အိန္ဒိယ မနက်စာ အစားသောက်ဖြစ်တဲ့ ဒိုဆာလို့ခေါ်တဲ့ တိုရှည် လေးပါ။ တိုရှည်ကို ခရမ်းချဉ်သီး ချပ်တနီ၊ ပဲနှစ် တို့နှင့် တွဲစားတာ များလို့ ကိုယ်လည်း ကြိုက်နှစ်သက်တာမို့ တို့စားရတဲ့ တိုရှည်လုပ်နည်းလေးကိုပဲ တင်ပေးလိုက်တရ်နော် (Gisele K)
ဒီစာကိုတော့ ကူးမတင်တော့ပါ။ မျိုချရခက်အောင် ရေးထားပါသည်။
တယ်ကို တရ်လို့ရေးတာတော့ ကုလားသံဖြစ်သည်။ ဒိုဆာမူလနေရာ တောင်ပိုင်းအိန္ဒိယမှာတော့ တရ်သံ သိပ်မထွက်ကြပါ။ မြန်မာတချို့က ပိုပြီး ကုလားဆန်ကြသည်။
တောင်ပိုင်းအိန္ဒိယက ဒိုဆာ စားကောင်းပါသည်။
နယူးဒေလီမှာရတဲ့ မဆလာဒိုဆာဆိုတာ မဆလာ မပါ။ ဇီယာ မပါ။ ပိုကောင်းပါသည်။
Masala Dosa မဆလာ ဒိုဆာ https://burmese-spelling.blogspot.com/2022/12/masala-dosa.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment