Skip to main content

အစားအသောက်တွေအကြောင်း

အစားအသောက်တွေအကြောင်း အများကြီးတင်ပြထားတယ်။ အာဟာရဓါတ်အကြောင်းလည်း စုံသလောက် ရေးထားတယ်။ ဆီးချို၊ သွေးတိုး၊ ကိုလက်စထော၊ ဂေါက်၊ ကျောက်ကပ်ရောဂါတွေနဲ့ မသင့်တဲ့ အစားအစာတွေအကြောင်းလည်း ပါတယ်။ အယူအဆလွဲမှားနေတဲ့ ဓါတ်စာတွေနဲ့ အစာအာဟာရ အကြောင်းတွေလည်း ပါတယ်။

နည်းနည်းလေး ဖြည့်ပါဦးမည်။

လူဆိုတာ အစုံစားသက်ရှိသတ္တဝါဖြစ်တယ်။

လူတွေ အကြိုက် မတူကြပါ။ တိုင်းပြည်၊ နယ်မြေ သေအလိုက် မတူကြပါ။ ရာသီအလိုက်လည်း မတူပါ။

လူတိုင်းဟာ အစာတမယ် တမျိုးတည်းကို အကြာကြီးစားလေ့မရှိပါ။ သင်တန်းတွေမှာကျွေးတော့လည်း မနက်စာနဲ့ ညစာ မတူပါ။ 

လူတယောက်တည်းလည်း အသက်အရွယ်အရ စားရတာတွေ မတူပါ။ စားချင်ပေမဲ့ သွားမကောင်းလို့၊ စားချင်တာ မရနိုင်လို့၊ ရောဂါရှိနေလို့ စတဲ့အကြောင်းတွေကြောင့် တမျိုးတမည်ဖြစ်ရတတ်တယ်။

သက်သတ်လွတ်အကြောင်း အကောင်းအဆိုး ရေးထာတာကို ၂-၃ ကြိမ် တင်ပြထားပါတယ်။

အသီးအရွက်တွေ၊ စားသုံးဆီတွေအကြောင်းတွေလည်း ပါတယ်။

ခုခေတ်မှာ အရငကနဲ့ မတူတာတွေ တွေ့ရပြန်သေးတယ်။ 

တယောက်က ကောင်းတာကို လိုက်ကောင်းကြတယ်။ 

တယောက်က ဘာစားရင် ဘယ်လိုဖြစ်ဆိုတာကို အဟုတ်ထင်ပြီး ရှောင်စရာမဟုတ်တာ ရှောင်ကြတယ်။

တချို့က စားရာတွေကို ကြောငြာကြတယ်။ ပုံကြည့်လို့တော့ လှပါရဲ့ လက်တွေစားမဖြစ်တာမျိုးလည်း တွေ့ရတတ်တယ်။ အင်မတန်စပ်တဲ့ ရွှေလံဘို ၄-၅ တောင့်ထည့်တားတယ်။ အစပ်အဟပ် မမှန်တာကို မော်ဒယ်က စားပြသလိုလို။ ယိုးဒယားအမည်တပ်တော့ ပိုကောင်းသလိုလို။ ဟုတ်ရဲ့လား။

တချို့ စားစရာ အမည်ပေးဆန်းရင် ကောင်းသတဲ့။ ဟုတ်ရဲ့လား။ အမည်တချို့ကလည်း မမှန်။ ရမ်းပေးထားတာတွေ။ 

ကင်ဆာနဲ့ ကိုဗစ်မှာ ဘယ်သွားရှာရမှန်းမသိတဲ့ ပန်းပွင့်တို့ ပေါင်းပင်တို့ကို ဆေးနည်းပေးကြတယ်။ တယောက်ပြီးတယောက်က တင်ကြတယ်။ ရောင်းကြ ဝယ်ကြတယ်။ အမည်စာလုံးပေါင်း မှန်အောင် မရေးတတ်တာလည်း ဆေးတဲ့။

အခုခေတ်မှာ ယဉ်ကျေးမှုတွေ ရောထွေးလာတယ်။ အရောကောင်းရင် စားကောင်းတယ်။ တချို့က ထင်ရာရောကြတယ်။ မကောင်းပါ။ 

မန္တလေးနန်းကြီးမုံတီထဲ ရှောက်ရွက်၊ ပူဒီနံ၊ ရှမ်းနံနံ၊ တရုပ်နံနံတွေထည့်တာ မသင့်မှန်ပါ။ ကောင်းတဲ့သူတွေက ကောင်းသတဲ့။

မုံ့ဟင်းခါး နေရာဒေသအလိုက်တော့ မတူပါ။ သူ့ဟာနဲ့သူတော့ ကောင်းပါတယ်။ ကြက်သွန်နီဥတွေ အများကြီးနဲ့ ငုံးဥတွေထည့်တော့ ကြာဆံဟင်းဖြစ်သွားရော။

ရှမ်းစာ၊ ကရင်စာ၊ မွန်စာတွေကို မြန်မာမှုပြုတော့ ပုံပျက်ရော။

ရခိုင်မုံ့တီကို အညာလိုချက်တော့ ဖေါ်မြူလာပျက်ရော။ ကောင်းတဲ့သူတွေက ကောင်းသတဲ့။

မုံ့ဟင်းခါးထဲ ပဲသီး၊ ပဲရွက်ထည့်စားတာ သူ့အမည်နဲ့ သူ့ဒေသနဲ့သာ ကိုက်ညီတယ်။ အညာမှာ အဲလိုတော့ မစားပါ။ 

အညာသားတွေ ဟိုရောက်ဒီရောက် ရောက်ကုန်ကြတော့ ဟိုဟာဒီဟာတွေသာ စားကြတော့တယ်။

ဆီမပါဟင်း သူ့အခါ သူ့နေရာနဲ့သူတော့ ကောင်းပါတယ်။ ဆီပြန်၊ ဆီလည်ရေလည်ချက်မှ ကောင်းတာတွေလည်း ရှိတယ်။ ကာလသားချက်ဆိုပြီး ဆီပြန်တွေ အသားလုံးတွေထည့်တော့ ပုံသေနည်းပျက်ရော။

ကောင်းမယ်ထင်တာတွေ ထည့်တိုင်းလည်း စားမကောင်းပါ။

ဟင်းခတ်အမွှေးအကြိုင်တွေကို တကမ္ဘာလုံးမှာ အမျိုးမျိုး သုံးကြတယ်။ မတူပါ။ သူ့နေရာနဲ့သူ တည့်မှန်ရတယ်။ အကြိုက်လည်း အတော် မတူပါ။ မကြိုက်တဲ့သူက အနံ့လေးနည်းနည်းရတာနဲ့ မစားချင်တော့။ ကြိုက်တဲ့သူတွေက အဝေးကတည်းက မွှေးနေပြီ။

တချို့ကလည်း ရှယ်စာလုံးပါရင် အလွန်ကောင်းသတဲ့။ ဂွကျတယ်။

စားတတ်ကြပါစေသတည်း။

Top 15 Super Healthy Foods To Eat Every Day

ဒေါက်တာတင့်ဆွေ

Comments