Skip to main content

လိပ်ခုံးခမ်းမ နှင့် လိပ်ကြီးပက်လက်လှန်ထားသလိုဖြစ်နေသော ပညာအဆင့်အတန်း

လိပ်ခုံးပါလားဟေ့နဲ့ အစချီထားတဲ့ ဆရာဋ္ဌေးရေးထားတဲ့စာကို DVB TV News ဖတ်ရတယ်။ ကျေးဇူး။

ဟိုအရင်က လိပ်ခုံးခမ်းမ မှာအဆင့်မြင့်ပညာဦးစီးဌာနဆိုတဲ့ အဆောက်အအုံရှိတယ်။ အဆင့်မြင့်ပညာဆီကို လိပ်ကလေးရဲ့ အလျင်နှုန်းနဲ့ သွားနေတာကိုး။

 အမေရိကန် အာကာသယာဉ်မှူးတဦးတောင် အာကာသပျံသန်းရေး အတွေ့အကြုံ ဟောပြောပွဲ ကျင်းပခဲ့သေးတယ်။ အင်းလျားဆောင်သူတွေရဲ့ မြန်မာ့ရိုးရာ ဆင်ယဉ်ထုံးဖွဲ့မှုပြပွဲ၊ နိုင်ငံတကာ စာတတ်မြောက်ရေး အထိမ်းအမှတ်ပွဲ၊ ပန်းချီပြပွဲ၊ စကားရည်လုပွဲ စတာတွေ ကျင်းပခဲ့ဖူးတယ်။ လိပ်ခုံးခန်းမ အဝင်ဝမှာတော့ ဗဂျီအောင်စိုးရဲ့ လက်ရာတရပ်ဖြစ်တဲ့ အလွန်လက်ရာမြောက်တဲ့ ဒေါင်းရုပ်ပန်းချီကားချပ်ကြီးရှိတယ်။ လိပ်ခုံးရယ် ဒေါင်းရယ် ပျားအုံသဏ္ဌာန် အဆောက်အအုံရယ်နဲ့ အလွန်ပဏာရလှပတင့်လို့ သောဘဏရသနဲ့ပြည့်စုံတဲ့ နေရာအဖြစ် တချိန်က ကမ္ပည်းတင်ခံရတဲ့ နေရာလေးပေါ့။

၁၉၅၄ မတ်လ ၃ ရက်နေ့မှာ ဝန်ကြီးချုပ် ဦးနုက အုတ်မြစ်ချပေးခဲ့တာ။ ၁၉၆၄ ထဲရောက်တော့ တက္ကသိုလ်ရဲ့ ပညာရေးစနစ်ဟောင်း ချုပ်ငြိမ်းသွားပြီး ဆေးတက္ကသိုလ် (၁) အဖြစ် ပြောင်းလဲသွားခဲ့ရပါတော့တယ်။ ၁၉၉၀ ခုနှစ် ရောက်တော့ လိပ်ခုံးအဆောက်အုံကြီးကို ကျပ် ၂၅ သိန်း ၁ သောင်းနဲ့ ရောင်းစားလိုက်တယ်။ ဆောင်းဘောက်မလိုဘဲ ရေနဲ့ အသံထိန်းညှိတဲ့ လိပ်ခုံးခန်းမ ရှိခဲ့ဖူးတယ်ဆိုတာ ဒဏ္ဍာရီတခုပင် ဖြစ်နေပါတော့တယ်လို့ အဆုံးသတ်ထားတယ်။

အထင်ကရ အသုံးကျခဲ့ အသုံးချခဲ့တဲ့ လိပ်ခုံးခမ်းမကြီး ဘဝဇာတ်သိမ်းခန်းဟာ တိုင်းပြည်အတွက်ပါ ရင်နာစရာ။ 

တဆက်တည်းမှာ မြန်မာစာသတ်ပုံကို ပေါ်လစီနဲ့ ပြင်ထားတယ်။ အင်္ဂလိပ်စာကိုလည်း မြန်ဂလိပ်လုပ်ထားတယ်။ 

ပညာအဆင့်အတန်းဟာ လိပ်ကြီး ပက်လက်လှန်ထားသလို။ လူတွေက ပက်လက်က အမှန်လို့ ထင်ကုန်ကြရော။ 

တချို့က ပက်သက် တဲ့။ တချို့က ပတ်သတ် တဲ့။ တချို့က ပက်သက် တဲ့။ သပြေတခက်နဲ့ နံ့သာစက်ဖြင့်၊ ဖျန်းပက်လိမ်းကျံ ပန်းလှပန်နှင့်။

ကသတ်/တသတ်/ပသတ် ဆိုင်ရာ အလွဲ ၁၀၀ https://dr-tint-swe.blogspot.com/2022/01/blog-post_274.html

ပတ်သက် စပ်လျဉ်း https://dr-tint-swe.blogspot.com/2022/05/blog-post_488.html

မြန်မာစာကတော့ လိပ်ကြီး ပက်လက်လှန်ထားသလို https://dr-tint-swe.blogspot.com/2022/06/blog-post_596.html

ပတ်သက်ကို မှားရေးတာတွေ အတော်ကို များတယ် https://dr-tint-swe.blogspot.com/2022/07/blog-post_595.html

Supine Position ပက်လက်လန် https://dr-tint-swe.blogspot.com/2021/07/supine-position.html

ဒေါက်တာတင့်ဆွေ

၃၀-၁၁-၂၀၁၈

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ