ရှမ်းပေမဲ့လည်း ဗမာထမင်းလည်းကြိုက်တယ်။ မစားရတာကြာတော့ အရသာရှိရှိချက်ထားတာ စားချင်တယ်။
အရွက်နုနုသုပ်၊ ငပိရည်နဲ့ တို့စရာ။ ပဲနှပ်၊ ပဲပေါင်း။ သရက်သီးထောင်း၊ ရှောက်သီးသုပ်၊ ပါလချောင်ကြော်၊ ငရုပ်သီးကြော်။ ချဉ်ရည်ဟင်း၊ အရည်သောက်။ (ဆီပြန်ဟင်းမကြိုက်ပေမဲ့ ဗမာထမင်းဟင်းဆို ဆီပြန်နဲ့မှလိုက်တော့ စားလိုက်တာပဲ) ပုံကတော့ ပုဂံသရပါ(၃)နဲ့ လက်ပံပြားကဆိုင်ပါ။ (Wandering SAI HTET)
Belacan Sauce ဘာလချောင်လို့ ရေးရ။ ပီနန်ကလာတဲ့စကားလုံးဖြစ်ပါတယ်။
Sambal Belacan လို့လည်း ခေါ်တယ်။
Spicy Sambal Belacan လို့လည်း ခေါ်တယ်။
Spicy Malaysian Sambal Belacan လို့လည်း ခေါ်တယ်။
အသံလှယ်မွေးစားထားပြီး မြန်မာစကားဖြစ်နေတဲ့ အစားအသောက်စာရင်း https://burmese-spelling.blogspot.com/2023/02/blog-post_122.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment