀ နေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲမှာ တောင်ငူမဲဆန္ဒနယ်မြေမယ် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၇၄၆၄၆ ယောက်၊ ထောက်ခံမဲပေးသူပေါင်း ၇၁,၂၂၇ + ကြိုတင်မဲ ၄,၉၇၇ = ၇၆၂,ဝ၁၄၊ ရာနှုန်းအားဖြင့် ၁၀၂% ကနေ ထောက်ခံတယ်လို့ ပါခဲ့တယ်။

- ဆန္ဒခံယူပွဲမှာ ထောက်ခံမှု ၉၂့၄၈% ရှိတယ်ဆိုတာလေး မေ့နေတာကို ၂၇-၃-၂၀၁၄ နေ့က တပ်မတော်နေ့ (တော်လှန်ရေးနေ့) မိန်းခွန်းမှာ ပြန်ကြားလိုက်ရလို့ ကျေးဇူးတင်ပါတယ်။

- နာဂစ်မုန်တိုင်းမှာ လူပေါင်း ၁၃,၄၀၀၀ ယောက် အသက်ဆုံးပါးခဲ့ရတယ်ဆိုတာ နောက်ဆုံးဂဏန်းဖြစ်တယ်။ 

- ကျွန်တော်မေ့နေတဲ့ ကိန်းဂဏန်းတခုရှိပါတယ်။ နာဂစ်မုန်တိုင်းမှာ သေဆုံးပျက်စီးမှုတွေကို အစိုးရ သတင်းစာတွေမှာ တိတိကျကျ ထုတ်ပြန်ပေးခဲ့တာမှာ လူတွေအပြင်၊ နွား၊ ကျွဲ၊ ဝက်၊ ကြက်၊ ဘဲသာမက ကွဲကျေခဲ့ရတဲ့ ဘဲဥအရေအတွက်လည်း သတင်းစာထဲမှာ တိတိကျကျပါခဲ့တယ်။ အဲဒါကို ကျွန်တော်မေ့နေတယ်ဗျာ။

နောက်ထပ် ကိန်းဂဏန်းသစ်တွေကို နောက်လူတွေက ဖြည့်ရေးကြပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ

၂၈-၉-၂၀၁၈

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ