ဆိုင်းဘုတ်နီများ သတိထားအောက်မှာ လာတယ်။
စေတနာအမှားမို့ ခွင့်လွှတ်ကြပါ တဲ့။
အဲတာက နမူနာတခုသာ။ အဲလိုမျိုးတွေ မကြာခဏလာတယ်။ ခွင့်လွှတ်လိုက်ပါ၊ သည်းခံပါ၊ နားလည်မှုပေးပါ စသဖြင့်။
ကိုဗစ်ကာလမှာ အရပ်ဆေးနည်းအမှားတွေ အများကြီးတင်ကြတယ်။
အခုလည်းကင်ဆာ ၉၆ မျိုးအတွက် ဆေးနည်း ၉၆၀ တင်နေကြတယ်။
အရပ်ဆေးနည်း၊ လမ်းဘေးဆေးနည်း၊ တရုပ်ကုလားဆေးနည်းတွေလာတယ်။
စေတနာအမှားဆိုတဲ့ အသုံးကို တလွဲသုံးတာရှိတယ်။ အမှားမှာ သဘာဝဘေးကြောင့်ဖြစ်တာနဲ့ လူလုပ်တဲ့အမှားလို့ရှိတယ်။
ပြင်ပေးမိလို့ ဆုံးမခံရတာ၊ ပညာပေးခံရတာ ခဏခဏ။
စေတနာဆိုတာ ပညာမပါရင် သူများကို ဒုက္ခတယ်။
ဒုက္ခမပေးကြပါနဲ့။ အဲလိုအမှားတွေကို ခွင့်မလွှတ်ကြပါနဲ့။
ဒေါက်တာတင့်ဆွေ
၁၈-၁၀-၂၀၁၉

Comments
Post a Comment