Skip to main content

အစားအသောက်တွေအကြောင်း

အစားအသောက်တွေအကြောင်း အများကြီးတင်ပြထားတယ်။ အာဟာရဓါတ်အကြောင်းလည်း စုံသလောက် ရေးထားတယ်။ ဆီးချို၊ သွေးတိုး၊ ကိုလက်စထော၊ ဂေါက်၊ ကျောက်ကပ်ရောဂါတွေနဲ့ မသင့်တဲ့ အစားအစာတွေအကြောင်းလည်း ပါတယ်။ အယူအဆလွဲမှားနေတဲ့ ဓါတ်စာတွေနဲ့ အစာအာဟာရ အကြောင်းတွေလည်း ပါတယ်။

နည်းနည်းလေး ဖြည့်ပါဦးမည်။

လူဆိုတာ အစုံစားသက်ရှိသတ္တဝါဖြစ်တယ်။

လူတွေ အကြိုက် မတူကြပါ။ တိုင်းပြည်၊ နယ်မြေ သေအလိုက် မတူကြပါ။ ရာသီအလိုက်လည်း မတူပါ။

လူတိုင်းဟာ အစာတမယ် တမျိုးတည်းကို အကြာကြီးစားလေ့မရှိပါ။ သင်တန်းတွေမှာကျွေးတော့လည်း မနက်စာနဲ့ ညစာ မတူပါ။ 

လူတယောက်တည်းလည်း အသက်အရွယ်အရ စားရတာတွေ မတူပါ။ စားချင်ပေမဲ့ သွားမကောင်းလို့၊ စားချင်တာ မရနိုင်လို့၊ ရောဂါရှိနေလို့ စတဲ့အကြောင်းတွေကြောင့် တမျိုးတမည်ဖြစ်ရတတ်တယ်။

သက်သတ်လွတ်အကြောင်း အကောင်းအဆိုး ရေးထာတာကို ၂-၃ ကြိမ် တင်ပြထားပါတယ်။

အသီးအရွက်တွေ၊ စားသုံးဆီတွေအကြောင်းတွေလည်း ပါတယ်။

ခုခေတ်မှာ အရငကနဲ့ မတူတာတွေ တွေ့ရပြန်သေးတယ်။ 

တယောက်က ကောင်းတာကို လိုက်ကောင်းကြတယ်။ 

တယောက်က ဘာစားရင် ဘယ်လိုဖြစ်ဆိုတာကို အဟုတ်ထင်ပြီး ရှောင်စရာမဟုတ်တာ ရှောင်ကြတယ်။

တချို့က စားရာတွေကို ကြောငြာကြတယ်။ ပုံကြည့်လို့တော့ လှပါရဲ့ လက်တွေစားမဖြစ်တာမျိုးလည်း တွေ့ရတတ်တယ်။ အင်မတန်စပ်တဲ့ ရွှေလံဘို ၄-၅ တောင့်ထည့်တားတယ်။ အစပ်အဟပ် မမှန်တာကို မော်ဒယ်က စားပြသလိုလို။ ယိုးဒယားအမည်တပ်တော့ ပိုကောင်းသလိုလို။ ဟုတ်ရဲ့လား။

တချို့ စားစရာ အမည်ပေးဆန်းရင် ကောင်းသတဲ့။ ဟုတ်ရဲ့လား။ အမည်တချို့ကလည်း မမှန်။ ရမ်းပေးထားတာတွေ။ 

ကင်ဆာနဲ့ ကိုဗစ်မှာ ဘယ်သွားရှာရမှန်းမသိတဲ့ ပန်းပွင့်တို့ ပေါင်းပင်တို့ကို ဆေးနည်းပေးကြတယ်။ တယောက်ပြီးတယောက်က တင်ကြတယ်။ ရောင်းကြ ဝယ်ကြတယ်။ အမည်စာလုံးပေါင်း မှန်အောင် မရေးတတ်တာလည်း ဆေးတဲ့။

အခုခေတ်မှာ ယဉ်ကျေးမှုတွေ ရောထွေးလာတယ်။ အရောကောင်းရင် စားကောင်းတယ်။ တချို့က ထင်ရာရောကြတယ်။ မကောင်းပါ။ 

မန္တလေးနန်းကြီးမုံတီထဲ ရှောက်ရွက်၊ ပူဒီနံ၊ ရှမ်းနံနံ၊ တရုပ်နံနံတွေထည့်တာ မသင့်မှန်ပါ။ ကောင်းတဲ့သူတွေက ကောင်းသတဲ့။

မုံ့ဟင်းခါး နေရာဒေသအလိုက်တော့ မတူပါ။ သူ့ဟာနဲ့သူတော့ ကောင်းပါတယ်။ ကြက်သွန်နီဥတွေ အများကြီးနဲ့ ငုံးဥတွေထည့်တော့ ကြာဆံဟင်းဖြစ်သွားရော။

ရှမ်းစာ၊ ကရင်စာ၊ မွန်စာတွေကို မြန်မာမှုပြုတော့ ပုံပျက်ရော။

ရခိုင်မုံ့တီကို အညာလိုချက်တော့ ဖေါ်မြူလာပျက်ရော။ ကောင်းတဲ့သူတွေက ကောင်းသတဲ့။

မုံ့ဟင်းခါးထဲ ပဲသီး၊ ပဲရွက်ထည့်စားတာ သူ့အမည်နဲ့ သူ့ဒေသနဲ့သာ ကိုက်ညီတယ်။ အညာမှာ အဲလိုတော့ မစားပါ။ 

အညာသားတွေ ဟိုရောက်ဒီရောက် ရောက်ကုန်ကြတော့ ဟိုဟာဒီဟာတွေသာ စားကြတော့တယ်။

ဆီမပါဟင်း သူ့အခါ သူ့နေရာနဲ့သူတော့ ကောင်းပါတယ်။ ဆီပြန်၊ ဆီလည်ရေလည်ချက်မှ ကောင်းတာတွေလည်း ရှိတယ်။ ကာလသားချက်ဆိုပြီး ဆီပြန်တွေ အသားလုံးတွေထည့်တော့ ပုံသေနည်းပျက်ရော။

ကောင်းမယ်ထင်တာတွေ ထည့်တိုင်းလည်း စားမကောင်းပါ။

ဟင်းခတ်အမွှေးအကြိုင်တွေကို တကမ္ဘာလုံးမှာ အမျိုးမျိုး သုံးကြတယ်။ မတူပါ။ သူ့နေရာနဲ့သူ တည့်မှန်ရတယ်။ အကြိုက်လည်း အတော် မတူပါ။ မကြိုက်တဲ့သူက အနံ့လေးနည်းနည်းရတာနဲ့ မစားချင်တော့။ ကြိုက်တဲ့သူတွေက အဝေးကတည်းက မွှေးနေပြီ။

တချို့ကလည်း ရှယ်စာလုံးပါရင် အလွန်ကောင်းသတဲ့။ ဂွကျတယ်။

စားတတ်ကြပါစေသတည်း။

Top 15 Super Healthy Foods To Eat Every Day

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

မုန့် နဲ့ မုံ့

မင်္ဂလာပါဆရာ ထိုးမုံ့ကအမှန်လား ထိုးမုန့်ကအမှန်လား တကယ်မသိလို့မေးတာပါ ဖြေပေးပါနော်  ၁။ ဆရာ မုန့်ဖိုး ကအမှန်မဟုတ်ဘူးလား။ ‌ဆရာရေးထားတဲ့ မုံ့ဘိုးက မှားနေပါတယ်။ - သွေးသောက်အယ်ဒီတာ၏ အမှာ တင်ပြထားပါတယ်။ ၂။ မုန့် နဲ့ မုံ့ ရဲ့ ကွာခြားပုံလေးကို ကျေးဇူးပြု၍ ခွဲခြားပြသပေးပါခင်ဗျ။ အများရေးတာတွေ့နေရတာကတော့ မုန့် လို့အများဆုံးတွေ့ရလို့ပါ။သိမှတ်စရာကောင်းနေပါတယ်ရှင်းပြပေးစေချင်ပါတယ်။ ၃။ မုန့် လို့သာ သင်ခဲ့ရလို့ပါ ဆရာ ၄။ အခုမှ သိတယ် ဆရာ ကျေးဇူးပါ ဆရာ တသက်လုံး အမှား အမှန် ပြင်ရပြီ ၅။ ကျနော်လည်း မုန့် က အမှန်ထင်နေတာ မဟုတ်ဘူးလားဗျ။ ၆။ မုန့်ဖက်ထုပ် ဘာဟာက အမှန်လဲ ဆရာ။ ၇။ မုံ့ လား မုန့် လား။ ၈။ မုံ့ဆိုတာ သတိမထားမိခဲ့ဘူး။ မုန့်မှတ်နေတာဆရာ မြန်မာစာသတ်ပုံမှာ မုန့်လို့ မရှိခဲ့ပါ။ အစီအစဉ်မှာ မုံ - မုံ့ - မုံး - မုန် - မုန်း -မိုး - မိုရ် - မို့ - မိုး - မိုဃ်း လို့သာရှိတယ်။ ကဝိဓဇသတ်ပုံကျမ်းမှာ မုံ့ = စားသောမုံ့၊ မုံ့မျိုးစုံလို့ရေးတယ်။ ဧကန်သာတမုံ့၊ နေသည်တမုံ့၊ ပြုသည်တမုံ့တွေကတော့ အသုံးနည်းလာတဲ့စာလုံးတွေဖြစ်ပါတယ်။ နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ မုန့် လို့သာတွေ့နိုင်ကြပါမယ်။ မြန်မာ့စွယ်စုံကျမ်းမှာ မုံ့ လို့သာသုံးပါ...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ယတိဘေဒ ခေါ် မြန်မာစာရေးနည်း

ကျွန်တော် ညက အိပ်မက် မက်ပါတယ်။ ဆောင်းအိပ်မက်က အကျအန။ နေ့ခင်းတုန်းက မိတ်ဆွေတဦးကနေ ဆရာ မြန်မာစာ ပန်ကျူယေးရှင်းအကြောင်း ကျမ်းတစောင်ရေးပါလားတဲ့။ ဟာ - ရာရာစစ၊ ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်တဲ့အထိ မတတ်ကျွမ်းပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ကျမ်းတစောင် ရေးခဲ့တယ်။ မြန်မာစာရေးနည်းထဲက ယတိဘေဒ။ လက်ထဲမှာ လယ်တီဆရာတော်ဦးကေလာသ  (လယ်တီဒီပနီကို ရေးသားတော်၏မူတဲ့ လယ်တီဆရာတော်ကြီး မဟုတ်ပါ) ရေးတဲ့ ယတိဘေဒ ခေါ် မြန်မာစာရေးနည်း “ပီဒီအက်ဖ်” ဖိုင်ကို ရှေးစာကဗျာများနေရာကနေ ရထားတယ်။ ကျေးဇူး။ ယတိ (၁) = ရပ်ခြင်း။ ရပ်တန့်ခြင်း။ ချုပ်တည်းခြင်း။ စောင့်စည်းခြင်း။ ယတိ (၂) = ရဟန်း။ မြန်မာလိုမှာ ယတိပြတ်လို့ ရှိတယ်။ တစုံတခုကို တိတိကျကျ ဆုံးဖြတ်တာမျိုး။ သတ်မှတ်တာမျိူး။ ပိုင်းခြားလိုက်တာမျိုး။ မြန်မာစာရေးသားနည်းမှာ ယတိဆိုတာ စားလုံးတခုနဲ့တခု၊ စကားစုတခုနဲ့တခုကို ပိုင်းခြားခြင်း ဖြစ်ပါတယ်။ အလွယ်ဆုံးနဲ့ အများဆုံးက ပုဒ်ထီးနဲ့ ပုဒ်မ။  ကွန်ပြူတာစာရိုက်နည်းမပေါ်ခင် လက်နှိပ်စက်ရိုက်နည်းမှာ စနစ်တကျသင်ကြရပါတယ်။ ပုဒ်ထီး၊ ပုဒ်မ မဟုတ်ဘဲ တကွက်ခြာ ရိုက်ရတာလည်းရှိတယ်။ အခုခေတ်မှာတော့ “စပေ့စ်ဘား” ခေါ်တယ်။ တကွက် ဆိုတာ နှစ်ကွက် သုံးကွက် မဟု...