Skip to main content

မုံ့တီ ဋီကာ

၁။ မုံ့တီ နဲ့ နန်းကြီးသုပ် အမြဲငြင်းနေရပါတယ်ရှင်။

၂။ နန်းကြီးလား မုန့်တီလား။ ဒေသအလိုက်အခေါ်အဝေါ်မတူကြတာကိုအမှန်/အမှား အငြင်းပွားရန်များဖို့မလိုဘူးလို့ ဆပါတယ်။ 

ဘယ်အရာကိုမဆို စနစ်၊ အစဉ်အလာနဲ့ ခေတ်သဘော သတ်သတ်မှတ်မှတ်ရှိရပါမယ်။

နန်းကြီး၊ နန်းလတ်၊ နန်းသေးဆိုတာ မုံ့ဖတ်အရွယ်အစားကို ပြောတာဖြစ်တယ်။ အတိအကျဆိုရင် နန်းလုံးအရွယ်အစား။ ပန်းထိမ်လုပ်ငန်းမှာသုံးတဲ့ နန်း။ စနစ်နဲ့ တိတိကျကျရှိရတယ်။

မန္တလေးမုံ့တီဆိုရင် နန်းလတ်နဲ့ နန်းကြီးဖြစ်ပါတယ်။

မုံ့တီဆိုတာ မုံ့ပွဲပြင်ဆင်နည်းဖြစ်တယ်။ 

မုံ့ဟင်းခါးနဲ့ ရခိုင်မုံ့တီတို့က အရည်ပါရောထားတာ။ မုံ့လုံးပတ် အသေးစားကို သုံးကြတယ်။

နန်းကြီးမုံ့တီ၊ နန်းလတ်မုံ့တီ၊ နန်သေးမုံ့တီတွေက အသုပ်ဖြစ်ပြီး၊ ဟင်းရည်သီးသန့်ထည့်ပေးပါတယ်။

တချို့အရပ်တွေမှာ နန်သေးအသုပ်ကို မုံ့ဟင်းခါးလက်သုတ်လို့လည်း ခေါ်တယ်။

အရည်ပါတဲ့ နန်းသေးနဲ့သုပ်တာကို တပင်တိုင်မုံ့ဟင်းခါးလို့ ခေါ်တယ်။ ကျွန်တော့ဇာတိ မင်းရွာမှာ ငယ်ငယ်က အဲလိုခေါ်တယ်။

နန်းကြီးမုံ့တီ၊ နန်းလတ်မုံ့တီ၊ နန်သေးမုံ့တီဆိုမှ မှန်ကန်ပြည့်စုံတယ်။ စကားအရာမှာတော့ အလွယ်ပြောလေ့ရှိကြပါတယ်။

ခိုတောင်မုံ့တီကလည်း နန်းလတ်ကိုသုံးတယ် ထင်ပါတယ်။

အရပ်သုံးမှာ နန်းဆိုတာ ပန်းထိမ်လုပ်ငန်းကနေ လာတယ်။ မုန့်မျှင်ကို အသေး၊ အလတ်နဲ့ အကြီးစား ဆန်ခါပေါက်လေးတွေကနေ ဖြစ်စေတယ်။ နန်းတလုံးတည်းမှာ အဓိပ္ပါယ် အမျိုးမျိုးရှိတယ်။ နန်းကြီးစာလုံးနဲ့ဆိုင်တာကိုသာ တင်ပြပါမယ်။

နန်း = ရွှေ၊ ငွေ၊ ကြေး စသည်တို့ကို ပြုလုပ်ထားသော ကြိုးမျှင်။

နန်းကြီး = ဆန်ကြမ်းကို နန်းကြိုးကြီးသဖွယ်လုပ်၍ စင်းနှင့်စားရသောမုန့်။ ကြာဆံကြီး။

နန်းကြိုး = သတ္ထုကို အမျှင်ပြုလုပ်ထားသောကြိုး။

နန်းဆွဲ 

၁။ သတ္ထု၊ ကြိမ်တို့ကို နန်းပေါက်တွင် သွင်း၍ ဆွဲကာ အမျှင်ဖြစ်အောင် ပြုလုပ်သည်။

၂။ သားရေကို ကြိုးငယ်ဖြစ်အောင် ဝိုက်ကာဝိုက်ကာ လှီးသည်။

မုန့်တီနဲ့ မုန့်ဟင်းခါးနဲ့ မတူပါ။ မုံ့ဟင်းခါးဆိုတာ အရည်ပါတယ်။ မုန့်တီက သုပ်ထားတာဖြစ်ပြီး၊ ဟင်းချိုတခွက်နဲ့ စားသောက်ရတယ်။

ကျွန်တော်ဆိုရင် အိမ်မှာ မုန့်ဟင်းခါး များများချက်တဲ့အခါ တနပ်ကို ပုံမှန် မုန့်ဟင်းခါးလို အရည်နဲ့၊ နောက်တနပ်မှာ လက်သုပ်စားပြီး မုန့်ဟင်းခါး ဟင်းရည်ကို သောက်ပါတယ်။ ကောင်းတယ်။

နန်းလတ်နဲ့ နန်းကြီးကိုသာ မုံ့တီလုပ်တယ်။ မန္တလေးနန်းကြီးမုံ့တီလို့ အမည်ထင်ရှားတယ်။ 

နန်းသေး၊ နန်းလတ်၊ နန်းကြီးကို သင်္ချာလို အချင်းမျဉ်းနဲ့ တိုင်းတာတယ်။ တကယ်တော့ မျက်စိအမြင်နဲ့ ခွဲခြားပါတယ်။

မုန့် နဲ့ မုံ့ အတူတူ။ မုန့်ဟင်းခါး နဲ့ မုံ့ဟင်းခါး၊ မုံ့ဟင်းငါး အတူတူ။

- တသက်လုံး မုံ့ဟင်းခါး ချက်မှာလား https://dr-tint-swe.blogspot.com/2021/12/blog-post_996.html

- မန္တလေး မုံ့တီ ထိုးမုံ့ လမုံ့ သတိရသည် https://dr-tint-swe.blogspot.com/2022/07/blog-post_257.html

- မန္တလေး မုံ့တီ ထိုးမုံ့ လမုံ့ သတိရသည် https://dr-tint-swe.blogspot.com/2022/07/blog-post_257.html

- မန္တလေးမှာ ယိုးဒယားမုန့်တီ လစဉ်လုပ်စားသူ မိသားစု https://www.bbc.com/burmese/in-depth-47319613

- မန္တလေးရဲ့ ထူးခြားတဲ့အသုံးအနှုန်း (၁၀)ခု https://dr-tint-swe.blogspot.com/2022/05/blog-post_978.html

- မုံ့ဋီကာ သို့မဟုတ် အစားဆိုလှည်းနဲ့တိုက် https://dr-tint-swe.blogspot.com/2021/08/blog-post_782.html

- မုံ့တီနဲ့ မုံ့ဟင်းခါး စကားများ https://burmese-spelling.blogspot.com/2022/11/blog-post_18.html

- မုံ့တီနဲ့ မုံ့ဟင်းခါး စကားများ https://burmese-spelling.blogspot.com/2022/11/blog-post_18.html

- ပုစွန် မုံ့ဟင်းခါး https://dr-tint-swe.blogspot.com/2021/06/blog-post_3.html

- မန္တလေးမုံ့တီ သတိရသည် https://dr-tint-swe.blogspot.com/2021/11/blog-post_0.html

- မုံ့ဟင်းခါး https://dr-tint-swe.blogspot.com/2022/05/blog-post_47.html

- မန္တလေးမုံ့တီ https://burmese-spelling.blogspot.com/2022/08/blog-post_801.html

- ဘာမုံ့ စားမလဲ https://burmese-spelling.blogspot.com/2022/10/blog-post_492.html

- ရွှေဘို မုံ့တီ https://burmese-spelling.blogspot.com/2022/12/blog-post_627.html

တချို့က ကောင်းမယ်ထင်တာတွေပါ ရောထည့်ကြတယ်။ မန္တလေးနန်းကြီးမုံ့တီ အစစ်အမှန်ကို စားဘူးသူတွေက သိတယ်။ ကောင်းတယ်လို့ မထင်။

ခေတ်ကာလက ပြောင်းတော့ အစဉ်အလာတွေ ပျက်တယ်။ တချို့ဆိုင်တွေမှာ ပုံမှန်မန္တလေးနန်းကြီးထက် ပိုတုတ်နေတာတွေ့ရတယ်။ ရန်ကုန်နန်းတုတ်လို့ ခေါ်လိုက်မယ်။

ဆန်ပြားနဲ့ ဂျုံပြားတို့က တမျိုး။ တချိုက နန်းပြားလို့ အလွယ်ခေါ်သေးတယ်။ မြီးရှည်ကို အများအားဖြင့် နန်းလတ်နဲ့ နန်းကြီးနဲ့ လုပ်ကြပါတယ်။

ပုံအတွက် ကျေးဇူး။

မုန့်တီကောင်းကောင်း စားရသူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

ရှေးရေစက်

ရေး - ရွှေတိုင်ညွန့် ဆို - ဝင်းဦး + မာမာအေး လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ ချောလှတယ် သဘောကောင်းတဲ့ သူကလေးရယ် အတူဆုံဖို့ နဖူးစာရေးတယ် ယုံကြည်ဖွယ် မာယာနှောကာ ပြောတတ်တဲ့သက်လှယ်ရယ် နောင်ခါဝယ် မေရှင်ကလေးကို အရေးမစိုက်မှာ အလွန်စိုးတယ် ချစ်မှာလားကွယ်  မေတ္တာထားတယ်  ရှေးရေစက် ကံဆုံတယ် တူနှစ်သွယ် ဆုံဆည်းရတယ် ချစ်စရာကောင်းသူကလေးရယ် မောင့်စိတ်ထဲမှာ စွဲလန်းတယ် အဟုတ်ကိုပြောတာလားကွယ် လိမ်ဉာဏ်တွေပိုတယ်  ကရုဏာထားတာ အဟုတ်ပါပဲ မေတ္တာထားတယ် တကယ့်ကိုပဲ မင်းအလိုရှိရင်မောင့်အသည်း ခွဲကာပေးမယ်  တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ နောက်ကွယ်ကျရင်မေ့မှာပဲ အသည်းမှာစွဲတဲ့ ပျိုမေရှင်ကို အလိုလိုက်ရလိမ့်မယ်  တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ် တူမောင်မယ် မေတ္တာအကြောင်းနဲ့ ပေါင်းဖို့ရာ ဆုတောင်းမယ်  ခင်နဲ့မောင် သစ္စာထား သိကြားနတ်တွေ အကုန်သိတယ်  ချစ်တဲ့သူရယ်  ကြိုက်တဲ့သူရယ်  ရာသက်ပန်ရွယ်ကိုးလို့သာ အရိုးကျအောင် ပေါင်းပါ့မယ်  စိုးရိမ်ဖွယ် စိုးရိမ်ဖွယ် ယောက်ျားများဟာ ဖောက်ပြားလွယ် တကယ်ကြောက်အားပိုတယ် ယုံဘူး ယုံဘူး ချစ်ဦးပျိုသက်လှယ်  လူမြင်ရင် ချစ်ချင်ဖွယ် ရူပါရုံ

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟုတ်ရပါ။ စာ