Skip to main content

ငချိပ်ကောက်ညှင်း

ငချိပ်

သူငယ်ချင်း ဆရာဝန်နှစ်ယောက်ကနေ ငချိပ် လား ငချိတ်လား ကွန်မင့်ရေးလို့ ထင်ပြပါတယ်။

(ကဝိဓဇသတ်ပုံကျမ်း)

ငဆ (မရိုမသေတန်သော နင်ဟယ်ဆိုသောစကား)

နငဘဲငဆ

ငထည်ဝ (မထင်မရှား အမှတ်မဲ့)

ငတောင်ငရေ (ထွေထွေရာရာ မဟုတ်မဟတ်)

အကံင (သူယုတ်)

ကုန်ကုန်ငင (လောက်လောက်ငင)

ငလည့်ငလည် (မတော်မတရားသောအရာများ)

ငကျဲး

ငခူ

ငခုံးမ

ငကြင်း

ငသပတ်

ငဖယ်

ငပြေမ

ငရံ့

ငနုသန်း

ငရဲး

လောက်င

ကိုယ်စီကိုယ်င

ငဟစ်ငှက်

ငဟင်မွဲးငှက်

ငစဉ့်ကူးမင်း

ငရှင့်

ငါ

ငါတကား

ငါလိုလု

တောတံငါ (ငှက်မုဆိုး၊ သားမုဆိုး)

ရေတံငါ

မင်းနှင့်ငါ

ငါတည်းဟူသော

ငါလုံးခြင်းရိုက်သည်

ငါး

ငါးသတ္တဝါ

ငါးဟင်း

အမဲးသားငါး

ငါးရွဲး

ငါးသည်

ငါးဂဏန်း

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈) 

ငချိပ်၊ ငချိပ်ညိုပြောင်း၊ ငချိပ်သွေး လို့ပါရှိပါတယ်။

မှတ်ရန် - 

၁။ ကဝိဓဇသတ်ပုံကျမ်းကို ၁၃၁၆ (၁၉၅၆) ခုနှစ်မှာ ဟင်္သာတမြို ဆရာကြီးဦးချစ်စံက ပြုစုထုတ်ဝေပါတယ်။

မြန်စာလုံးပေါင်း အဘိဓါန်ချုပ် ခေါ် မြန်မာစာရေးထုံးကျမ်းကို ဦးသာမြတ်က ပြုစုပြီး ၁၉၅၂ ခုနှစ်မှာ ဒုတိယအကြိမ်ထုတ်ဝေပါတယ်။ ဒီကျမ်းထုတ်ချိန်ရောက်တော့ ကဝိဓဇသတ်ပုံကျမ်းမှာပါတဲ့ ငကျဲး၊ ငရွဲး၊ မွဲး တိုမှာပါတဲ့ ဝစ္စနှစ်လုံပေါက်တွေ မထည့်တော့ပါ။

၂။ ဦးဖေမောင်တင်ရေးသားပြုစုတဲ့ မြန်မာဝါကျဖွဲ့ထုံးကျမ်းကို ၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလမှာ ပဌမအကြိမ် ထုတ်ဝေတယ်။ ဒီကျမ်းထဲမှာလည်း အထက်မှာဖေါ်ပြထားတဲ့ ဝစ္စနှစ်လုံပေါက်တွေ မထည့်တော့ပါ။

၃။ ‘ဓါ’ လို့လည်း အခုထိရေးလို့ရပါတယ်။ ‘ဓာ’ နဲ့ ‘ဓါ’ အဆင်သင့်သလို ရေးသားနိုင်ပါတယ်။ ကျောင်းသားတွေ လက်ရေးမှာ ‘တ’ နဲ့ အဖတ်ရလွဲစေနိုင်လို့ ‘ဓါ’၊ ‘ဓါတ်’ လို့သာ အရေးများတယ်။ မမှားပါ။ ကာတွန်း၊ ပန်းချီစာလုံးတွေမှာလည်း ‘ဓါ’၊ ‘ဓါတ်’ လို့ ရေးကြပါတယ်။ မမှားပါ။ ဓါးပြ၊ ဓါတုဗေဒ၊ ဓါတုကလျာ၊ ရွှေမော်ဓေါ စသည်။

ဒေါက်တာတင့်ဆွေ

Comments