တောက်တဲ့
နေမင်းပူပူ ခေါင်တိုင်ခေါင်းက
မိုးရေတောင်းတဲ့ ကိုဟဝါ
ပိန်းလှရွက်လို သူ့အသားက
ပြောက်တောက်ကျားတား ဝါတာတာ
တောက်တဲ့ဆိုတာ သူမှုတ်လားကွဲ့
တို့အိမ်နားလဲ တကောင်ပါ
မိုးလေခေါ်ကာ တနွေလုံးပ
မိုးတွေချုန်းလို့ လေတွေလာ
မိုးပါ လေပါ။ ။
အခုတော့ တကောင်၊ တနွေ စာလုံးတွေလည်း နာဂစ်နဲ့ ၂၀၀၈ ထဲ ပါသွားပါလေရော။
၁၉၈၆ ခုနှစ်ကတည်းက ခွေးတကောင် ကြာင်တမြီး မရှိရတော့ပါ။ မြန်မာပြည်ကြီး သန့်ရှင်းသပ်ရပ်နေပြီတဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment