Skip to main content

သူတို့ခေတ်

မေးခွန်းတခု = AI ကဥာဏ်ရည်တု နည်းပညာဆိုတော့ သက်ရှိလူလိုမှန်မှန်ကန်ကန်မသိတာရယ် ဖြည့်မတွေးပေး(တွေးမပေး)တာရယ် နောက်ပြီး မြန်မာစာကို စာလုံးပေါင်းသတ်ပုံ မမှန်ပဲဖြစ်သလိုရေးနေကြလို့ အဲ့လိုပုံတွေ ထွက်လာတယ်လို့ ထင်မိပါတယ်ခင်ဗျာ။ ပြန်ဖြေပေးစေချင်ပါတယ်ဗျ။

ဟုတ်။ လက်တန်း ဖြေပါရစေ။

မြန်မာစာ သဒ္ဒါ၊ ဝါကျ၊ ယတိဘေဒ၊ ဝါစင်္က၊ စာလုံးပေါင်း၊ သတ်ပုံတွေအကြောင်းတော့ ထောင်ဂဏန်း တင်ပြထားပါတယ်။

AI ဖြစ်ဖြစ် Google ဖြစ်ဖြစ်မှာက သိုမှီးထာတဲ့ 'ဒေတာ' တွေအရ ထုတ်ယူဖြေပေးပါတယ်။

သိုမှီးထာတဲ့ 'ဒေတာ' တွေက မှန်နေရင် မှန်တဲ့အဖြေတွေ ထွက်လာမယ်။

မြန်မာလိုရေးထားတဲ့ သန်းပေါင်းများစွာသော  'ဒေတာ' တွေရှိတယ်။် အဲဒီ အချက်အလက်တွေက ဘယ်လောက် မှန်သလဲ။ သုတေသနလုပ်လို့ မရလောက်အောင် ခဲယဉ်းတယ်။

မြန်မာလိုရေးထားသမျှထဲမှာ စာလုံးပေါင်းသတ်ပုံ ဘယ်နှစ်ရာခိုင်နှုန်း မှန်သလဲ၊ ဆန်းစစ်မှုလုပ်ရတာ အခက်ကြီးတော့ မဟုတ်ပါ။ အခုထိတော့ 'ဆာဗေး' လုပ်တာ မတွေ့ဘူးသေးပါ။

ကျွန်တော့ အတွေ့အကြုံအရ လက်တန်း ကောက်ချက်ဆွဲလို့ ရတာရှိတယ်။ မှန်တာ အလွန်နည်းပြီး၊ အမှန်တာ အဆမတန် များတယ်။ ၈၀-၉၀% သတ်ပုံ မမှန်ပါ။ ကန်တော့ + ဆောရီး။

အချက်အလက်တွေကိုတော့ ကျွန်တော်က မသိပါ။

အင်္ဂလိပ်လို Overwhelmed ဖြစ်နေကြတယ်။ အားလုံးကို လွှမ်းမိုးထားမှု များလွန်းနေတယ်။

အဲဒီ 'ဒေတာ' တွေကနေ 'အေအိုင်' နဲ့ 'ဂူဂယ်လ်' တို့က ထုတ်ယူအဖြေ ပေးနေတယ်။

'အေအိုင်' နဲ့ 'ဂူဂယ်လ်' တို့က ဝတ္ထုတွေ၊ 'သီးဆစ်' တွေ၊ လျှောက်လွှာတွေ၊ 'စတိုရီ' တွေ ရေးပေးနေပါတယ်။ အလုပ်အကိုင်တွေရ၊ ဘွဲ့လွန်တွေရ၊ ပစ္စည်းတွေ ရောင်းကောင်းနေတယ်။

'အက်ပ်' တွေ၊ 'အွန်လိုင်း' စာကြည့်တိုက်တွေ၊ 'အွန်လိုင်း' စာအုပ်တွေ၊ 'အွန်လိုင်း' စာလုံးပေါင်းသတ်ပုံ၊ 'ပီဒီအက်ဖ်ဖိုင်' တွေ လုပ်နေကြတယ်။

မှန်တာ ၁၀-၁၅% ထက်မပိုလောက်ပါ။ ဒါပေမဲ့ အလုပ်ဖြစ်နေကြတယ်။ 

'ဝီကီပီးဒီးယား' မှာ မှန်တာရော မမှန်တာတွေပါ ပါနေတယ်။ ပြင်ပေးလို့တော့ ရပါသတဲ့။ မှန်နေတာကို မှားအောင်လည်း ပြင်လို့ရတဲ့သဘော။

ပေစာ၊ ကျောက်စာ၊ ပုံနှိပ်စာအုပ်တွေ ခြစားနေပြီ။ 

စာအုပ်ကိုင်ဖတ်သူတွေက အသက် ၄၀ အောက်လည်း ရှေးလူကြီးတွေ။ 

သူတို့ဖတ်တဲ့စာအုပ်တွေက အသစ်တွေဖြစ်ဖြစ် ပြန်ထုတ်ဖြစ်ဖြစ် သတ်ပုံမှန်တာ ၁၀% ထက်နည်းတယ်။ 

'ဂူဂယ်လ်' နဲ့ 'အေအိုင်' ကနေ ထုတ်လုပ်ပေးတဲ့ ဆရာကြီး၊ ဆရာမကြီး၊ ပညာရှင်ကြီးတွေ များများလာနေတယ်။

သူတို့ခေတ်။

Overwhelmed? Do These 5 Things Today

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ