Skip to main content

Olax scandens လဲလူရွက်

လဲလူရွက်ဆိုတာ ဘယ်လို အရွက်လဲ ဆရာ မမြင်ဘူးလို့
မူရင်းဒေသမှာ အိန္ဒိယ၊ အင်ဒိုချိုင်းနား၊ မလေးရှား၊ ဂျာဗား၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်သည်။
အသီးနှင့်အရွက်ကို ဆေးဝါးအတွက်သာမက အစားအသောက်အဖြစ်လည်း စားသုံးနိုင်သည်။ အရွက်နုနှင့် အညွှန့်ကို တို့စရာ(သို့) ဟင်းရည်ကျိုချက်၍လည်းစားသုံးနိုင်သလို အသီးကိုလည်းစားနိုင်သည်။ ယေဘုယျအားဖြင့် ဝမ်းချုပ်ခြင်း၊ ပြည်တည်နာ၊ သွေးအားနည်းခြင်း၊ ဆီးချိုရောဂါ၊ ဖျားနာခြင်းနှင့် အခြားရောဂါအမျိုးမျိုးအတွက် အရွက်ကို ဟင်းသီးဟင်းရွက်ပုံစံချက်ပြုတ်စားကြသည်။
လဲလူပင်ကို မိုးတွင်းပိုင်း အထက်အညာဒေသတွင်ပေါများစွာတွေ့ရပြီး ဧရာဝတီတိုင်း ကျိုက်လတ်ဘက်တွင်လည်း တွေ့ရသည်။ ရန်ကုန်မြို့အနီး ထောက်ကြန့်နှင့် လှည်းကူးမြို့နယ်ဘက်မှာလည်း တွေ့နိုင်သည်။ အရပ်ဒေသကိုလိုက်၍ " လဲလူနှင့် ရှင်ပါကူ" ဟူ၍ အခေါ်အဝေါ်မတူကြောင်းတွေ့ရသည်။
မြန်မာဆေးကျမ်းများထဲတွင် "အသည်းအူ လဲလူ" ဆိုပြီးရေးသားထားကြောင်းတွေ့ရသည်။ "လဲလူဖိုမ၊ ရှင်ကပစ္စည်း၊ ရှင်ပါကူ" ဆိုပြီး အမည်ကွဲများလည်းရှိသည်။ အသည်းနှင့် အူအတွက် လဲလူပင်က အကောင်းဆုံး ဆေးတမျိုးဖြစ်ပြီး မြန်မာ့စွယ်စုံကျမ်းထဲတွင် "လဲလူဖို၊ လဲလူမ၊ တောင်လဲလူပင်၊ လဲလောပင်" ဟူ၍ရေးသားထားသည်။
လဲလူပင်၏ ဂုဏ်နှင့်စွမ်းရည်ကို အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်ထဲတွင် -
- အလွန်အဖျားကြီး၍ သွေးဖောက်ပြန်ခြင်းကို နိုင်၏။
- အပူကိုငြိမ်းစေ၏။
- သွေးဆိုးများကို အကောင်းဖြစ်စေရန် ပြုပြင်တတ်၏။
- ကျောက်၊ ဝက်သက်စသည်တို့ပေါက်ရောက်ခြင်းကို အရွက်ကို ပြုတ်၍လည်းကောင်း၊ ဟင်းချိုချက်၍လည်းကောင်း အသုံးပြုနိုင်၏ဟူ၍ ရေးသားဖော်ပြထားသည်။
ကူးယူတင်ပြတာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပြည်တွင်းမှာနေစဉ်က ဟင်းရွက်စုံဟင်းချိုထဲမှာ ပါတယ်လို့ထင်တယ်။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ