Skip to main content

ဌ ဋ္ဌ ဠ

ပုံပို့ပေး ရေးပြသူ = ဠ နဲ့ ဌ အမြဲမှားကြသည်

သူဠေးကြီး အသံထွက် သူလေးဂျီး

မေးခွန်းတခု = ဆရာရေ ဒီ pageမှာ ဌ နဲ့ ဠ အကြောင်းတွေကိုပြောနေတာအမှန်လာအမှားလားဝေဖန်ပေးတဲ့ post တစ်ခု(တခု)လုပ်ပေးပါအုံးဗျ

https://www.facebook.com/share/r/173QYexyhL/

ဌ နဲ့ ဠ အကြောင်း မဟုတ်ပါ။

ဌ နဲ့ ဋ္ဌ အကြောင်း ဖြစ်ပါတယ်။

မေးခွန်းတခု = ဆရာရှင့် ဌ မှာ လည်ရစ်ပါတာနဲ့ မပါတာ ဘာကွာပါသလဲရှင့်

မေးခွန်းတခု = ဆရာ ဋ္ဌ ကဘာစာလုံလဲဗျ

ကွန်မင့်တခု = ဋ္ဌ ထဝမ်းဘဲလို့ခေါ်ပါတယ်။ ဠ ဒါကတော့ လကြီးလို့ခေါ်ပါတယ်။

တချို့ဖုန်းတွေမှာ ယူနီကုတ်နဲ့ ဋ္ဌ ရိုက်ရတာခက်တယ်လို့ပြောကြတယ်။ ကျွန်တော်ကတော့ ကွန်ပြူတာကနေသာ ရိုက်တယ်။

ဌ နဲ့ ဋ္ဌ မတူပါ။

ဋ္ဌ = ထဝမ်းဘဲ မဟုတ်ပါ။ အကိုးအကားတခု တင်ပြပါမယ်။

ဌဝမ်းဘဲ ဒါမှမဟုတဌဝင်ဘဲမှာ လည်ရစ်မပါတဲဌဝမ်းဘဲနဲလည်ရစ်ပါတဲ့ဋ္ဌ ဆိုပြီး နှစ်မျိုးရှိပါတယ်။

လုံးဆင့်ရေးနေရငနေရာကျယ်မှာစိုးလိုနှစ်လုံးပေါင်းပြီး အကျဉ်းချုံး ရေးပါတယ်။ အပေါ်က င လိုပုံစံလေးကတောနှစ်မျိုးစလုံး အတူတူဖြစ်တဲ့ အတွက် အဲဒီ င သဏ္ဌာန်လေးကို သူ့အတိုင်းယူပါတယ်။ ဋဆီကနေတော့ လည်ရစ်ကိုယူပြီး ဌ ဆီကတော့ ဟထိုးသဏ္ဌာန်လေးကို ယူလိုက်တဲ့အခါ ဋ နဲ့ ဌ နှစ်မျိုးပေါင်းထားတဲ့ ဋ္ဌအက္ခရာ ဖြစ်လာပါတယ်။

လည်ရစ်မပါတဲဌဝမ်းဘဲကတော့ ရိုးရိုးဌဝမ်းဘဲပါ။

အဲဒီလည်ရစ်ပါတဲ့ ဌဝမ်းဘဲ (ဋ္ဌ) ကိုပဲပါဠိလိုသံယုဂ်ပါတဲဌဝမ်းဘဲ လို့လည်းခေါ်ပါသေးတယ်။

ဌဝမ်းဘဲဟာ ဝေါဟာရတလုံးရဲ့ ရှေ့ဆုံးစာလုံး ဖြစ်နေရင်တော့ အဲဒီဌဝမ်းဘဲဟာ လည်ရစ် မပါဘူးဆိုတာ လုံးဝသေချာတယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် ဌာနဆိုတဲ့ စကားလုံးဟာ လည်ရစ်မပါတာ သေချာပါပြီဌာနကနေ ဆင်းသက်လာတဲ့ ဌာန်ကရိုဏ်းမှာလည်း လည်ရစ် မပါပါဘူး။ ဌာပနာ ဆိုရင်လည်း လည်ရစ်မပါပါဘူး။ ဌာယိဘာဝ ဆိုရင်လည်း လည်ရစ် မပါပါဘူး။ ဥပါဒ်ဌီဘင် တို့မှာ သုံးတဲ့ ဌီဟာလည်း လည်ရစ်မပါပါဘူး။ ရာထူး ဌာနန္တရမှာ သုံးတဲ့ ဌာနန္တရမှာလည်း လည်ရစ်မပါပါဘူး။

ဌဝမ်းဘဲလည်ရစ်ပါတဲ့ စာလုံးတချို့ကို ပြောရရင်တော့ ဆဋ္ဌမ၊ အဋ္ဌမ၊ သမ္မာဓိဋ္ဌိ၊ ရှင်မဟာရဋ္ဌသာရ ၊ အဓိဋ္ဌာန်၊ သန္နိဋ္ဌာန်၊ ပြဋ္ဌာန်း၊ ပဋ္ဌာန်း စတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အများကြီး ရှိပါတယ်။ (ကိုသိမ်းမြတ် အလင်္ကာပုလဲပန်း အစီအစဉ် ၁၈ ဇန်နဝါရီ ၂၀၁၈)

မေးခွန်းများ

၁။ ဒုဌဝတီ ဆိုင်းဘုတ် - ဒုဋ္ဌဝတီလို့ ရေးရတယ်။

၂။ ဆရာ ရေ ပဟေဠိနဲ့ ပဟေဋ္ဌိ ကို အဖြေညှိပေးပါဦး

၃။ ကမ္မဠာန်းတောရကျောင်းကထိန်လို့ရေးထားတဲ့ ပို့စ်တခုတွေ့ပါတယ်။ မှားနေတယ်။ ကမ္မဌာန်းလို့ရေးရတယ်။

၄။ ရှေ့မှာ စာလုံးပါနေရင် ဋ္ဌ ဖြစ်တယ်။ ဥပမာ ပြဋ္ဌာန်း။ ပြဋ္ဌာန်းမှာ ပျတ်လို့အသံထွက်ရတယ်။ အစဆုံးရေးရင် ဌ ဖြစ်တယ်။ ဥပမာ ဌာန။

၅။ ဆရာ ပြဌာန်းလား၊ ပြဋ္ဌာန်းပါလားဆရာ။

၆။ ဆရာရှင့် ဌ နှင့် ဋ္ဌ အက္ခရာကို မည်သည့်အကြောင်းရာများတွင် ခွဲခြား ရေးသားကြပါသလဲ။

၇။ ပထမလို့ဘဲသိခဲ့တာ ပဋ္ဌမဆိုတာ ပဋ္ဌမံဆရာသိန်း။ အာ့လိုနာမည်မျိုးဘဲသိခဲ့ရတာ။

၈။ ဥက္ကဋ္ဌ ကို ဥက္ကဠ လို့ရေးထာတာတွေ့လို့ တင်ပါတယ်။ ကွန်မင့်တခုလည်းရတယ်။ တချို့ဆို လည်ရစ်ပါရမယ့်နေရာတွေမှာတောငလည်ရစ်တောင်မပါဘူးဆရာ ဌဝမ်းဘဲကို ပြီးစလွယ်သုံးလာကြတာတွေ တွေ့နေရလို့ ဌာန ပဋ္ဌာန်း

ပဟေဠိ၊ ဝေဠုဝန်ကျောင်းတော်။ ပကတိ၊ ပကာပျဉ်၊ ပခုံး၊ ပခြုပ်၊ ပစိ၊ ပစပ်၊ ပဆုပ်၊ ပနီကောင်၊ မိလိန္ဒပဥှာ၊ ပညာသည်၊ ပညောင်ပင်၊ ပညတ်၊ ပဋိညာဉ်၊ ပဋိပက္ခ၊ ပဋိပတ်၊ ပဋိသန္ဓာရစကား၊ ပဋိစ္စသမုပ္ပာဒ်တရား၊ ပဏာမ၊ ပတဲကောပင်၊ ပတတ်ရပ်၊ ပဌမ၊ ပထမ၊ ပထွေး၊ ပဒုမ္မာကြာ၊ ပဓာနကျ၊ ပနံစား၊ ပနံရ၊ ပနံသင့်၊ ပမာဏအတိုင်းအတာ၊ ပမာမခန့်၊ ပယောဂ၊ ပယင်းရောင်၊ ပရဆေး၊ ပရမာဏုမြူ၊ ပရမတ်တရား၊ ပရဝဏ် (ပရိဝုဏ်)၊ ပရိကံ၊ ပရိနိဗ္ဗာန်၊ ပရိယေသန၊ ပရိယတ်၊ ပရိယာယ်ဝေဝုစ်၊ ပရိသတ်၊ ပရိက္ခရာ၊ ပရိတ်ချည်၊ ပရိတ်မွှန်း၊ ပရုတ်၊ ပင်၊ ပရန္နဝါပင်၊ ပရမ်းပတာ၊ ပလီစိချောက်ချက်၊ ပလူပျံ၊ ပလေကတ် လုံချည်၊ ပလက်တီနမ်၊ ပလာစတာ၊ ပလတ်စတစ်၊ ပလိတ်ပြား၊ ပလုတ်ကျင်း၊ ပလုတ်တုတ်၊ ပလုတ်ပလောင်းစား၊ ပလပ်ထိုး၊ ပလိပ်ရောဂါ၊ ပလုံးတောင်း၊ ပလွေ၊ ပဝါ၊ ပဝါရဏာပွဲ၊ ပဝေဏီရှေးကာလ၊ ပဝတ္တိအရပ်၊ ပသိရောင်ရောဂါ၊ ပသျှူးချုပ်၊ ပဟေဠိ၊ ပဟိုရ်စည်။

ဋ္ဌ နဲ့ ဌ အသုံးနေရာ မတူပါ။ မြန်မာစာ ဗျည်းအက္ခရာ (၃၃) လုံးထဲမှာသာပါတယ်။ ဋ္ဌ မပါ။

စစ်အစိုးရခေတ်မှာထုတ်ထားတဲ့ မြန်မာအဘိဓာန်စာအုပ်ထဲမှာ ပြဌာန်းရော ပြဋ္ဌာန်းပါ မတွေ့ပါ။ ဌာန၊ ဌာနချုပ်၊ ဌာနေ၊ ဌာနန္တရ၊ ဌာပနာ လို့သာပါတယ်။ ခရီးဆောင်မြန်မာအဘိဓာန်မှာတော့ ပြဋ္ဌာန်း = ပျတ်ထန်၊ ပျာ့ထန် အသံထွက်ကြောင်းပါတယ်။ (ကြိ) ဥပဒေစသည်တို့ကို သတ်မှတ်ပေးသည်။ ကျွန်တော့်အမြင် ပဋ္ဌမံဆရာသိန်းက နာမည်အရသူသဘောကျတာကို စာလုံးပေါင်းထားတယ်။ တခြားလူတွေလည်း ကိုယ့်နာမည်ကို ကြိုက်သလို ပေါင်းကြတယ်။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) မှာ ပြဋ္ဌာန်းလို့ပါတယ်။

သင်ပုန်းကြီးသစ်စာတခုမှာ (ဠ) နေရာမှာ (ဋ္ဌ) လို့ မှားပြီးရိုက်နှိပ်ထားတာတခု တွေ့လိုက်တယ်။ (ဌ) နဲ့ (ဋ္ဌ) အသုံးလည်း ရောထွေးနေတယ်။ မြန်မာစာ ဗျည်းအက္ခရာ (၃၃) လုံးထဲမှာသာပါတယ်။ ဋ္ဌ မပါ။ ပဋ္ဌာန်း ရေးကြတာ ရောင်စုံတွေ၊ ဘုရားပုံတွေနဲသတ်ပုံက မှားနေတာက များတယ်။

၁၃၁၆ (၁၉၅၄) ခုနှစ်ထုတ် ဦးစံချစ်ရေးသားတဲ့ ကဝိဓဇသတ်ပုံကျမ်းမှာတောဌာန်း = ကမ္မဌာန်းပဌာန်းပါဠိပြဌာန်းသညလို့ပါတယ်။ ဌာန် = ဌာန်ကရိုဏ်း၊ ပြဌာန်း၊ အဓိဌာန်၊ သန္နိဋ္ဌာန်လို့ပါတယ်။ ၁၉၆၂ ခုနှစ်ထုတဦးသာမြတ်ရေးသားတဲမြန်မာစာရေးထုံးကျမ်းထဲမှာတောဌာန်း = ကမ္မဌာန်းပြဌာန်းသည်၊ ပြဌာန်းချက်စာအုပ် လို့ပါတယ်။ ခရီးဆောင်မြန်မာအဘိဓာန်မှာ ပြဋ္ဌာန်း = ပျတ်ထန်၊ ပျာ့ထနအသံထွက်ကြောင်းပါတယ်။ (ကြိ) ဥပဒေစသည်တို့ကို သတ်မှတ်ပေးသည်။ လက်ရှိသုံးနေတဲမြန်မာအဘိဓာန်ထဲမှာ ပြဌာန်းရော ပြဋ္ဌာန်းပါ မတွေ့ပါ။ ဌာန၊ ဌာနချုပ်၊ ဌာနေဌာနန္တရဌာပနာ လို့သာပါတယ်။

ကမ္မဌာန်း (ကမ္မဋ္ဌာန်း)

ကျန်းမာရေးဌာန

ကိုယ်သဏ္ဌာန်

ဌပနာတိုက်

ဌာနချုပ

ဌာနစိတ

ဌာနန္တရ

ဌာနပိုင်မင်း

ဌာနမှူး

ဌာနီ

ဌာန်ကရိုဏ်းက

ဌာန်ကုန

ဌာပနာ (ပါဠိ = ဌပန = ထားခြင်း)

ဌာပနာတိုက်

ဌီ (ဥပါဒ်၊ ဌီ၊ ဘင်)

နေရာဌာန

ပဌမ (ပါဠိ) = တခုမြောက်

ပဌမ (ပါဠိ) နဲ့ ပထမ (သက္ကတ) မူကွဲတွေဖြစ်တယ်။ နှစ်မျိုးလုံးမှန်တယ်။

ပဌာန်းပါဠိ

ပထမ = (သကတ္တ ခေါ် သင်္သသကြိုကခေါ် ဆန်းစ်ခရငခေါ် သင်္သကရိုက်) = တခုမြောက

ပုံသဏ္ဌာန

မိုးလေဝဿဌာန (ယခင်သုံး)

ရာထူးဌာနန္တရ

ဝတ်ဌာနာ

သဏ္ဌာန် (ပုံပန်း၊ လုံးရပ်၊ အသွင်အပြင်)

သန္တာကျောက်တန်း

သန္တာန် (အစဉ်အဆက်)၊

သန္ဓေကောင်း

သန္ဓေတားဆေး

ကုဋ္ဌနူနာ

ဆဋ္ဌမ

ဒိဋ္ဌ

ပဋ္ဌာန်း

ရွှေမုဋ္ဌော

သန္နိဋ္ဌာန်၊

သန္နိပတ်၊

သန္နိပါတ်နာ

သူဌေး (သူဋ္ဌေး)

သူဌေးသူကြွယ်

အဋ္ဌကထာ

အဋ္ဌမ

အဋ္ဌာရသအတတ်

ပြဋ္ဌာန်း

ဥက္ကဋ္ဌ (ကဝိဓဇ သတ်ပုံကျမ်း) = လူကြီး

ဥက္ကဋ္ဌ (ပါဠိ) = လွန်ကဲသည်။ လွန်မြတ်သည်။ ထူးမြတ်သည်။

ကွန်မင့်များ (ကျေးဇူး)

၁။ ဌ နှင့် ဋ ကို ပေါင်းလိုက်ရငဋ္ဌ ဖြစ်တယ်၊ ဒါက ပါဠိသဒ္ဒါစည်းမျဉ်း။ ပါဠိစာပေမှာ ဋ္ဌ လို့ ရေးထားရင် အဲဒီ ဋ္ဌ ထဲမှာ ဌ နှင့် ဋ ပါဝင်တယ်။

၂။ ဋ္ဌ အသုံးကို ဿ လိုပဲမှတ်ခဲ့တယ်။ ဥပမာ အဋ္ဌမ အဋ္ဌကထာ ပိဿာ ပြဿနာ။ ငှ ကို ဌ(ထ)ရေးနေကြတာမှားသလို ဋ္ဌ(ထ) နဲ့ ဠ(လ)ကိုလုံးဝမမှားသင့်ဘူး

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ