Skip to main content

စု နှင့် ဆု မှားနေသည်စု နှင့် ဆု မှားနေသည်

ပုံပို့ပေးသူ ကျေးဇူး။

နောက်တယောက်ကတော့ တဝမ်းပူမှန်သမျှကို ဖေါခြင်းသောခြင်းစသတ်တဲ့ပုံပို့တယ်။ သူ့အမှားစာကို ကြော်ငြာသလိုဖြစ်နေမှာစိုးလို့ တင်ပြခြင်းမပြုတော့ပါ။

၁။ မင်္ဂလာ နှစ်သစ်ပါ။ စုမွန်ကောင်း ပို့သလိုက်ပါသည်ခင်ဗျာ။ ဆုတောင်းစာ အကုန်မထည့်တော့ပါ။ သတ်ပုံမှားနေတယ်။ ဆုမွန်ကောင်းလို့ ရေးရတယ်။ အင်္ဂလိပ်နှစ်သစ်ကနေ နှစ်ကုန်အထိ၊ မြန်မာနှစ်သစ်ကနေ နှစ်ကုန်အထိ ဆုတောင်းစာတွေလာတယ်။ မကြာခဏလာတဲ့ တရားစာတွေမှာလည်း သတ်ပုံတွေမှားနေတယ်။ နှစ်တွေသာကူးတယ် အမှားတွေကို မပြင်ကြပါ။

စု = စုစည်း၊ စုတေ၊ စုပုံ၊ စုပြုံ၊ စုဘူး၊ စုရုံး၊ စုလစ်မွမ်းချွန်၊ စုလျားရစ်ပတ်။

ဆု = ဆုတောင်း၊ ဆုထူးပန်၊ ဆုလာဘ်။

၂။ ဆရာနှင့်ဆရာမိသားစုအသက်ရှည်ကျန်းမာချမ်းသာကြပါစေလို့ စုတောင်းပေးပါတယ် (ဆုတောင်းလို့ရေးရတယ်)

၃။ ဆုတောင်း၊ စုတောင်း၊ ဘယ်စကားလုံးအမှန်ဖြစ်ပါသလဲ။ (ဆုတောင်းလို့ရေးရတယ်)

၄။ ဆရာ နေကောင်းလား နေကောင်းပါစေ စုတောင်းနေပါတယ်

ဟုတ်။ ဆုတောင်းလို့ ရေးရ။

၅။ ဆုပေါင်းကထိန် တဲ့။ စုပေါင်းကထိန်လို့ ရေးရတယ်။

စုပေါင်းလယ်ယာ၊ စုပေါင်းသမဝါယမ စတဲ့စုပေါင်းဝေါဟာရကို ဆိုရှယ်လစ်ခေတ်မှာ တွင်တွင်သုံးခဲ့တယ်။ မြန်မာစာကို သတ်ပုံပြင်တာလည်း အဲဒီခေတ်ကစတယ်။ အမိန်န့်နဲ့ ပြင်ထားသလိုသာ ရေးခိုင်းတာက စစ်အစိုးရခေတ်ကစတယ်။ အခုလည်း တကိုတစ်လုပ်ရင်ပြီးရော၊ ကျန်တာဘယ်လိုရေးရေး။ ဆိုင်းဘုတ်မှာရေးလည်း ရတယ်။ မြန်မာစာဟာ ဆိုရှယ်လစ်ခေတ်နဲ့ အင်နယ်လ်ဒီခေတ်နဲ့ အတူတူ။ စစ်အစိုးရခေတ်နဲ့ အတူတူ။

စု

စုစည်း၊

စုစုပေါင်း။ 

စုတိစိတ်။

စုတေသည်။

စုပြုံ၊

စုပုံ၊

စုပေါင်းအိမ်ယာ။

စုဘူး။

စုရပ်သို့ကြွရောက်ပါ။

စုရုံးရောက်ရှိ။

စုလစ်မွမ်းချွန်၊

စုလျားရစ်ပတ်။

ပိုက်ဆံစုပါ။

လူစုလူဝေး။

ဆု

ဆုတောင်းသည်။

ဆုထူးပန်။

ဆုပန်သည်။

ဆုလာဘ်။

တောင်းဆုဆန္ဒ။

ပဌမဆု။

ပထမဆု။

စုလစ်မွန်ချွန်ကို အခုခေတ်သတ်ပုံစာအုပ်တွေမှာ စုလစ်မွမ်းချွန်လို့တွေ့ရတယ်။ နန်းတော်၊ ကျောင်းတော်၊ ဇရပ် တန်ဆောင်း၊ အမိုးပြာဿာဒ်တွေမှာ တန်ဆာဆင်းထားတဲ့ အထွတ်ကိုခေါ်ပါတယ်။

ဆုထူးရွယ် U Ba Nyut https://www.youtube.com/watch?v=54mWJQj_Y9E

ဒေါက်တာတင့်ဆွေ

Comments