မြင်းတကောင်ဟာ ကဆုန်ပေါက်ပြီး ဒုန်းစိုင်းပြေးနေတယ်။
သူ့ကျောပေါ်မှာ မြင်းစီးသူတယောက်။
လှမ်းမြင်တဲ့သူတယောက်နေ အော်မေးလိုက်တယ်။
"မင်း ဘယ်ကိုသွားတာလဲ။"
"ငါတော့ မသိဘူး။ မြင်းကိုမေး။"
(A Collection of 60 Zen Stories)
မှတ်ချက်
ကိုယ်ခြေဦးတည့်ရာကို သိပါလျှင် မြင်းစီးနေပါနဲ့။
ခြေလက်တို့၏ သွားလာလှုပ်ရှားမှုကို စိတ်ကနေဦးဆောင်တယ်။
သင့်စိတ်ကိုသင် နိုင်ပါလျှင် မြင်းစီးနေပါနဲ့။
Photo of Medieval albino man riding a horse in a wheat field on Craiyon
ဒေါက်တာတင့်ဆွေ
၂၈-၁၀-၂၀၂၄

Comments
Post a Comment