Skip to main content

Your Name My Name နာမည်စာလုံးပေါင်း

မြန်မာလို နွဲ့ ကို English လိုဘယ်လို ရေးရလဲဆရာ။ ကျေဇူးတင်ပါတယ်ဆရာ။

မြန်မာအသံထွက်အတိုင်း အင်္ဂလိပ်လို အတိအကျ မရနိုင်တာများတယ်။ နွဲ့သံလို့ အင်္ဂလိပ်စာမှာ မရှိပါ။ နီးစပ်တာပဲ ပေါင်းကြရတယ်။ ထုံးစံက Nwe တဲ့။ နွယ်ကိုလည်း အဲလိုပေါင်းတယ်။ အတိအကျ မရနိုင်။ 

Nwet လို့ပေါင်းတာတွေ့လို့ စိတ်ထဲဘဝင်မကျလို့ပါဆရာ။ Tint Swe မဟုတ်ဘူးလားဆရာ။

Nwet ကို တကယ့်အင်္ဂလိပ်တွေကိုဖတ်ခိုင်းရင် N ကို ဆိုင်းလင့်ထားပြီး ဝက်တ်လို့ထွက်မယ်။ ဆောရီး။ 

ကျွန်တော်နာမည် Tint ကိုလည်း တင့်လို့ မှန်အောင်မထွက်ကြပါ။ အသံထွက်ပြောပြရင် တင့်သံထွက်ခေါ်ကြတယ်။

နာမည်စာလုံးပေါင်းအတွက် အင်္ဂလိပ်လိုပေါင်းနည်း စနစ်ထားတာရှိတယ်။ Ka က၊ Kha ခ၊ စတာတွေကို သတ်မှတ်ထားခဲ့တယ်။ စနစ်ထားတာတော့ ကောင်းပါတယ်။ လက်တွေ့မှာ အဆီအငေါ်မတည့်တာတွေ တွေ့ရတယ်။ နမူနာတွေက အများကြီး၊ တခြားကိုမပေးတော့ပါ။ Swe ကို ထွက်စေချင်သလို ဘယ်သူမှ မထွက်တတ်ပါ။ ဆွီးသံနဲ့ တူတယ်။သူတို့ မမှားကြပါ။ Sway ဆိုရင် ဆွေးသံနဲ့ အဓိပ္ပါယ်ရှိတဲ့စာလုံး။ တိမ်းသည်၊ ယိမ်းသည်ဖြစ်မယ်။

Myanmar ကို သူများတွေက မှန်အောင်မထွက်နိုင်ကြပါ။ My နဲ့ စတဲ့စာလုံးမို့ (မိုင်) သံနဲ့ (မိုင်ယန်မာ) လို့ဘဲ ထွက်တယ်။ Kyi ကိုလည်း မှန်အောင်မထွက်တတ်ကြပါ။ အိန္ဒိယ-အင်္ဂလိပ်မှာ R သံကို ပီပီသသထွက်ကြတယ်။ Doctor ဆိုရင် ဒေါက်တားရ်လို့ ထွက်ကြတယ်။ အိန္ဒိယနေတဲ့ ရွှေမြန်မာတွေအတော်များများလည်း အင်္ဂလိပ်စကားထဲမှာ မဆလာနံ့ ပါနေတယ်။

မြန်မာစာ က-ခ-ဂ-ဃ-င တွေရဲ့အသံထွက်တွေက ဟင်ဒီစာကနေလာတယ်။ ဒါမှမဟုတ် ဆက်စပ်နေတယ်။

Devanāgarī alphabet for Hindi Vowels and vowel diacritics http://www.omniglot.com/writing/hindi.htm

Ka, kha, ga, gha, na, ca, cha, ta, tha, da, dha, na, ta, tha, pa, pha, ba, bha, ma, ya, ra, ṡa, ṣa, sa, ha

ကျွန်တော်တို့က ငပိသံ။ နောက်တော့ မြန်မာစာရော အင်္ဂလိပ်စာကိုပါ ငြိမ်ဝပ်ပိပြားသတ်ပုံတွေ ပြောင်းခိုင်းလိုက်တယ်။ လက်ရှိမြန်ဂလိပ်ဆိုတာ လိပ်နဲ့တူတယ်။ သူများဆီသွားရင် မဖေါ်ရဲဘူး။ အမေရိကမှာ မြန်မာပြည်ကကျောင်းသားတွေ အသံထွက်မမှန်သေးတာကို မကဲ့ရဲ့ကြပါ။ ပြည်တွင်းမှာ အရင်က အင်္ဂလိပ်အသံထွက်မှန်ရင် ဘိုရူးလို့ကဲ့ရဲ့ကြတယ်။ ဗိုလ်တွေအုပ်ချုပ်စဉ်ကတည်းကပါ။

မြန်မာစကားလို ပီသမှန်ကန်အောင်၊ အင်္ဂလိပ်စာကိုလည်း ပီသမှန်ကန်အောင်၊ ပြောဆိုရေးသားဘို့ ကြိုးပမ်းသင့်ပါတယ်။ ဘာသာစာပေစောင့်ဥပဒေ ပေါ်ပါစေ။

ဒေါက်တာတင့်ဆွေ

၁၀-၁၁-၂၀၁၇

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ