Skip to main content

ဟင်းလျာ

'ဟင်းလျာ' ကို 'ဟင်းလျှာ' လို့ ၂ နေရာမှာ ပြင်ပေးလိုက်မိတယ်။ ဖုန်းကနေလုပ်တာဖြစ်တော့ ပြန်ရှာလို့က မလွယ်။

'ဟင်းလျာ' ကသာ မှန်တယ်။ ဆောရီး။

လျာ = သီးသန့် ရည်မှန်းထားသည်။ (ဘုရားလျာ၊ သင်္ကန်းလျာ) (ဟင်းလျာ၊ လင်လျာ)

လျာ

ကလျာဏမိတ်ဆွေ

ကလျာဏီသိမ်

ကလျာယဉ်အိ

တသက်လျာ

မင်းလျာ

မိန်းမလျာ

ပြင်လျာ

လျာ = တခဏ

လျာကာထားမှ

လျာထား

သည်းလျာ

အလောင်းအလျာ

ယောက်ျားလျာ

တချိန်သောအခါတွင်လို့ ရေးတာကိုလည်း သိစေလိုပါတယ်။ မြန်မာ့ဆိုရှယ်လစ်ခေတ် သတ်ပုံတွေကို အဓမ္မစနစ်နဲ့ မပြင်မီကဖြစ်ပါတယ်။

သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊ သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည့်။

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည့်။

ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည့်။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့်။ (အနန္တသူရိယ)

အနန္တသူရိယ လင်္ကာကို မှန်အောင်ရေးတတ်သူက အတော်ကိုရှားပါးတယ်။ ကျောင်းစာအုပ်ထဲမှာ သတ်ပုံအမှားတွေရိုက်နှိပ် သင်ပေးနေတယ်။ မလုပ်ကောင်းပါ။

ပုံနှိပ် မူရင်း မူကွဲလည်း ရှိတယ်။ တင်ပြထားပြီးပြီ။

ဒေါက်တာတင့်ဆွေ

Comments