ကျွန်တော်တို့ ဆေးကျောင်းသားခေတ် ပြန်ရောက်တာလို့သာ အောက်မေ့ကြပေတော့။
၁၉၆၅-၇၂ ခုနှစ် ကျွန်တော်တို့ခေတ်တုန်းကလည်း ဆေးပညာစာအုပ်တွေက အလွန်ရှားပါးတယ်။ ပိုက်ဆံရှိလည်း ဝယ်မရပါ။ မဆလ က ထုတ်ကုန်တွေပိတ်၊ သွင်းကုန်တွေပိတ်လို့ ပြည်ကနေ စာအုပ်တွေလည်း သွင်းမရ။ ပြည်တွင်းမှာ ရိုက်နှိပ်နိုင်လောက်တဲ့အထိလည်း အဆင့်ကမရှိ။
အတန်းတတန်းတက်သွားသူတွေကနေ နောက်တက်လာတဲ့ကျောင်းသားကို ဆေးစာအုပ်ဟောင်းတွေ လက်ဆင့်ကမ်းကြရတယ်။ ကျေးဇူး။
ပညာတွင်း အတော်နက်ခဲ့တယ်။ ကြမ်းတမ်းတဲ့ ပညာရေးခရီး။
လူတွေလည်း အစစအရာရာ ခက်ခဲတယ်။ ရှားပါတယ်။
မြန်မာပြည်ရဲ့ ကျန်းမာရေးစနစ်အဆင့် ကမ္ဘာမှာ ၁၉၀။
ဆေးကျောင်းသားတွေခက်ခဲခဲ့ရာကနေ လူနာတွေ ခက်ခက်လာတယ်။
ဒါပေမဲ့ ဒီမိုကရေစီ တမတ်သားခေတ်မှာ ဆေးတွေ ဝယ်ချင်တိုင်း ဝယ်လို့ ရလာတယ်။ လူနာတွေကမှာ ဆေးဝယ်စရာ ဆေးကုစရာအတွက် ရှိတာလေးထုတ်ရောင်းကြရတယ်။ ပိုက်ဆံချေးယူကြရတယ်။ ခက်ခဲကြမ်းတမ်းတဲ့ဘဝကနေ လွယ်ကူကြမ်းတမ်းတဲ့အဖြစ် ပြောင်းလာတာ။
ဟော အခု ပညာရေးတဲ့။ ခက်ပြီ။ ခက်ခဲကြမ်းတမ်းပြီ။ ရှားပါးပြီ။
ဆေးကျောင်းသားတွေထုံးသာ နှလုံးမူကြပေတော့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment