Skip to main content

Reply ကွန်မင့်များသို့ ပြန်ကြားခြင်း

၁။ ဗေဒါတဲ့

ဆရာ ဆရာဇော်ဂျီရဲ့ဗေဒါ ကဗျာတွေ ဘာကြောင့်သက်ဝင်နေရတာလဲ ကြိုတင်ခန့်မှန်း ဗေဒါပန်းဘဝကို အတွေးမျိုးစုံ နဲ့ရေးခဲ့တာတွေဟာ အရိုးသားဆုံး ရိုးရှင်းတယ်လို့ပြောချင်ပါတယ်၊ တခြားကဗျာဆရာတွေက တခြားထင်ရှားတဲ့ အဖိုးတန်ပန်းတွေ ဥပမာ နှင်းဆီ သဇင်ပန်းတွေကိုအလေးထားကြပေမယ့်သူများမရေးတဲ့ ဗေဒါပန်းဘဝကို ရေးခဲ့တာ ထူးခြားတယ်လို့ ထင်မိပါတယ်၊ အခုတော့ ပန်း ပန်လျက်ဘဲကဗျာကသီချင်းနှင့်ရုပ်ရှင်ပါကျော်ကြားခဲ့ရုံမက လူတဦးတယောက်ရဲ့  ဘဝဇာတ်လမ်းအထွေထွေ မှာလဲ အရေးပါအရာရောက် ထောက် ထောက် မီးမောင်းထိုးပြသလို ကြေကွဲ ဝမ်းနည်းစွာခံစားနေမိပါပြီဆရာ။

ဟုတ်။

အနုပညာနဲ့ စာပေ၊ တေးဂီတတွေမှာ ခံစားချက်တွေကို တင်စားချက်တွေ၊ ဥပမာတွေ၊ နိမိတ်ပုံတွေနဲ့ ရေးသီဖွဲ့ဆိုလေ့ ရှိကြပါတယ်။

ဆရာဇော်ဂျီက ဗေဒါ၊ တက္ကသိုလ်ဘုန်းနိုင်က စိန်ပန်း၊ ကြည်အောင်က မျှစ်ချိုးနဲ့ ကျားဆိုး၊ တင်မိုးက ထီးကလေးနဲ့ မနီ၊ မောင်စွမ်းရည်က ဘုရားရှေ့ကခြင်္သေ့ကြီး၊ အများကြီး။ နာယူမှတ်သားလောက်ပါပေတယ်။

ဗေဒါပင်ဟာ လောကဓံနဲ့တူတယ်။ လူတိုင်းနဲ့ဆိုင်တယ်။ အစဉ်အမြဲ မှန်နေတယ်။

၂။ စစ်နှင့် လုလင် - ဇော်ဂျီ

ဆရာခင်ဗျာ အခုဖြစ်စဉ်တွေက က လူငယ်တွေကို မ‌စတေးပါနဲ့တော့ ဆရာလိုပညာတက်တွေက အစွဲလမ်းကိုဖြောက်ပြီး လမ်းပြပေးစေချင်ပါတယ် မဖ်ြလာနိုင်ဘူးလို့ ကျနော်က သုံးသပ်ပါတယ် ပညာရှိဆိုတာ အတက်ပညာရှိယုံနှင့် မပြည့်စုံဟူ၍ ပြည်သူ့ အသက်တွေက အများဆုံးရှုံးနေရပါပြီ ဘာမှမဖြစ်လာသေးတဲ့ မဖြစ်လာနိုင်ပါဘူး မွဲပြာကျယုံမှတပါး ရလဒ် မထွက်လာပါဘူး ဆရာ

အထက်က ကဗျာကို ကျွန်တော် မရေးပါ။ အပိုအဆာတွေလည်း မထည့်ပါ။ နိုင်ငံရေးမှာ ကျွန်တော်တို့က လူအိုတွေဖြစ်ကုန်ပြီ။ ခေတ်ကလည်း လူအိုတွေကို လိုတော့ဘူးတဲ့။ မီဒီယာက တခါတခါမေရရင်တော့ ဖြေရပါတယ်။

၃။ ဗေဒါတဲ့

လင်းတ လို့ရေးရတာမဟုတ်ဘူးလားဆရာ

ဠင်းတ နဲ့ လင်းတ မူကွဲစာလုံးတွေ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ